ေႏြရာသီတြင္ အသင္းလူစားရင္းထဲသို႔ ဆိုးလ္ရွားထပ္ေပါင္းထည့္ႏိုင္တဲ့ ေနရာ(၂)ခု

မန္ယူနိက္တဒ္ အတြက္ လာမယ့္ေႏြရာသီမွာ ဆိုးလ္ရွား ျပင္ဆင္ခ်င္ေနတဲ့အသင္းက လက္ရွိမွာ ႐ုပ္လုံးေပၚလာၿပီျဖစ္သလို အနည္းငယ္ေသာျဖည့္စြပ္မႈ႕ေတြထပ္မံလုပ္ႏိုင္ခဲ့ရင္ေတာ့ အသင္းက ၿပီးျပည့္စုံတဲ့အေနထားကိုေရာက္ရွိလာမယ္လို႔ထင္ရပါတယ္။ဆိုးလ္ရွားက ဒီအသင္းကို ၿပီးခဲ့တဲ့ရာသီထဲက ပုံေဖာ္ခဲ့ဟန္ တူၿပီး အသင္းကို ရွင္းလင္းေရး နဲ႔ ျပန္တည္ေဆာက္ေရးကို အစီစဥ္တက် လုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပုံရပါတယ္။ ပထမဆုံး အသင္းကိုေျမလွန္ေတာ္လွန္ေရးလုပ္ခဲ့ၿပီးေနာက္ ပထမရာသီမွာ ခံစစ္ကိုစတင္အားျဖည့္ခဲ့ပါတယ္။ရာသီဝက္မွာ ကြင္းလယ္ကိုျဖည့္တင္းခဲ့ၿပီး လက္ရွိမွာ ျဖည့္တင္းစရာ တိုက္စစ္နဲ႔အရံအင္အားသာက်န္ရွိပါတယ္။

၁။ ေဂ်ာ္ဒန္ဆန္ခ်ိဳ

၁၉ႏွစ္သား အတြက္ ယူနိက္တဒ္ က မျဖစ္မေန ေခၚယူရမယ့္ကစားသမားလို႔သတ္မွတ္ထားသလို အသင္းရဲ႕ အေရးအႀကီးဆုံးအစိတ္အပိုင္းအျဖစ္လည္း သတ္မွတ္ထားပါတယ္။ အထူးသျဖင့္ညာေတာင္ပံတိုက္စစ္မွာ ဆန္ခ်ိဳ လို အရည္ေသြးျမင့္မားၿပီး တစ္ဦးခ်င္းျဖတ္ေက်ာ္မႈ႕အားေကာင္းတဲ့ ကစားသမားေတြကို ဆိုးလ္ရွား က အလိုရွိေနၿပီး ဂ်ိမ္စ္းလို ျမန္ႏႈန္းျမင့္ေျပးအားေတြနဲ႔ ေျပးေနတဲ့ကစားထက္ ဆန္ခ်ိဳ လို တစ္ကိုယ္ေတာ္အရည္ေသြးနဲ႔ ေက်ာ္ျဖတ္ႏိုင္သူက ပိုမိုအသုံးဝင္မွာကို ဆိုးလ္ရွားတစ္ေယာက္သိရွိထားပါတယ္။ လစ္လပ္ေနတဲ့ေက်ာနံပတ္ ၇ အတြက္လည္း ဆန္ခ်ိဳ က ေရရွည္မွာပါ သင့္ေတာ္သူျဖစ္တဲ့အျပင္ မားကပ္စ္ရရွ္ဖိုဒ့္ ေမဆင္ဂရင္းဝုဒ္ တို႔နဲ႔အတူအဂ္လန္လက္ေ႐ြးစင္အသင္းႀကီးမွာပါ ပူးတြဲေဆာ့ကစားႏိုင္တာေၾကာင့္ ဆန္ခ်ိဳ ကိုေခၚယူျခင္းက ကလပ္အတြက္သာမက ႏိုင္ငံအသင္းႀကီးအတြက္ပါအက်ိဳးရွိေစတဲ့လုပ္ရပ္ျဖစ္ပါတယ္။ ဒီ့အျပင္ မားကပ္စ္(၂၃) ေမဆင္(၁၉) ဆန္ခ်ိဳ (၂၀) ဆိုတဲ့ တိုက္စစ္အတြဲဖက္က ယူနိက္တဒ္မွာ ကာလရွည္ၾကာ ရပ္တည္ေနႏိုင္မယ့္ ဂႏၷဝင္အတြဲဖက္မ်ိဳးထိ ျဖစ္လာႏိုင္ပါတယ္။

၂။ဂ်က္ဂေရးလရွ္/ဂ်ိမ္စ္းမက္ဒီဆင္

ယူနိက္တဒ္အေနနဲ႔ ေပါဂ့္ဘာကို ဆက္လက္မထိန္းခ်င္ေတာ့ရင္ လက္လႊတ္လိုက္သင့္ၿပီး ဒီေနရာကို အဂ္လန္ရဲ႕အနာဂတ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဂ်က္ ဒါမွမဟုတ္ ဂ်ိမ္စ္း နဲ႔ အစားထိုးရပါလိမ့္မယ္။ ဒီႏွစ္ေယာက္လုံးက တူညီတဲ့စြမ္းရည္ေတြရွိသလို ေၾကာက္မယ္ဖြယ္အရည္ေသြးေတြနဲ႔လည္းျပည့္ႏွက္ေနသူေတြျဖစ္တာေၾကာင့္ ယူနိက္တဒ္ရဲ႕ ေျပာင္းလဲေရးမွာ အခရာ က်တဲ့ ေနရာကေနပါဝင္ႏိုင္ၿပီးအသင္းကိုထမ္းတင္ေပးႏိုင္ပါလိမ့္မယ္။ႏွစ္ေယာက္လုံးက ယူနိက္တဒ္အသင္းမွာ ကစားလိုေၾကာင္းဖြင့္ဟဖူးတာေၾကာင့္ မေနခ်င္သူကိုဆြဲရတာထက္ ေနခ်င္သူကိုႀကိဳဆိုလိုက္တာကပဲပိုမိုေကာင္းမြန္ပါတယ္။ မက္ေတာ္မေနး၊ဖရဒ္၊မာတခ္်၊ဘ႐ူႏိုဖာနန္ဒက္စ္ တိူ႔ရွိတဲ့ ကြင္းလယ္မွာ ဂ်က္ဂေရးလရွ္ ျဖစ္ေစ မက္ဒီဆင္ ျဖစ္ေစ ထည့္ေပါင္းႏိုင္ခဲ့ရင္ ထိပ္တန္းအဆင့္ရွိတဲ့ ကြင္းလယ္အစုအဖြဲ႕နဲ႔ ေျခစြမ္းကို ျပန္လည္ရရွိမွာအေသခ်ာပါပဲ။

ယူနိက္တဒ္အေနနဲ႔ ညာေတာင္ပံနဲ႔ကြင္းလယ္ကို ျပန္လည္ျပင္ဆင္ႏိုင္ခဲ့ရင္ အသင္းရဲ႕ အေနထားက ျပန္လည္တည့္မတ္လာႏိုင္ၿပီး ယခင္က အေျခေနကိုေရာက္ရွိလာႏိုင္ပါတယ္။ ယခုလက္ရွိမွာ အသင္းရဲ႕ခံစစ္နဲ႔ကြင္းလယ္ပိုင္းကအေနထားတစ္ခုကိုျပသထားႏိုင္တဲ့အျပင္ ကစားသမားတိုင္းကလည္း အ႐ြယ္ေကာင္းနဲ႔ အနာဂတ္လူငယ္ေတြရွိတာေၾကာင့္ စိတ္ေအးရတဲ့အေနထားမွာရွိေနပါၿပီ။တိုက္စစ္မွာသာ ေျခမမွန္တဲ့ မာစီရယ္ နဲ႔ တစ္ေယာက္ထဲ႐ုန္းကန္ေနရတဲ့ မားကပ္စ္ရရွ္ဖိုဒ့္တို႔ရွိတာျဖစ္လို႔ ဆန္ခ်ိဳ နဲ႔ ဂ်က္ဂေရးလရွ္/မက္ဒီဆင္ ကို ထည့္သြင္းႏိုင္ခဲ့ရင္ မန္ယူနိက္တဒ္ ရဲ႕ အရွိန္အဝါေတြ ျပန္လည္ေတာက္ပလာမယ္လို႔ ယူဆမိသလို ဆိုးလ္ရွားေျပာတဲ့ လာမယ့္ရာသီအတြက္သူ႔မ်က္စိထဲကအသင္းဆိုတာကလည္း ငယ္႐ြယ္ၿပီးထက္ျမက္တဲ့အသင္းျဖစ္မယ္လို႔ ထင္မိပါတယ္။

Unicode

မန်ယူနိက်တဒ် အတွက် လာမယ့်နွေရာသီမှာ ဆိုးလ်ရှား ပြင်ဆင်ချင်နေတဲ့အသင်းက လက်ရှိမှာ ရုပ်လုံးပေါ်လာပြီဖြစ်သလို အနည်းငယ်သောဖြည့်စွပ်မှု့တွေထပ်မံလုပ်နိုင်ခဲ့ရင်တော့ အသင်းက ပြီးပြည့်စုံတဲ့အနေထားကိုရောက်ရှိလာမယ်လို့ထင်ရပါတယ်။ဆိုးလ်ရှားက ဒီအသင်းကို ပြီးခဲ့တဲ့ရာသီထဲက ပုံဖော်ခဲ့ဟန် တူပြီး အသင်းကို ရှင်းလင်းရေး နဲ့ ပြန်တည်ဆောက်ရေးကို အစီစဉ်တကျ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပုံရပါတယ်။ ပထမဆုံး အသင်းကိုမြေလှန်တော်လှန်ရေးလုပ်ခဲ့ပြီးနောက် ပထမရာသီမှာ ခံစစ်ကိုစတင်အားဖြည့်ခဲ့ပါတယ်။ရာသီဝက်မှာ ကွင်းလယ်ကိုဖြည့်တင်းခဲ့ပြီး လက်ရှိမှာ ဖြည့်တင်းစရာ တိုက်စစ်နဲ့အရံအင်အားသာကျန်ရှိပါတယ်။

၁။ ဂျော်ဒန်ဆန်ချို

၁၉နှစ်သား အတွက် ယူနိက်တဒ် က မဖြစ်မနေ ခေါ်ယူရမယ့်ကစားသမားလို့သတ်မှတ်ထားသလို အသင်းရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းအဖြစ်လည်း သတ်မှတ်ထားပါတယ်။ အထူးသဖြင့်ညာတောင်ပံတိုက်စစ်မှာ ဆန်ချို လို အရည်သွေးမြင့်မားပြီး တစ်ဦးချင်းဖြတ်ကျော်မှု့အားကောင်းတဲ့ ကစားသမားတွေကို ဆိုးလ်ရှား က အလိုရှိနေပြီး ဂျိမ်စ်းလို မြန်နှုန်းမြင့်ပြေးအားတွေနဲ့ ပြေးနေတဲ့ကစားထက် ဆန်ချို လို တစ်ကိုယ်တော်အရည်သွေးနဲ့ ကျော်ဖြတ်နိုင်သူက ပိုမိုအသုံးဝင်မှာကို ဆိုးလ်ရှားတစ်ယောက်သိရှိထားပါတယ်။ လစ်လပ်နေတဲ့ကျောနံပတ် ၇ အတွက်လည်း ဆန်ချို က ရေရှည်မှာပါ သင့်တော်သူဖြစ်တဲ့အပြင် မားကပ်စ်ရရှ်ဖိုဒ့် မေဆင်ဂရင်းဝုဒ် တို့နဲ့အတူအဂ်လန်လက်ရွေးစင်အသင်းကြီးမှာပါ ပူးတွဲဆော့ကစားနိုင်တာကြောင့် ဆန်ချို ကိုခေါ်ယူခြင်းက ကလပ်အတွက်သာမက နိုင်ငံအသင်းကြီးအတွက်ပါအကျိုးရှိစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒီ့အပြင် မားကပ်စ်(၂၃) မေဆင်(၁၉) ဆန်ချို (၂၀) ဆိုတဲ့ တိုက်စစ်အတွဲဖက်က ယူနိက်တဒ်မှာ ကာလရှည်ကြာ ရပ်တည်နေနိုင်မယ့် ဂန္နဝင်အတွဲဖက်မျိုးထိ ဖြစ်လာနိုင်ပါတယ်။

၂။ဂျက်ဂရေးလရှ်/ဂျိမ်စ်းမက်ဒီဆင်

ယူနိက်တဒ်အနေနဲ့ ပေါဂ့်ဘာကို ဆက်လက်မထိန်းချင်တော့ရင် လက်လွှတ်လိုက်သင့်ပြီး ဒီနေရာကို အဂ်လန်ရဲ့အနာဂတ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂျက် ဒါမှမဟုတ် ဂျိမ်စ်း နဲ့ အစားထိုးရပါလိမ့်မယ်။ ဒီနှစ်ယောက်လုံးက တူညီတဲ့စွမ်းရည်တွေရှိသလို ကြောက်မယ်ဖွယ်အရည်သွေးတွေနဲ့လည်းပြည့်နှက်နေသူတွေဖြစ်တာကြောင့် ယူနိက်တဒ်ရဲ့ ပြောင်းလဲရေးမှာ အခရာ ကျတဲ့ နေရာကနေပါဝင်နိုင်ပြီးအသင်းကိုထမ်းတင်ပေးနိုင်ပါလိမ့်မယ်။နှစ်ယောက်လုံးက ယူနိက်တဒ်အသင်းမှာ ကစားလိုကြောင်းဖွင့်ဟဖူးတာကြောင့် မနေချင်သူကိုဆွဲရတာထက် နေချင်သူကိုကြိုဆိုလိုက်တာကပဲပိုမိုကောင်းမွန်ပါတယ်။ မက်တော်မနေး၊ဖရဒ်၊မာတခ်ျ၊ဘရူနိုဖာနန်ဒက်စ် တိူ့ရှိတဲ့ ကွင်းလယ်မှာ ဂျက်ဂရေးလရှ် ဖြစ်စေ မက်ဒီဆင် ဖြစ်စေ ထည့်ပေါင်းနိုင်ခဲ့ရင် ထိပ်တန်းအဆင့်ရှိတဲ့ ကွင်းလယ်အစုအဖွဲ့နဲ့ ခြေစွမ်းကို ပြန်လည်ရရှိမှာအသေချာပါပဲ။

ယူနိက်တဒ်အနေနဲ့ ညာတောင်ပံနဲ့ကွင်းလယ်ကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ရင် အသင်းရဲ့ အနေထားက ပြန်လည်တည့်မတ်လာနိုင်ပြီး ယခင်က အခြေနေကိုရောက်ရှိလာနိုင်ပါတယ်။ ယခုလက်ရှိမှာ အသင်းရဲ့ခံစစ်နဲ့ကွင်းလယ်ပိုင်းကအနေထားတစ်ခုကိုပြသထားနိုင်တဲ့အပြင် ကစားသမားတိုင်းကလည်း အရွယ်ကောင်းနဲ့ အနာဂတ်လူငယ်တွေရှိတာကြောင့် စိတ်အေးရတဲ့အနေထားမှာရှိနေပါပြီ။တိုက်စစ်မှာသာ ခြေမမှန်တဲ့ မာစီရယ် နဲ့ တစ်ယောက်ထဲရုန်းကန်နေရတဲ့ မားကပ်စ်ရရှ်ဖိုဒ့်တို့ရှိတာဖြစ်လို့ ဆန်ချို နဲ့ ဂျက်ဂရေးလရှ်/မက်ဒီဆင် ကို ထည့်သွင်းနိုင်ခဲ့ရင် မန်ယူနိက်တဒ် ရဲ့ အရှိန်အဝါတွေ ပြန်လည်တောက်ပလာမယ်လို့ ယူဆမိသလို ဆိုးလ်ရှားပြောတဲ့ လာမယ့်ရာသီအတွက်သူ့မျက်စိထဲကအသင်းဆိုတာကလည်း ငယ်ရွယ်ပြီးထက်မြက်တဲ့အသင်းဖြစ်မယ်လို့ ထင်မိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *