၃၅ ႏွစ္၊ ၃၅ ပြဲ နဲ႔ ၃၅ ဂိုးဆိုတဲ့ ထူးျခားခ်က္ေတြနဲ႔ ေရာ္နယ္ဒို

အသက္ ၃၅ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ေအစီမီလန္ကို ဂိုးသြင္းနိုင္ခဲ့ၿပီးေနာက္ ဒီရာသီမွာ ကလပ္နဲ႔ နိုင္ငံအသင္းအတြက္ ၃၅ ပြဲကစားၿပီး ၃၅ဂိုးအထိ သြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေအစီမီလန္အသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့တဲ့ အီတလီကိုပါအီတာလီယာဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့မွာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးေရာ္နယ္ဒိုက အသင္းအတြက္ မိနစ္ ၉၀ မွာ ပင္နယ္တီကတဆင့္ ေခ်ပဂိုးသြင္းယူေပးခဲ့ပါတယ္။ ဒါဟာ ေရာ္နယ္ဒိုအတြက္ေတာ့ ထူးျခားတဲ့မွတ္တမ္းတစ္ခုကို ပိုင္ဆိုင္မႈလည္းျဖစ္လာခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ေအစီမီလန္ကို ဂိုးသြင္းနိုင္ခဲ့ၿပီးေနာက္ ဒီရာသီမွာ ကလပ္နဲ႔ နိုင္ငံအသင္းအတြက္ ၃၅ ပြဲကစားၿပီး ၃၅ဂိုးအထိ သြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီလိုမ်ိဳး တိုက္တိုက္ဆိုင္ဆိုင္မွတ္တမ္းကို ပိုင္ဆိုင္ခဲ့တာျဖစ္သလို ၂၀၂၀ ခုႏွစ္အတြင္း ဂ်ဴဗီအတြက္ သူ ကစားေပးတဲ့ပြဲတိုင္းမွာလည္း ေရာ္နယ္ဒိုက ဂိုးသြင္းနိုင္ခဲ့ပါတယ္။

၂၀၂၀ အတြင္းမွာ ေရာ္နယ္ဒိုက ပြဲေပါင္း ၈ ပြဲကစားေပးခဲ့ၿပီး ၁၂ဂိုးအထိ သြင္းယူနိုင္ခဲ့ပါတယ္။ ဒီမွတ္တမ္းကိုေတာ့ ဥေရာပရဲ့ထိပ္တန္းလိဂ္ ၅ ခုမွာ သူတစ္ဦးတည္းကသာ စြမ္းေဆာင္နိုင္ခဲ့တာျဖစ္ၿပီး အျခားေသာနာမည္ေက်ာ္ကစားသမားေတြအေနနဲ႔ ဒီလိုမ်ိဳးျပဳလုပ္နိုင္ခဲ့ျခင္းမရွိဘဲ ေရာ္နယ္ဒိုက ထူးထူးျခားျခားေျခစြမ္းျပခဲ့တာလည္းျဖစ္ပါတယ္။

ဘလြန္းဒီေအာဆုအတြက္ၿပိဳင္ဆိုင္မႈမွာ မက္ဆီက ေရာ္နယ္ဒိုထက္ တစ္ႀကိမ္အသာစီးရရွိခဲ့ၿပီးေနာက္ ေပၚတူဂီစူပါစတားက ျပန္လည္လိုက္မီနိုင္ဖို႔ ရည္ရြယ္လာခဲ့ၿပီး ၂၀၂၀ ခုႏွစ္အတြက္ ဘလြန္းဒီေအာဆုကို ရယူဖို႔ပစ္မွတ္ထားလာခဲ့ပါတယ္။ ဒီလိုရည္ရြယ္ခ်က္နဲ႔အတူ သူ႔ရဲ့၂၀၂၀ အတြင္း ေျခစြမ္းကလည္း ေတာ္ေတာ္ေလးေကာင္းမြန္ခဲ့ကာ ကလပ္အသင္းအတြက္ စီးရီးေအ ၁ဝပြဲဆက္တိုက္လည္း ဂိုးသြင္းယူနိုင္ခဲ့တာကို မွတ္တမ္းေတြအရ ေတြ႕ရွိရမွာျဖစ္ပါတယ္။

unicode

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ အေစီမီလန်ကို ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၃၅ ပွဲကစားပြီး ၃၅ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ အီတလီကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုက အသင်းအတွက် မိနစ် ၉၀ မှာ ပင်နယ်တီကတဆင့် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက်တော့ ထူးခြားတဲ့မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်မှုလည်းဖြစ်လာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ အေစီမီလန်ကို ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၃၅ ပွဲကစားပြီး ၃၅ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်သလို ၂၀၂၀ ခုနှစ်အတွင်း ဂျူဗီအတွက် သူ ကစားပေးတဲ့ပွဲတိုင်းမှာလည်း ရော်နယ်ဒိုက ဂိုးသွင်းနိုင်ခဲ့ပါတယ်။

၂၀၂၀ အတွင်းမှာ ရော်နယ်ဒိုက ပွဲပေါင်း ၈ ပွဲကစားပေးခဲ့ပြီး ၁၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းကိုတော့ ဥရောပရဲ့ထိပ်တန်းလိဂ် ၅ ခုမှာ သူတစ်ဦးတည်းကသာ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး အခြားသောနာမည်ကျော်ကစားသမားတွေအနေနဲ့ ဒီလိုမျိုးပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ရော်နယ်ဒိုက ထူးထူးခြားခြားခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။

ဘလွန်းဒီအောဆုအတွက်ပြိုင်ဆိုင်မှုမှာ မက်ဆီက ရော်နယ်ဒိုထက် တစ်ကြိမ်အသာစီးရရှိခဲ့ပြီးနောက် ပေါ်တူဂီစူပါစတားက ပြန်လည်လိုက်မီနိုင်ဖို့ ရည်ရွယ်လာခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် ဘလွန်းဒီအောဆုကို ရယူဖို့ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒီလိုရည်ရွယ်ချက်နဲ့အတူ သူ့ရဲ့၂၀၂၀ အတွင်း ခြေစွမ်းကလည်း တော်တော်လေးကောင်းမွန်ခဲ့ကာ ကလပ်အသင်းအတွက် စီးရီးအေ ၁ဝပွဲဆက်တိုက်လည်း ဂိုးသွင်းယူနိုင်ခဲ့တာကို မှတ်တမ်းတွေအရ တွေ့ရှိရမှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *