ေရာ္နယ္ဒိုနဲ႔ တြဲဖက္ကစားနိုင္တယ္လို႔ ေျပာဆိုခဲ့တဲ့ ဘာစီလိုနာၾကယ္ပြင့္

ဘာစီလိုနာမွာပုံမွန္ေနရာရဖို႔ ခက္ခဲေနတဲ့ ရာကီတစ္ကို ဂ်ဴဗင္တပ္စ္က ေခၚယူဖို႔စိတ္ဝင္စားေနခ်ိန္မွာ ကစားသမားဘက္က အခုလိုမ်ိဳး ထုတ္ေဖာ္ေျပာဆိုမႈျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ့ကြင္းလယ္ က စား သ မား တစ္ဦးျဖစ္တဲ့ ရာကီတစ္က သူ႔အေနနဲ႔ ဂ်ဴဗင္တပ္စ္မွာ ေရာ္နယ္ဒိုနဲ႔ တြဲဖက္ကစားနိုင္တယ္လို႔ အရိပ္အႁမြက္ေျပာဆိုလိုက္ပါတယ္။ ဘာစီလိုနာမွာပုံမွန္ေနရာရဖို႔ ခက္ခဲေနတဲ့ ရာကီတစ္ကို ဂ်ဴဗင္တပ္စ္က ေခၚယူဖို႔စိတ္ဝင္စားေနခ်ိန္မွာ ကစားသမားဘက္က အခုလိုမ်ိဳး ထုတ္ေဖာ္ေျပာဆိုမႈျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

Bleacher Report နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ရာကီတစ္ကေျပာဆိုသြားခဲ့တာလည္းျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုက ေဘာလုံးေလာကရဲ့ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္တယ္လို႔လည္း ရာကီတစ္က ဖြင့္ဟေျပာဆိုခဲ့ၿပီး ေရာ္နယ္ဒိုရဲ့ကစားပုံကို ေစာင့္ၾကည့္တဲ့အခ်ိန္တိုင္းမွာ ေက်နပ္မႈရွိတယ္လို႔လည္း ဆိုခဲ့ပါတယ္။

“သူနဲ႔ တြဲမကစားနိုင္စရာအေၾကာင္းမရွိပါဘူး၊ သူက ေဘာလုံးေလာကရဲ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ၊ သူကစားတာကို ၾကည့္ရတိုင္းမွာ တကယ္ကိုေက်နပ္ရပါတယ္၊ အခု ဂ်ဴဗင္တပ္စ္မွာ သူ ဘာေတြလုပ္ျပေနလဲဆိုတာကို အားလုံးလည္းေတြ႕မွာပါ၊ ကၽြန္ေတာ့္အတြက္ေတာ့ သူက သမိုင္းတစ္ေလၽွာက္အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါပဲ” လို႔ ရာကီတစ္က ေျပာဆိုသြားခဲ့ပါတယ္။

ေနမာကို ဘာစီလိုနာက ျပန္လည္ေခၚယူဖို႔စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနခဲ့ၿပီး အဆိုပါအေၾကာင္းအရာနဲ႔ပတ္သက္ၿပီးေတာ့ ရာကီတစ္ကို ေမးျမန္းခဲ့ရာမွာလည္း “ပထမဦးဆုံးအေနနဲ႔ သူသာ အသင္းမွာရွိေနမယ္ဆိုရင္ အရမ္းေကာင္းမြန္မွာပါ၊ ဘယ္အရာက သူ႔အတြက္အေကာင္းဆုံးလဲဆိုတာကို သူ ဆုံးျဖတ္ရမွာပါ၊ သူက ကၽြန္ေတာ့္အတြက္ သူငယ္ခ်င္းေကာင္းလည္းျဖစ္ၿပီး သူ ေပ်ာ္ရႊင္ေနတာကိုပဲ ကၽြန္ေတာ္ျမင္ခ်င္ပါတယ္၊ သူက အေကာင္းဆုံးေတြထဲကတစ္ဦးပါ” လို႔ ရာကီတစ္က ေျဖဆိုခဲ့ပါတယ္။

unicode

ဘာစီလိုနာမှာပုံမှန်နေရာရဖို့ ခက်ခဲနေတဲ့ ရာကီတစ်ကို ဂျူဗင်တပ်စ်က ခေါ်ယူဖို့စိတ်ဝင်စားနေချိန်မှာ ကစားသမားဘက်က အခုလိုမျိုး ထုတ်ဖော်ပြောဆိုမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ကွင်းလယ် က စား သ မား တစ်ဦးဖြစ်တဲ့ ရာကီတစ်က သူ့အနေနဲ့ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားနိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာမှာပုံမှန်နေရာရဖို့ ခက်ခဲနေတဲ့ ရာကီတစ်ကို ဂျူဗင်တပ်စ်က ခေါ်ယူဖို့စိတ်ဝင်စားနေချိန်မှာ ကစားသမားဘက်က အခုလိုမျိုး ထုတ်ဖော်ပြောဆိုမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

Bleacher Report နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရာကီတစ်ကပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ရာကီတစ်က ဖွင့်ဟပြောဆိုခဲ့ပြီး ရော်နယ်ဒိုရဲ့ကစားပုံကို စောင့်ကြည့်တဲ့အချိန်တိုင်းမှာ ကျေနပ်မှုရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။

“သူနဲ့ တွဲမကစားနိုင်စရာအကြောင်းမရှိပါဘူး၊ သူက ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ၊ သူကစားတာကို ကြည့်ရတိုင်းမှာ တကယ်ကိုကျေနပ်ရပါတယ်၊ အခု ဂျူဗင်တပ်စ်မှာ သူ ဘာတွေလုပ်ပြနေလဲဆိုတာကို အားလုံးလည်းတွေ့မှာပါ၊ ကျွန်တော့်အတွက်တော့ သူက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါပဲ” လို့ ရာကီတစ်က ပြောဆိုသွားခဲ့ပါတယ်။

နေမာကို ဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပြီး အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ရာကီတစ်ကို မေးမြန်းခဲ့ရာမှာလည်း “ပထမဦးဆုံးအနေနဲ့ သူသာ အသင်းမှာရှိနေမယ်ဆိုရင် အရမ်းကောင်းမွန်မှာပါ၊ ဘယ်အရာက သူ့အတွက်အကောင်းဆုံးလဲဆိုတာကို သူ ဆုံးဖြတ်ရမှာပါ၊ သူက ကျွန်တော့်အတွက် သူငယ်ချင်းကောင်းလည်းဖြစ်ပြီး သူ ပျော်ရွှင်နေတာကိုပဲ ကျွန်တော်မြင်ချင်ပါတယ်၊ သူက အကောင်းဆုံးတွေထဲကတစ်ဦးပါ” လို့ ရာကီတစ်က ဖြေဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *