မန္ယူအသင္းသို႔ ေျပာင္းေရႊ႕ကစားရန္ လက္စတာကြင္းလယ္ က စား သ မား မတ္ဒီဆန္ ဆႏၵရွိ

လက္စတာကြင္းလယ္ က စား သ မား မတ္ဒီဆန္သည္ မန္ယူအသင္းသို႔ ေျပာင္းေရႊ႕ကစားရန္ ဆႏၵရွိေနေၾကာင္း သိရသည္။

မတ္ဒီဆန္ႏွင့္ ရင္းႏွီးသည့္သတင္းေပးတစ္ဦးက မတ္ဒီဆန္အေနျဖင့္ အနာဂတ္ကို ကိုယ္တိုင္သာ ဆုံးျဖတ္ခြင့္ရွိမည္ဆိုပါက လက္ရွိတြင္ မန္ယူအသင္း၌ ရွိေနလိမ့္မည္ဟု ေျပာဆိုခဲ့ေၾကာင္း Manchester Evening News က ေဖာ္ျပခဲ့သည္။

အသက္ (၂၃)ႏွစ္အရြယ္ရွိ အဂၤလန္ကြင္းလယ္လူ မတ္ဒီဆန္သည္ လက္စတာအသင္းႏွင့္ ၂၀၂၃ ခုႏွစ္၊ ဇြန္လအထိ စာခ်ဳပ္သက္တမ္းရွိေနေသာ္လည္း လာမည့္ေႏြရာသီအေျပာင္းအေရႊ႕ကာလတြင္ အသင္းမွထြက္ခြာဖြယ္ရွိေနေၾကာင္း သိရသည္။

မန္ယူအသင္းသည္ လာမည့္ေႏြရာသီအေျပာင္းအေရႊ႕တြင္ အသင္းကို အင္အားျဖည့္တင္းရန္ စီစဥ္ေနၿပီး မတ္ဒီဆန္၊ ဂရီးလစ္ရွ္၊ ဆန္ခ်ိဳ စသည့္ကစားသမားမ်ားကို ေခၚယူရန္ ပစ္မွတ္ထားေနသည္ဟု ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပေနၾကသည္။

သို႔ေသာ္ လက္စတာအသင္းသည္ ၎တို႔၏ အဓိကကြင္းလယ္ မတ္ဒီဆန္ကို အလြယ္တကူ လက္လႊတ္ဖြယ္မရွိသျဖင့္ မန္ယူအသင္းအေနျဖင့္ မတ္ဒီဆန္ကို ေခၚယူမည္ဆိုပါက မက္ဂြိဳင္းရားကို ေခၚယူစဥ္ကလို ေပါင္သန္း (၈၀)အထက္ အသုံးျပဳရဖြယ္ရွိေနေၾကာင္း Manchester Evening News က ေဖာ္ျပခဲ့သည္။

မတ္ဒီဆန္သည္ ယခုရာသီတြင္ လက္စတာအသင္းအတြက္ ေျခစြမ္းျပေနသူျဖစ္ၿပီး ၿပိဳင္ပြဲစုံ (၂၇)ပြဲတြင္ (၉)ဂိုး သြင္းယူေပးထားသည္။

unicode

လက်စတာကွင်းလယ် က စား သ မား မတ်ဒီဆန်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။

မတ်ဒီဆန်နှင့် ရင်းနှီးသည့်သတင်းပေးတစ်ဦးက မတ်ဒီဆန်အနေဖြင့် အနာဂတ်ကို ကိုယ်တိုင်သာ ဆုံးဖြတ်ခွင့်ရှိမည်ဆိုပါက လက်ရှိတွင် မန်ယူအသင်း၌ ရှိနေလိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ မတ်ဒီဆန်သည် လက်စတာအသင်းနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေသော်လည်း လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။

မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး မတ်ဒီဆန်၊ ဂရီးလစ်ရှ်၊ ဆန်ချို စသည့်ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

သို့သော် လက်စတာအသင်းသည် ၎င်းတို့၏ အဓိကကွင်းလယ် မတ်ဒီဆန်ကို အလွယ်တကူ လက်လွှတ်ဖွယ်မရှိသဖြင့် မန်ယူအသင်းအနေဖြင့် မတ်ဒီဆန်ကို ခေါ်ယူမည်ဆိုပါက မက်ဂွိုင်းရားကို ခေါ်ယူစဉ်ကလို ပေါင်သန်း (၈၀)အထက် အသုံးပြုရဖွယ်ရှိနေကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။

မတ်ဒီဆန်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၇)ပွဲတွင် (၉)ဂိုး သွင်းယူပေးထားသည်။

Add a Comment

Your email address will not be published. Required fields are marked *