လိပ္ က ေလး ဘာေပကို ဆက္ထိန္းထားနိုင္ရန္အတြက္ အခြန္ေဆာင္ၿပီး လစာေငြ တစ္ႏွစ္ ယူရိုသန္း(၅၀)အထိေပးရန္ PSG စီစဥ္

ျပင္သစ္ထိပ္သီးကလပ္အသင္းတစ္သင္းျဖစ္သည့္ PSG အသင္းသည္ ၎တို႔အသင္း၏ ၾကယ္ပြင့္ကစားသမား ဘာေပအား ဆက္လက္ထိန္းထားနိုင္ရန္အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ စီစဥ္ေနၿပီး လစာေငြကိုလည္း အခြန္ေဆာင္ၿပီး လစာေငြတစ္ႏွစ္ ယူရို သန္း(၅၀)အထိ ေပးေခ်သြားရန္ အသင့္ရွိေနေၾကာင္း သိရွိရသည္။

PSG အသင္းႏွင့္ အလြန္နီးစပ္သည့္ သတင္းရစ္ျမစ္မ်ား၏ ေဖာ္ျပခ်က္ကို ကိုးကားကာ AS သတင္းစာက ေဖာ္ျပခဲ့ရာတြင္ စာခ်ဳပ္သစ္ကို ယူရို-၂၀၂၀ မတိုင္ခင္ ခ်ဳပ္ဆိုရန္စီစဥ္ထားၿပီး ယင္းေနာက္ကြယ္တြင္ မဟာဗ်ဴဟာေျမာက္သည့္ ေျခလွမ္းတစ္ခုရွိေနသည္ဟုလည္း သိရွိရသည္။

PSG အသင္းပိုင္ရွင္ျဖစ္သည့္ Qatar Sports Investments သည္ ကာတာနိုင္ငံတြင္ က်င္းပမည့္ ၂၀၂၂ ကမၻာ့ဖလားမတိုင္မီအထိ ဘာေပကို ထိန္းထားနိုင္ရန္ ရည္ရြယ္ထားၿပီး ဘာေပကို ေရာင္းထုတ္ျဖစ္လၽွင္ပင္ ယင္းကာလေက်ာ္ခ်ိန္မွသာ စတင္စဥ္းစားမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ဘာေပသည္ လက္ရွိအခ်ိန္တြင္ PSG အသင္း၌ တစ္ႏွစ္လစာ ယူရို(၁၅)သန္း ရရွိေနၿပီး ယင္းပမာဏမွာ ယူရိုသန္း(၁၈၀)ပမာဏျဖင့္ မိုနာကိုအသင္းထံမွ PSG အသင္းထံသို႔ ေျပာင္းေရႊ႕လာစဥ္ကရသည့္ တစ္ႏွစ္ ယူရို(၁၂)သန္းထက္ (၃)သန္းသာပိုမ်ားေသးသည္။

လက္ရွိအခ်ိန္တြင္ စပိန္ထိပ္သီးကလပ္အသင္းႀကီးတစ္သင္းျဖစ္သည့္ ရီးယဲလ္မက္ဒရစ္အသင္းက ဘာေပကို ေခၚယူရန္အတြက္ စိတ္ဝင္စားေနၿပီး ဘာေပကိုယ္တိုင္မွာလည္း PSG အသင္းမွထြက္ခြာရန္ စဥ္းစားေနသည္ဟု သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ PSG အသင္းက ယင္းကဲ့သို႔ စီစဥ္ခဲ့ျခင္းျဖစ္သည္။

PSG အသင္း၏ အားကစားဒါရိုက္တာျဖစ္သူ လီယိုနာဒိုကလည္း မၾကာေသးမီကမွ “ဘာေပက လက္ရွိေဘာလုံးေလာကရဲ့ထိပ္ဆုံး(၄)ဦးစာရင္းဝင္သူပါ။ ဒီစာရင္းမွာလည္း တစ္ဦးက (၃၅)ႏွစ္၊ တစ္ဦးက (၃၂)ႏွစ္၊ တစ္ဦးက (၂၈)ႏွစ္ျဖစ္ၿပီး ဘာေပက အခုမွ (၂၁)ႏွစ္ပဲရွိပါေသးတယ္။ သူ႔ကို ကၽြန္ေတာ္တို႔ လုံးဝမေရာင္းနိုင္ပါဘူး”ဟု ေျပာၾကားခဲ့သည္။

unicode

ပြင်သစ်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် PSG အသင်းသည် ၎င်းတို့အသင်း၏ ကြယ်ပွင့်ကစားသမား ဘာပေအား ဆက်လက်ထိန်းထားနိုင်ရန်အတွက် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေပြီး လစာငွေကိုလည်း အခွန်ဆောင်ပြီး လစာငွေတစ်နှစ် ယူရို သန်း(၅၀)အထိ ပေးချေသွားရန် အသင့်ရှိနေကြောင်း သိရှိရသည်။

PSG အသင်းနှင့် အလွန်နီးစပ်သည့် သတင်းရစ်မြစ်များ၏ ဖော်ပြချက်ကို ကိုးကားကာ AS သတင်းစာက ဖော်ပြခဲ့ရာတွင် စာချုပ်သစ်ကို ယူရို-၂၀၂၀ မတိုင်ခင် ချုပ်ဆိုရန်စီစဉ်ထားပြီး ယင်းနောက်ကွယ်တွင် မဟာဗျူဟာမြောက်သည့် ခြေလှမ်းတစ်ခုရှိနေသည်ဟုလည်း သိရှိရသည်။

PSG အသင်းပိုင်ရှင်ဖြစ်သည့် Qatar Sports Investments သည် ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်မီအထိ ဘာပေကို ထိန်းထားနိုင်ရန် ရည်ရွယ်ထားပြီး ဘာပေကို ရောင်းထုတ်ဖြစ်လျှင်ပင် ယင်းကာလကျော်ချိန်မှသာ စတင်စဉ်းစားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဘာပေသည် လက်ရှိအချိန်တွင် PSG အသင်း၌ တစ်နှစ်လစာ ယူရို(၁၅)သန်း ရရှိနေပြီး ယင်းပမာဏမှာ ယူရိုသန်း(၁၈၀)ပမာဏဖြင့် မိုနာကိုအသင်းထံမှ PSG အသင်းထံသို့ ပြောင်းရွှေ့လာစဉ်ကရသည့် တစ်နှစ် ယူရို(၁၂)သန်းထက် (၃)သန်းသာပိုများသေးသည်။

လက်ရှိအချိန်တွင် စပိန်ထိပ်သီးကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းက ဘာပေကို ခေါ်ယူရန်အတွက် စိတ်ဝင်စားနေပြီး ဘာပေကိုယ်တိုင်မှာလည်း PSG အသင်းမှထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် PSG အသင်းက ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။

PSG အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုကလည်း မကြာသေးမီကမှ “ဘာပေက လက်ရှိဘောလုံးလောကရဲ့ထိပ်ဆုံး(၄)ဦးစာရင်းဝင်သူပါ။ ဒီစာရင်းမှာလည်း တစ်ဦးက (၃၅)နှစ်၊ တစ်ဦးက (၃၂)နှစ်၊ တစ်ဦးက (၂၈)နှစ်ဖြစ်ပြီး ဘာပေက အခုမှ (၂၁)နှစ်ပဲရှိပါသေးတယ်။ သူ့ကို ကျွန်တော်တို့ လုံးဝမရောင်းနိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။

ခ ရက္ ဒစ္ Eleven Sports

Add a Comment

Your email address will not be published. Required fields are marked *