ေရာ္နယ္ဒိုေၾကာင့္ ၿပိဳင္ဆိုင္မႈပိုမိုျပင္းထန္လာေတာ့မယ့္ ကိုပါအီတာလီယာဆီမီးဖိုင္နယ္ပြဲစဥ္

ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ စီေရာ္နယ္ဒိုေၾကာင့္ ရႈံးပြဲမၾကဳံခဲ့ရတာပါ။

အီတလီစီးရီးေအထိပ္သီးအသင္းႀကီး ၄သင္းထိပ္တိုက္ေတြ႕ဆုံေနတဲ့ ကိုပါအီတာလီယာဆီမီးဖိုင္နယ္အဆင့္ပြဲစ ဥ္ေတြဟာ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးျဖစ္ေနခဲ့ၿပီး ဂ်ဴဗင္တပ္အသင္းအေနနဲ႔လည္းစီေရာ္နယ္ဒိုရဲ့အေရးပါဆုံးသြင္း ဂိုးေၾကာင့္ ဒုတိယအေက်ာ့ပြဲစဥ္ေတြက ၿပိဳင္ဆိုင္မႈပိုၿပီးျပင္းထန္လာဖြယ္ရွိေနတယ္လို႔ footballitalia ကေဖာ္ၿပ လာပါတယ္။

လက္ရွိေဘာလုံးရာသီကိုပါအီတာလီယာဆီမီးဖိုင္နယ္အဆင့္ကို ထိပ္သီးအသင္း ၄သင္းျဖစ္တဲ့ အင္တာမီလန္၊ နာပိုလီ၊ ေအစီမီလန္၊ ဂ်ဴဗင္တပ္တို႔ တက္ေရာက္လာနိုင္ခဲ့တာျဖစ္ၿပီး ပထမအေက်ာ့ပြဲစဥ္ေတြအၿပီး နာပိုလီက အင္တာမီလန္ကို ၁-၀ ဂိုးနဲ႔အနိုင္ရရွိထားခဲ့ေပမယ့္ ေအစီမီလန္နဲ႔ဂ်ဴဗင္တပ္အသင္းတို႔ရဲ့ ပြဲစဥ္ကေတာ့ ၁-၁သ ေရရလဒ္သာထြက္ေပၚထားခဲ့တာပါ။

ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ေအစီမီလန္အသင္းရဲ့အိမ္ကြင္းမွာ နိုင္ပြဲရဖို႔႐ုန္းကန္ခဲ့ရၿပီး ၿပိဳင္ဘက္ကြင္းလယ္ကစား သမားရီဘစ္ရဲ့ ဦးေဆာင္ဂိုးသြင္းယူျခင္းကိုခံခဲ့ရေပမယ့္ ပြဲၿပီးခါနီးမွာ စီေရာ္နယ္ဒိုရဲ့ကန္ခ်က္ကိုေအစီမီလန္ေနာ က္ခံကာလက္ဘ္ယာရဲ့ ဖ်က္ထုတ္ရာမွာ လက္ထိခဲ့တဲ့အတြက္ ပင္နယ္တီရခဲ့ၿပီး စီေရာ္နယ္ဒိုကပဲဂိုးအျဖစ္ေျပာ င္းလဲေပးနိုင္ခဲ့လို႔ ပြဲအၿပီးမွာ ၁-၁ သေရရလဒ္ထြက္ေပၚခဲ့တာလည္းျဖစ္ပါတယ္။

“ နိုင္ပြဲရဖို႔အတြက္ လုံေလာက္တဲ့အေျခအေနရွိေနခဲ့ပါတယ္။ ျဖစ္မလာခဲ့ပါဘူး။ ဒါေပမဲ့ ဒီပြဲက ပထမအေက်ာ့ၿဖ စ္လို႔ ဒုတိယအေက်ာ့က်န္ပါေသးတယ္။ ဘာမဆိုျဖစ္လာနိုင္ေသးသလို ေမၽွာ္လင့္ခ်က္လည္းကိုယ္စီရွိေနပါေသး တယ္။ အသင္းသားေတြအတြက္ ဂုဏ္ယူမိတာေတာ့အမွန္ပါ” လို႔ ေအစီမီလန္နည္းျပပီအိုလီက ပြဲအၿပီးမွဝန္ခံ ေျပာဆိုသြားခဲ့ပါတယ္။

ေအစီမီလန္နဲ႔ပြဲစဥ္မွာ သြင္းဂိုးတစ္ဂိုးထပ္ရခဲ့တဲ့ စီေရာ္နယ္ဒိုအေနနဲ႔ စီးရီးေအ ၁ဝပြဲဆက္တိုက္ဂိုးသြင္းယူနိုင္တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီးေနာက္ ၂၀၂၀ ခုႏွစ္အတြင္း ဂ်ဴဗင္တပ္အသင္းအတြက္ ပြဲတိုင္းဂိုးသြင္းယူ နိုင္သူအျဖစ္ပါ ရပ္တည္နိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

unicode

ဂျူဗင်တပ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ စီရော်နယ်ဒိုကြောင့် ရှုံးပွဲမကြုံခဲ့ရတာပါ။

အီတလီစီးရီးအေထိပ်သီးအသင်းကြီး ၄သင်းထိပ်တိုက်တွေ့ဆုံနေတဲ့ ကိုပါအီတာလီယာဆီမီးဖိုင်နယ်အဆင့်ပွဲစ ဉ်တွေဟာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်နေခဲ့ပြီး ဂျူဗင်တပ်အသင်းအနေနဲ့လည်းစီရော်နယ်ဒိုရဲ့အရေးပါဆုံးသွင်း ဂိုးကြောင့် ဒုတိယအကျော့ပွဲစဉ်တွေက ပြိုင်ဆိုင်မှုပိုပြီးပြင်းထန်လာဖွယ်ရှိနေတယ်လို့ footballitalia ကဖော်ပြ လာပါတယ်။

လက်ရှိဘောလုံးရာသီကိုပါအီတာလီယာဆီမီးဖိုင်နယ်အဆင့်ကို ထိပ်သီးအသင်း ၄သင်းဖြစ်တဲ့ အင်တာမီလန်၊ နာပိုလီ၊ အေစီမီလန်၊ ဂျူဗင်တပ်တို့ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ပထမအကျော့ပွဲစဉ်တွေအပြီး နာပိုလီက အင်တာမီလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရရှိထားခဲ့ပေမယ့် အေစီမီလန်နဲ့ဂျူဗင်တပ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ၁-၁သ ရေရလဒ်သာထွက်ပေါ်ထားခဲ့တာပါ။

ဂျူဗင်တပ်အသင်းအနေနဲ့ အေစီမီလန်အသင်းရဲ့အိမ်ကွင်းမှာ နိုင်ပွဲရဖို့ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်ကွင်းလယ်ကစား သမားရီဘစ်ရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်းကိုခံခဲ့ရပေမယ့် ပွဲပြီးခါနီးမှာ စီရော်နယ်ဒိုရဲ့ကန်ချက်ကိုအေစီမီလန်နော က်ခံကာလက်ဘ်ယာရဲ့ ဖျက်ထုတ်ရာမှာ လက်ထိခဲ့တဲ့အတွက် ပင်နယ်တီရခဲ့ပြီး စီရော်နယ်ဒိုကပဲဂိုးအဖြစ်ပြော င်းလဲပေးနိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

“ နိုင်ပွဲရဖို့အတွက် လုံလောက်တဲ့အခြေအနေရှိနေခဲ့ပါတယ်။ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ဒီပွဲက ပထမအကျော့ဖြ စ်လို့ ဒုတိယအကျော့ကျန်ပါသေးတယ်။ ဘာမဆိုဖြစ်လာနိုင်သေးသလို မျှော်လင့်ချက်လည်းကိုယ်စီရှိနေပါသေး တယ်။ အသင်းသားတွေအတွက် ဂုဏ်ယူမိတာတော့အမှန်ပါ” လို့ အေစီမီလန်နည်းပြပီအိုလီက ပွဲအပြီးမှဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

အေစီမီလန်နဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးထပ်ရခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ စီးရီးအေ ၁ဝပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်အတွင်း ဂျူဗင်တပ်အသင်းအတွက် ပွဲတိုင်းဂိုးသွင်းယူ နိုင်သူအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *