က်န္းမာေရး အေျခအေနကို ထုတ္ေျပာလာတဲ့ ကမၻာ့ဖလား ၃ဆုရွင္ပီလီ

သားျဖစ္သူက အထိုင္အထ ခက္ေနၿပီလို႔ ေျပာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ မီဒီယာကို သူကိုယ္တိုင္ သူ႔ က်န္းမာေရးကို ထုတ္ေဖာ္ေျပာလာတာပါ။

ကမၻာေက်ာ္ ေဘာလုံးသမားႀကီး ပီလီကေတာ့ သူ႔ရဲ့ က်န္းမာေရး အေျခအေနက အေကာင္းဆုံး ပုံစံမွာရွိေနၿပီး အသက္ အရြယ္က ပုံမွန္ပါပဲလို႔ ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာလာတယ္လို႔ BBC SPORT သတင္းဌာနက ေဖာ္ၿပ လာပါတယ္။

ဒီမတိုင္ခင္တုန္းက ပီလီရဲ့ သားျဖစ္သူ အီဒင္ဟိုက သူ႔အေဖအေနနဲ႔ အိမ္ထဲက အိမ္ျပင္ထြက္ဖို႔ အဆင္မေၿပ ျဖစ္ေနခဲ့ ၿပီး တင္ပါးျပႆနာေၾကာင့္ အထိုင္အထမွာ အဆင္မေၿပ ျဖစ္ေနတယ္လို႔ ထုတ္ေဖာ္ေျပာထားခဲ့တာပါ။

“ကၽြန္ေတာ္ အဆင္ေျပပါတယ္။ကၽြန္ေတာ့္ ခႏၶာကိုယ္ရဲ့ ျဖစ္တည္မႈကို ကၽြန္ေတာ္ အေကာင္းဆုံး နားလည္ပါတယ္။ အခုခ်ိန္မွာ ကၽြန္ေတာ္ ေဘာလုံးေတာ့ လိမ့္နိုင္ပါေသးတယ္။”လို႔ မီဒီယာကို ေျဖၾကားလိုက္တာပါ။

၂၀၁၅ က ဆီးက်ိတ္ကင္ဆာ ခြဲစိတ္ကုသမႈခံယူထားရတဲ့ ပီလီအေနနဲ႔ ဆီးက်ိတ္ပိုး ကူးစက္ေဝဒနာေၾကာင့္ ေဆး႐ုံမွာ ကာလတစ္ခု ေဆးကုသမႈ ခံယူေနခဲ့ရသူပါ။

လက္ရွိမွာေတာ့ ပီလီက သူ႔ကစားသမားဘဝ မွတ္တမ္းဗီဒီယို ရိုက္ကူးမႈ ျပဳလုပ္ေနတဲ့ ၿဗိတိန္ ဒါရိုက္တာနဲ႔ အလုပ္ေတြ ရႈပ္ေနပါတယ္။

ဒီလို အလုပ္ေတြ ရႈပ္ေနလို႔လည္း သူ႔အသက္အရြယ္ကို သူစိတ္မပူပဲ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အျပည့္နဲ႔ ဆုံးျဖတ္ခ်က္ ေတြခ်မွတ္ လုပ္ေဆာင္ေနမယ္လို႔လည္း ပီလီက ဆိုပါေသးတယ္။

ကစားသမားႀကီး ပီလီကေတာ့ ၁၉၅၈၊၁၉၆၂နဲ႔၁၉၇၀ ကမၻာ့ဖလား ၿပိဳင္ပြဲေတြမွာ ဘရာဇီးအသင္းနဲ႔အတူ ကမၻာ့ဖလားကို ၃ ႀကိမ္ထိရရွိဖူးၿပီး ကမၻာမွာ ကမၻာ့ဖလား ၃ႀကိမ္ရဖူးတဲ့ တစ္ဦးတည္းေသာ ကစားသမားႀကီးလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ကစားသမားဘဝ ၂၁ႏွစ္တာ ကာလအတြင္းမွာလည္း ဘရာဇီးအတြက္ ၉၁ပြဲမွာ ၇ဂိုး သြင္းၿပီး ကလပ္အသင္း ေတြအတြက္ ၁၃၆၃ပြဲမွာ ၁၂၈၁ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။

unicode

သားဖြစ်သူက အထိုင်အထ ခက်နေပြီလို့ ပြောပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မီဒီယာကို သူကိုယ်တိုင် သူ့ ကျန်းမာရေးကို ထုတ်ဖော်ပြောလာတာပါ။

ကမ္ဘာကျော် ဘောလုံးသမားကြီး ပီလီကတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေက အကောင်းဆုံး ပုံစံမှာရှိနေပြီး အသက် အရွယ်က ပုံမှန်ပါပဲလို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလာတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။

ဒီမတိုင်ခင်တုန်းက ပီလီရဲ့ သားဖြစ်သူ အီဒင်ဟိုက သူ့အဖေအနေနဲ့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့ အဆင်မပြေ ဖြစ်နေခဲ့ ပြီး တင်ပါးပြဿနာကြောင့် အထိုင်အထမှာ အဆင်မပြေ ဖြစ်နေတယ်လို့ ထုတ်ဖော်ပြောထားခဲ့တာပါ။

“ကျွန်တော် အဆင်ပြေပါတယ်။ကျွန်တော့် ခန္ဓာကိုယ်ရဲ့ ဖြစ်တည်မှုကို ကျွန်တော် အကောင်းဆုံး နားလည်ပါတယ်။ အခုချိန်မှာ ကျွန်တော် ဘောလုံးတော့ လိမ့်နိုင်ပါသေးတယ်။”လို့ မီဒီယာကို ဖြေကြားလိုက်တာပါ။

၂၀၁၅ က ဆီးကျိတ်ကင်ဆာ ခွဲစိတ်ကုသမှုခံယူထားရတဲ့ ပီလီအနေနဲ့ ဆီးကျိတ်ပိုး ကူးစက်ဝေဒနာကြောင့် ဆေးရုံမှာ ကာလတစ်ခု ဆေးကုသမှု ခံယူနေခဲ့ရသူပါ။

လက်ရှိမှာတော့ ပီလီက သူ့ကစားသမားဘဝ မှတ်တမ်းဗီဒီယို ရိုက်ကူးမှု ပြုလုပ်နေတဲ့ ဗြိတိန် ဒါရိုက်တာနဲ့ အလုပ်တွေ ရှုပ်နေပါတယ်။

ဒီလို အလုပ်တွေ ရှုပ်နေလို့လည်း သူ့အသက်အရွယ်ကို သူစိတ်မပူပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ဆုံးဖြတ်ချက် တွေချမှတ် လုပ်ဆောင်နေမယ်လို့လည်း ပီလီက ဆိုပါသေးတယ်။

ကစားသမားကြီး ပီလီကတော့ ၁၉၅၈၊၁၉၆၂နဲ့၁၉၇၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ၃ ကြိမ်ထိရရှိဖူးပြီး ကမ္ဘာမှာ ကမ္ဘာ့ဖလား ၃ကြိမ်ရဖူးတဲ့ တစ်ဦးတည်းသော ကစားသမားကြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကစားသမားဘဝ ၂၁နှစ်တာ ကာလအတွင်းမှာလည်း ဘရာဇီးအတွက် ၉၁ပွဲမှာ ရဂိုး သွင်းပြီး ကလပ်အသင်း တွေအတွက် ၁၃၆၃ပွဲမှာ ၁၂၈၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *