PFA အေကာင္းဆုံးကစားသမားဆုအတြက္ ဟန္ဒါဆန္ ေရပန္းအစားဆုံးျဖစ္

လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္သည္ ၂၀၁၉-၂၀ ရာသီ PFA အေကာင္းဆုံးကစားသမားဆုအတြက္ ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရသည္။

PFA အေကာင္းဆုံးကစားသမားဆုမွာ အဂၤလန္ေဘာလုံးေလာကတြင္ တန္ဖိုးႀကီးမားသည့္ တစ္ဦးခ်င္းထူးခၽြန္ဆုတစ္ခုျဖစ္ၿပီး ကစားသမားအခ်င္းခ်င္း မဲေပးေရြးခ်ယ္ရေသာဆုလည္း ျဖစ္သည္။

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအဖြဲ႕အစည္း (PFA) မွ ကမကထျပဳခ်ီးျမႇင့္ျခင္းျဖစ္ေသာေၾကာင့္ PFA အေကာင္းဆုံးကစားသမားဆုဟု ေခၚတြင္ျခင္းျဖစ္ၿပီး လီဗာပူးလ္ကစားသမားမ်ားက ေနာက္ဆုံး(၂)ႏွစ္ ဆက္တိုက္ရရွိထားခဲ့သည္။ ၂၀၁၇-၁၈ ရာသီတြင္ ဆာလာ၊ ၂၀၁၈-၁၉ ရာသီတြင္ ဗန္ဒိုက္တို႔ ရရွိခဲ့ျခင္းျဖစ္သည္။

ယခုရာသီတြင္လည္း PFA အေကာင္းဆုံးကစားသမားဆုအတြက္ SportNation ၏ အေလးေပးမႈတြင္ လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရသည္။

SportNation ၏ အေလးေပးမႈတြင္ ဟန္ဒါဆန္(လီဗာပူးလ္)က (၆:၄)ေလးျဖင့္ PFA အေကာင္းဆုံးကစားသမားဆုအတြက္ ေရပန္းအစားဆုံးျဖစ္ေနၿပီး ၎ေနာက္တြင္ မာေနး(လီဗာပူးလ္)က (၇:၂)ေလး၊ ဒီဘရိုင္းနား(မန္စီးတီး)က (၆:၁)ေလး၊ ဗန္ဒိုက္(လီဗာပူးလ္)က (၁၁:၁)ေလးႏွင့္ ဆာလာ(လီဗာပူးလ္)က (၁၄:၁)ေလးတို႔ျဖင့္ အစဥ္လိုက္ ရပ္တည္ေနသည္။

လီဗာပူးလ္အသင္းေနာက္ခံလူ ေရာဘတ္ဆန္က အသင္းေခါင္းေဆာင္ ဟန္ဒါဆင္(၂၉ ႏွစ္)မွာ ယခုရာသီ PFA အေကာင္းဆုံးကစားသမားဆုႏွင့္ အထိုက္တန္ဆုံးကစားသမားျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

လီဗာပူးလ္အသင္းသည္ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၅)အၿပီးတြင္ ရမွတ္ (၇၃)မွတ္ျဖင့္ အမွတ္ေပးဇယားကို ဦးေဆာင္ေနၿပီး ဒုတိယေနရာမွ မန္စီးတီးအသင္း (၅၁ မွတ္)ကို (၂၂)မွတ္အထိ ျဖတ္ထားသည္။

ဟန္ဒါဆန္သည္ လီဗာပူးလ္အသင္းကို အေကာင္းဆုံးဦးေဆာင္ေနသူျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ (၂၄)ပြဲတြင္ (၃) ဂိုးသြင္းယူထားသည္။

unicode

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် ၂၀၁၉-၂၀ ရာသီ PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

PFA အကောင်းဆုံးကစားသမားဆုမှာ အင်္ဂလန်ဘောလုံးလောကတွင် တန်ဖိုးကြီးမားသည့် တစ်ဦးချင်းထူးချွန်ဆုတစ်ခုဖြစ်ပြီး ကစားသမားအချင်းချင်း မဲပေးရွေးချယ်ရသောဆုလည်း ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA) မှ ကမကထပြုချီးမြှင့်ခြင်းဖြစ်သောကြောင့် PFA အကောင်းဆုံးကစားသမားဆုဟု ခေါ်တွင်ခြင်းဖြစ်ပြီး လီဗာပူးလ်ကစားသမားများက နောက်ဆုံး(၂)နှစ် ဆက်တိုက်ရရှိထားခဲ့သည်။ ၂၀၁၇-၁၈ ရာသီတွင် ဆာလာ၊ ၂၀၁၈-၁၉ ရာသီတွင် ဗန်ဒိုက်တို့ ရရှိခဲ့ခြင်းဖြစ်သည်။

ယခုရာသီတွင်လည်း PFA အကောင်းဆုံးကစားသမားဆုအတွက် SportNation ၏ အလေးပေးမှုတွင် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

SportNation ၏ အလေးပေးမှုတွင် ဟန်ဒါဆန်(လီဗာပူးလ်)က (၆:၄)လေးဖြင့် PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်းနောက်တွင် မာနေး(လီဗာပူးလ်)က (၇:၂)လေး၊ ဒီဘရိုင်းနား(မန်စီးတီး)က (၆:၁)လေး၊ ဗန်ဒိုက်(လီဗာပူးလ်)က (၁၁:၁)လေးနှင့် ဆာလာ(လီဗာပူးလ်)က (၁၄:၁)လေးတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

လီဗာပူးလ်အသင်းနောက်ခံလူ ရောဘတ်ဆန်က အသင်းခေါင်းဆောင် ဟန်ဒါဆင်(၂၉ နှစ်)မှာ ယခုရာသီ PFA အကောင်းဆုံးကစားသမားဆုနှင့် အထိုက်တန်ဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အပြီးတွင် ရမှတ် (၇၃)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (၅၁ မှတ်)ကို (၂၂)မှတ်အထိ ဖြတ်ထားသည်။

ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းကို အကောင်းဆုံးဦးဆောင်နေသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် (၂၄)ပွဲတွင် (၃) ဂိုးသွင်းယူထားသည်။

Add a Comment

Your email address will not be published. Required fields are marked *