အဂၤလန္ၾကယ္ပြင့္ကို မျဖစ္မေနေခၚယူဖို႔ ေတာင္းဆိုလိုက္တဲ့ ယူနိက္တဒ္ ကစားသမားေဟာင္း

မန္ခ်က္စတာယူနိက္တဒ္ ရဲ႕ ေတာင္ပံကစားသမားေဟာင္းျဖစ္သူ လီရွပ္ က ေဒါ့မြန္အသင္းရဲ႕ အဂ္လန္‌ေတာင္ပံကစားသမားျဖစ္သူ ေဂ်ဒန္ဆန္ခ်ိဳ ကို မျဖစ္မေနေခၚယူသင့္တယ္လို႔အႀကံေပးလိုက္ပါတယ္။ ၿပိဳင္ဘက္ ခ်ဲလ္ဆီး အသင္း က ဟာကင္မ္းဇီယခ္် ကို ေခၚယူသြားၿပီ ျဖစ္သလို လီဗာပူလ္း အသင္းကလည္း တိုက္စစ္အတြက္ တီမိုဝါနာ ကိုသာေခၚယူႏိုငိေခ်မ်ားေနတာေၾကာင့္ ယခုခ်ိန္မွာ ဆန္ခ်ိဳအတြက္ ၿပိဳင္ဘက္ကင္း အေနထားေရာက္ရွိေနတဲ့ မန္ယူနိက္တဒ္ အေနနဲ႔ အခြင့္အေရးကိုလက္လႊတ္မခံပဲ မျဖစ္မေန အသုံးခ်ရလိမ့္မယ္လို႔ ကစားသမားေဟာင္းႀကီးကသတိေပးခဲ့ပါတယ္။

လီရွပ္က ” ခုလက္ရွိမွာဆန္ခ်ိဳက ေဘာလုံးေလာကရဲ႕အတိုးတက္ဆုံးကစားသမားတစ္ေယာက္ပါပဲ။သူကလအနည္းေလာက္ေကာင္းေနတဲ့ကစားသမားမဟုတ္ဘူးေလ။အခုဆိုသူကရာသီအနည္းငယ္ေလာက္ေတာင္မွ ေျခးစြမ္းဆ္ႀတိဳက္ျပၿပီးေနၿပီေလ။သူ႔မွာေျခစြမ္း တည္ၿငိမ္မႈ႕ရွိတယ္ဆိုတာကိုဆက္တိုက္ျပသထားႏိုင္ၿပီမဟုတ္လား။အပတ္တိုင္းမွာသူ႔ေျခစြမ္းကအျမင့္ဆုံးရွိေနတာေလ။ယူနိက္တဒ္အတြက္ သူက အသင္းလိုက္ျဖစ္ေစ အုပ္စုလိုက္ျဖစ္ေစ ဘယ္ေနရာမဆိုးတိုးတက္ေစႏိုင္လို႔ မျဖစ္မေနကိုခ်ိတ္ဆက္ရပါလိမ့္မယ္။ ”

” သူကသိပ္ေကာင္းတဲ့ကစားသမားျဖစ္သလို သူ႔အတြက္ယူနိက္တဒ္မွာအလြယ္တကူ အံဝင္ေစႏိုင္မွာပါ။လူငယ္ကစားသမားတစ္ေယာက္အတြက္ ဒီလိုေျခစြမ္းတသတ္မတ္ထဲ ကစားႏိုင္ဖို႔ကသိပ္ခက္ခဲပါတယ္။ဒါေပမယ့္သူကေတာ့ ႏွစ္စဥ္ဒါကိုလုပ္ျပႏိုင္ၿပီး အခြင့္အေရးေတြလည္းဖန္တီးႏိုင္ပါတယ္။ေနာက္ခံလူေတြကိုလည္း႐ူးသြပ္ေအာင္လုပ္ႏိုင္သလို လွပတဲ့သြင္းဂိုးေတြနဲ႔အတူ သူကၿပီးျပည့္စုံတဲ့ကစားသမားျဖစ္ေနပါၿပီ။”

” သူ႔ရဲ႕အလုပ္ႀကိဴးစားမႈ႕နဲ႔အလုပ္ေပၚထားတဲ့စိတ္ဓာတ္က အံဖြယ္ရာေကာင္းသလို သူ႔လိုကစားသမားက ယူနိက္တဒ္အတြက္မျဖစ္မေနလိုအပ္တဲ့ ကစားသမားမ်ိဳးပါပဲ။ဆန္ခ်ိဳကို ေနာက္ရာသီမွာ သူတိူ႔ရခဲ့ရင္ အိုးထရဒ့္ဖိုဒ့္ မီးေရာင္က သူ႔ကစားဟန္ေပၚမွာပဲက်ေရာက္ေနမယ္ဆိုတာက်ေနာ္ က်ိမ္ေျပာရဲပါတယ္” လို႔ဆိုပါတယ္။

Unicode

မန်ချက်စတာယူနိက်တဒ် ရဲ့ တောင်ပံကစားသမားဟောင်းဖြစ်သူ လီရှပ် က ဒေါ့မွန်အသင်းရဲ့ အဂ်လန်‌တောင်ပံကစားသမားဖြစ်သူ ဂျေဒန်ဆန်ချို ကို မဖြစ်မနေခေါ်ယူသင့်တယ်လို့အကြံပေးလိုက်ပါတယ်။ ပြိုင်ဘက် ချဲလ်ဆီး အသင်း က ဟာကင်မ်းဇီယခ်ျ ကို ခေါ်ယူသွားပြီ ဖြစ်သလို လီဗာပူလ်း အသင်းကလည်း တိုက်စစ်အတွက် တီမိုဝါနာ ကိုသာခေါ်ယူနိုငိချေများနေတာကြောင့် ယခုချိန်မှာ ဆန်ချိုအတွက် ပြိုင်ဘက်ကင်း အနေထားရောက်ရှိနေတဲ့ မန်ယူနိက်တဒ် အနေနဲ့ အခွင့်အရေးကိုလက်လွှတ်မခံပဲ မဖြစ်မနေ အသုံးချရလိမ့်မယ်လို့ ကစားသမားဟောင်းကြီးကသတိပေးခဲ့ပါတယ်။

လီရှပ်က ” ခုလက်ရှိမှာဆန်ချိုက ဘောလုံးလောကရဲ့အတိုးတက်ဆုံးကစားသမားတစ်ယောက်ပါပဲ။သူကလအနည်းလောက်ကောင်းနေတဲ့ကစားသမားမဟုတ်ဘူးလေ။အခုဆိုသူကရာသီအနည်းငယ်လောက်တောင်မှ ခြေးစွမ်းဆ်တြိုက်ပြပြီးနေပြီလေ။သူ့မှာခြေစွမ်း တည်ငြိမ်မှု့ရှိတယ်ဆိုတာကိုဆက်တိုက်ပြသထားနိုင်ပြီမဟုတ်လား။အပတ်တိုင်းမှာသူ့ခြေစွမ်းကအမြင့်ဆုံးရှိနေတာလေ။ယူနိက်တဒ်အတွက် သူက အသင်းလိုက်ဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ဘယ်နေရာမဆိုးတိုးတက်စေနိုင်လို့ မဖြစ်မနေကိုချိတ်ဆက်ရပါလိမ့်မယ်။ ”

” သူကသိပ်ကောင်းတဲ့ကစားသမားဖြစ်သလို သူ့အတွက်ယူနိက်တဒ်မှာအလွယ်တကူ အံဝင်စေနိုင်မှာပါ။လူငယ်ကစားသမားတစ်ယောက်အတွက် ဒီလိုခြေစွမ်းတသတ်မတ်ထဲ ကစားနိုင်ဖို့ကသိပ်ခက်ခဲပါတယ်။ဒါပေမယ့်သူကတော့ နှစ်စဉ်ဒါကိုလုပ်ပြနိုင်ပြီး အခွင့်အရေးတွေလည်းဖန်တီးနိုင်ပါတယ်။နောက်ခံလူတွေကိုလည်းရူးသွပ်အောင်လုပ်နိုင်သလို လှပတဲ့သွင်းဂိုးတွေနဲ့အတူ သူကပြီးပြည့်စုံတဲ့ကစားသမားဖြစ်နေပါပြီ။”

” သူ့ရဲ့အလုပ်ကြိူးစားမှု့နဲ့အလုပ်ပေါ်ထားတဲ့စိတ်ဓာတ်က အံဖွယ်ရာကောင်းသလို သူ့လိုကစားသမားက ယူနိက်တဒ်အတွက်မဖြစ်မနေလိုအပ်တဲ့ ကစားသမားမျိုးပါပဲ။ဆန်ချိုကို နောက်ရာသီမှာ သူတိူ့ရခဲ့ရင် အိုးထရဒ့်ဖိုဒ့် မီးရောင်က သူ့ကစားဟန်ပေါ်မှာပဲကျရောက်နေမယ်ဆိုတာကျနော် ကျိမ်ပြောရဲပါတယ်” လို့ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *