အူဘာမီယန်းအား ခေါ်ယူရန် အင်တာမီလန်အသင်း စီစဉ်






unicode

အင်တာမီလန်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အီတလီမီဒီယာများ၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းသည် အသင်းတိုက်စစ် က စား သ မား လော်တာရိုမာတီနက်ဇ်ကို ဆုံးရှုံးရမည်ဆိုပါက အူဘာမီယန်းဖြင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။

အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ် က စား သ မား လော်တာရိုမာတီနက်ဇ်မှာ စပိန်ထိပ်သီးကလပ်များဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းကို စွန့်ခွာဖွယ်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ် ထွက်ခွာသွားပါက ၎င်းနေရာ အစားထိုးရန် တိုက်စစ် တစ်ဦး ရှာဖွေနေပြီး အာဆင်နယ်တိုက်စစ် က စား သ မား အူဘာမီယန်းမှာ အင်တာမီလန်နည်းပြ ကွန်တီ သဘောကျသည့် ကစားသမားဖြစ်ကြောင်း သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ် က စား သ မား အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်ခွဲကျန်ရှိနေသော်လည်း လာမည့်ရာသီတွင် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေသူဖြစ်သည်။

ခ ရက် ဒစ် Eleven Sports

Add a Comment

Your email address will not be published. Required fields are marked *