ယေန႔ကစားမည့္ ဥေရာပလိဂ္ပြဲစဥ္မ်ား ပြဲႀကိဳသုံးသပ္ခ်က္

ဝုလ္ဗ္ – လက္စတာ (စေနနံနက္ ၂:၃၀ နာရီ)

ဝုလ္ဗ္က ဥေရာပဝင္ခြင့္တစ္ေနရာအတြက္ ဆက္လက္တိုက္ပြဲဝင္သြားမွာျဖစ္ၿပီး လက္စတာကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေသခ်ာသေလာက္ရွိေနတဲ့အေျခအေနကေန တျဖည္းျဖည္း ေလ်ာ့က်လာတာေတြ႕ရတယ္။ ဝုလ္ဗ္က အခုအခ်ိန္မွာ (၃၅)မွတ္နဲ႔အဆင့္ (၉)ေနရာမွာသာရွိေပမယ့္ အဆင့္(၅)ေနရာက ရွက္ဖီးယူနိုက္တက္နဲ႔ (၄)မွတ္ပဲကြာၿပီး ဒီပြဲမွာ အနိုင္ရခဲ့ရင္ ေမၽွာ္လင့္ခ်က္ပိုအားေကာင္းလာမယ္။ ဝုလ္ဗ္ကို ႀကိဳက္တယ္။

ဗလင္စီယာ – အက္သလက္တီကို (စေနနံနက္ ၂:၃၀ နာရီ)

ဗလင္စီယာက အိမ္ကြင္းမွာ ရႈံးပြဲလုံးဝမရွိေသးဘူး။ အက္သလက္တီကိုကလည္း အေဝးကြင္းနိုင္ပြဲရဖို႔ အေတာ္ေလး အားထုတ္ေနရတဲ့အသင္းျဖစ္ေနတယ္။ ဒါေပမဲ့ ဒီ(၂)သင္းရဲ့ ၂၀၂၀ ခုႏွစ္အတြင္း ေျခစြမ္းပိုင္းကေတာ့ အားရစရာ မရွိၾကေသးတာခ်င္း မကြာလွပါဘူး။ ဗလင္စီယာကလည္း အိမ္ကြင္းမွာ ရႈံးပြဲမရွိေသးေပမယ့္ အေဝးကြင္းမွာ ပုံပ်က္ပန္းပ်က္ အရႈံးေတြနဲ႔ရင္ဆိုင္ေနရတာ (၂)ပြဲေတာင္ရွိေနလို႔ ဗလင္စီယာရဲ့ေျခစြမ္းကို ပုံမွန္တြက္လို႔မရေသးဘူး။ အက္သလက္ တီကိုကလည္း ၿပီးခဲ့တဲ့ပြဲစဥ္ (၂၃)မွာ နိုင္ပြဲျပန္ရခဲ့ေပမယ့္ အေဝးကြင္းမွာေတာ့ ဂိုးရဖို႔ခက္ေနေသးတာနဲ႔အတူ နိုင္ပြဲလည္း ေဝးေနတာၾကာပါၿပီ။ ဒါေပမဲ့အခုေနာက္ပိုင္းပြဲေတြမွာ အက္သလက္တီကိုအသင္း ခံစစ္ပိုင္းက ဂိုးေတြမေပးရေအာင္ ေတာင့္ခံကစားေနတာေတြ႕ရလို႔ ဗလင္စီယာအတြက္လည္း ဂိုးရဖို႔ အေတာ္ေလးႀကိဳးစားရမွာပါ။ ဗလင္စီယာခံစစ္ကလည္း အိမ္ကြင္းမွာဆို မာေက်ာတတ္လို႔ ဒီပြဲက ႏွစ္သင္းစလုံး ထိန္းထိန္းသိမ္းသိမ္းကစားဖို႔မ်ားေနတယ္။ ဂိုးနည္းသေရပြဲပဲထင္တယ္။

unicode

ဝုလ်ဗ် – လက်စတာ (စနေနံနက် ၂:၃၀ နာရီ)

ဝုလ်ဗ်က ဥရောပဝင်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လက်စတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသလောက်ရှိနေတဲ့အခြေအနေကနေ တဖြည်းဖြည်း လျော့ကျလာတာတွေ့ရတယ်။ ဝုလ်ဗ်က အခုအချိန်မှာ (၃၅)မှတ်နဲ့အဆင့် (၉)နေရာမှာသာရှိပေမယ့် အဆင့်(၅)နေရာက ရှက်ဖီးယူနိုက်တက်နဲ့ (၄)မှတ်ပဲကွာပြီး ဒီပွဲမှာ အနိုင်ရခဲ့ရင် မျှော်လင့်ချက်ပိုအားကောင်းလာမယ်။ ဝုလ်ဗ်ကို ကြိုက်တယ်။

ဗလင်စီယာ – အက်သလက်တီကို (စနေနံနက် ၂:၃၀ နာရီ)

ဗလင်စီယာက အိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးဘူး။ အက်သလက်တီကိုကလည်း အဝေးကွင်းနိုင်ပွဲရဖို့ အတော်လေး အားထုတ်နေရတဲ့အသင်းဖြစ်နေတယ်။ ဒါပေမဲ့ ဒီ(၂)သင်းရဲ့ ၂၀၂၀ ခုနှစ်အတွင်း ခြေစွမ်းပိုင်းကတော့ အားရစရာ မရှိကြသေးတာချင်း မကွာလှပါဘူး။ ဗလင်စီယာကလည်း အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးပေမယ့် အဝေးကွင်းမှာ ပုံပျက်ပန်းပျက် အရှုံးတွေနဲ့ရင်ဆိုင်နေရတာ (၂)ပွဲတောင်ရှိနေလို့ ဗလင်စီယာရဲ့ခြေစွမ်းကို ပုံမှန်တွက်လို့မရသေးဘူး။ အက်သလက် တီကိုကလည်း ပြီးခဲ့တဲ့ပွဲစဉ် (၂၃)မှာ နိုင်ပွဲပြန်ရခဲ့ပေမယ့် အဝေးကွင်းမှာတော့ ဂိုးရဖို့ခက်နေသေးတာနဲ့အတူ နိုင်ပွဲလည်း ဝေးနေတာကြာပါပြီ။ ဒါပေမဲ့အခုနောက်ပိုင်းပွဲတွေမှာ အက်သလက်တီကိုအသင်း ခံစစ်ပိုင်းက ဂိုးတွေမပေးရအောင် တောင့်ခံကစားနေတာတွေ့ရလို့ ဗလင်စီယာအတွက်လည်း ဂိုးရဖို့ အတော်လေးကြိုးစားရမှာပါ။ ဗလင်စီယာခံစစ်ကလည်း အိမ်ကွင်းမှာဆို မာကျောတတ်လို့ ဒီပွဲက နှစ်သင်းစလုံး ထိန်းထိန်းသိမ်းသိမ်းကစားဖို့များနေတယ်။ ဂိုးနည်းသရေပွဲပဲထင်တယ်။

ခ ရက္ ဒစ္ Eleven Sports

Add a Comment

Your email address will not be published. Required fields are marked *