ေဒါ့မြန္ႏွင့္ပြဲတြင္ ေနမာ ပါဝင္ကစားနိုင္ရန္ မေသခ်ာေၾကာင္း တူဟယ္လ္ ေျပာၾကား

PSG နည္းၿပ တူဟယ္လ္က ေဒါ့မြန္အသင္းႏွင့္ ကစားမည့္ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္တြင္ အသင္းတိုက္စစ္မႉး ေနမာ ပါဝင္ကစားနိုင္ရန္ မေသခ်ာဟု ေျပာၾကားခဲ့သည္။

ေနမာသည္ ေမာင့္ပယ္လီယာ အသင္းႏွင့္ပြဲတြင္ နံရိုးဒဏ္ရာရရွိခဲ့ၿပီး PSG အသင္း၏ ၿပိဳင္ပြဲစုံ ေနာက္ဆုံးပြဲစဥ္(၃)ပြဲကို လြဲေခ်ာ္ထားသည္။

တူဟယ္လ္က “ကၽြန္ေတာ္တို႔အေနနဲ႔ ေနမာရဲ့ အေနအထားကို ေစာင့္ၾကည့္ေနဆဲပါပဲ။ ဒါေပမဲ့ သူ႔အေနနဲ႔ ေဒါ့မြန္နဲ႔ပြဲမွာ ျပန္ကစားနိုင္ဖို႔ မေသခ်ာပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ေနမာကို စြန႔္စားၿပီး အသုံးျပဳဖို႔ေတာ့ မရွိပါဘူး။ အာမီယန္စ္နဲ႔ပြဲမွာေတာ့ သူ ေသခ်ာေပါက္မပါပါဘူး”ဟု ေျပာၾကားခဲ့သည္။

အသက္ (၂၈)ႏွစ္အရြယ္ရွိ ဘရာဇီးလ္တိုက္စစ္ က စား သ မား ေနမာသည္ ယခုရာသီတြင္ PSG အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၈)ပြဲတြင္ (၁၅)ဂိုး သြင္းယူထားသည္။

PSG အသင္းသည္ ခ်န္ပီယံလိဂ္ရႈံးထြက္ (၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ေဖေဖာ္ဝါရီ (၁၈)ရက္တြင္ ေဒါ့မြန္အသင္းကို အေဝးကြင္း၌ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။

unicode

PSG နည်းပြ တူဟယ်လ်က ဒေါ့မွန်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်တွင် အသင်းတိုက်စစ်မှူး နေမာ ပါဝင်ကစားနိုင်ရန် မသေချာဟု ပြောကြားခဲ့သည်။

နေမာသည် မောင့်ပယ်လီယာ အသင်းနှင့်ပွဲတွင် နံရိုးဒဏ်ရာရရှိခဲ့ပြီး PSG အသင်း၏ ပြိုင်ပွဲစုံ နောက်ဆုံးပွဲစဉ်(၃)ပွဲကို လွဲချော်ထားသည်။

တူဟယ်လ်က “ကျွန်တော်တို့အနေနဲ့ နေမာရဲ့ အနေအထားကို စောင့်ကြည့်နေဆဲပါပဲ။ ဒါပေမဲ့ သူ့အနေနဲ့ ဒေါ့မွန်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ မသေချာပါဘူး။ ကျွန်တော်တို့အနေနဲ့ နေမာကို စွန့်စားပြီး အသုံးပြုဖို့တော့ မရှိပါဘူး။ အာမီယန်စ်နဲ့ပွဲမှာတော့ သူ သေချာပေါက်မပါပါဘူး”ဟု ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ် က စား သ မား နေမာသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၁၅)ဂိုး သွင်းယူထားသည်။

PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ (၁၈)ရက်တွင် ဒေါ့မွန်အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *