ေႏြရာသီတြင္ ေဒါ့မြန္အသင္းမွ ထြက္ခြာရန္ ဆန္ခ်ိဳစဥ္းစားေနၿပီး ယူရိုသန္း (၁၅၀)ဝန္းက်င္ေပးကာ ေခၚယူရန္ မန္ယူအသင္း စိတ္ဝင္စား

ေဒါ့မြန္အသင္း၏ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္သည့္ ဆန္ခ်ိဳသည္ လာမည့္ေႏြရာသီတြင္ အသင္းမွထြက္ခြာရန္ စီစဥ္ေနၿပီျဖစ္ၿပီး ၎အား မန္ယူအသင္းက ယူရိုသန္း(၁၅၀) အထိေပးကာ ေခၚယူရန္ စိတ္ဝင္စားေနၾကေၾကာင္း Sky Germany က ေဖာ္ျပခဲ့သည္။

နာမည္ေက်ာ္ကစားသမားမ်ားကို ထိုက္တန္သည့္ ေျပာင္းေရႊ႕ေၾကးမ်ားျဖင့္ ေရာင္းထုတ္ေလ့ရွိသည့္ ေဒါ့မြန္အသင္းသည္ အသက္(၁၉)ႏွစ္သာရွိေသးသည့္ ဆန္ခ်ိဳကိုလည္း ေရာင္းထုတ္ရန္ စိတ္ဝင္စားေနၿပီး ထိုက္တန္သည့္ ေျပာင္းေရႊ႕ေၾကးကို အလိုရွိေနသည္။

ဆန္ခ်ိဳအား ယာဂန္ကေလာ့ပ္၏ လီဗာပူးလ္အသင္းကလည္း ေခၚယူရန္ ဆႏၵရွိေနၿပီး လီဗာပူးလ္အသင္းကမူ ယူရိုသန္း (၁၀၀) ဝန္းက်င္သာ အသုံးျပဳလိုသည္။

ေဒါ့မြန္အသင္းက ဆန္ခ်ိဳအတြက္ အလိုရွိေနသည့္ ယူရိုသန္း(၁၅၀)ဝန္းက်င္ ပမာဏကိုမူ မန္ယူအသင္းကသာေပးနိုင္ရာ ကစားသမားက လီဗာပူးလ္ကို ပိုစိတ္ဝင္စားသည့္တိုင္ မန္ယူက အားသာေနသည္ဟု Sky Germany က ေဖာ္ျပခဲ့သည္။

မန္ယူအသင္းသည္ လက္စတာအသင္း၏ ကြင္းလယ္ က စား သ မား ဂ်ိမ္းစ္မတ္ဒီဆန္ကိုလည္း စိတ္ဝင္စားေနၿပီး လက္စတာအသင္းက မတ္ဒီဆန္အတြက္ ေျပာင္းေရႊ႕ေၾကးကို ယူရိုသန္း (၈၀) ႏွင့္ (၉၀) ဝန္းက်င္အထိ အလိုရွိေနရာ မန္ယူအသင္းက ဆန္ခ်ိဳကိုသာ ပိုမိုအာ႐ုံစိုက္လိုျခင္းလည္းျဖစ္သည္။

ဆန္ခ်ိဳသည္ ပရီးမီးယားလိဂ္ထိပ္သီး မန္စီးတီးလူငယ္စီမံကိန္း ထြက္ကစားသမားတစ္ဦးျဖစ္ၿပီး ေပါင္ (၅)သန္းမၽွျဖင့္ေဒ့ါမြန္သို႔ ေျပာင္းေရႊ႕သြားကာ ယခုအခ်ိန္တြင္ ဥေရာပထိပ္တန္းအသင္းႀကီးမ်ား၏ စိတ္ဝင္စားျခင္းကိုခံေနရသူျဖစ္သည္။

unicode

ဒေါ့မွန်အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဆန်ချိုသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေပြီဖြစ်ပြီး ၎င်းအား မန်ယူအသင်းက ယူရိုသန်း(၁၅၀) အထိပေးကာ ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း Sky Germany က ဖော်ပြခဲ့သည်။

နာမည်ကျော်ကစားသမားများကို ထိုက်တန်သည့် ပြောင်းရွှေ့ကြေးများဖြင့် ရောင်းထုတ်လေ့ရှိသည့် ဒေါ့မွန်အသင်းသည် အသက်(၁၉)နှစ်သာရှိသေးသည့် ဆန်ချိုကိုလည်း ရောင်းထုတ်ရန် စိတ်ဝင်စားနေပြီး ထိုက်တန်သည့် ပြောင်းရွှေ့ကြေးကို အလိုရှိနေသည်။

ဆန်ချိုအား ယာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်းကလည်း ခေါ်ယူရန် ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းကမူ ယူရိုသန်း (၁၀၀) ဝန်းကျင်သာ အသုံးပြုလိုသည်။

ဒေါ့မွန်အသင်းက ဆန်ချိုအတွက် အလိုရှိနေသည့် ယူရိုသန်း(၁၅၀)ဝန်းကျင် ပမာဏကိုမူ မန်ယူအသင်းကသာပေးနိုင်ရာ ကစားသမားက လီဗာပူးလ်ကို ပိုစိတ်ဝင်စားသည့်တိုင် မန်ယူက အားသာနေသည်ဟု Sky Germany က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် လက်စတာအသင်း၏ ကွင်းလယ် က စား သ မား ဂျိမ်းစ်မတ်ဒီဆန်ကိုလည်း စိတ်ဝင်စားနေပြီး လက်စတာအသင်းက မတ်ဒီဆန်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၈၀) နှင့် (၉၀) ဝန်းကျင်အထိ အလိုရှိနေရာ မန်ယူအသင်းက ဆန်ချိုကိုသာ ပိုမိုအာရုံစိုက်လိုခြင်းလည်းဖြစ်သည်။

ဆန်ချိုသည် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးလူငယ်စီမံကိန်း ထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပေါင် (၅)သန်းမျှဖြင့်ဒေ့ါမွန်သို့ ပြောင်းရွှေ့သွားကာ ယခုအချိန်တွင် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *