ကြယ်စင်လေးရုပ်အလောင်း ကိစ္စ CDM စစ်ဆေးဆရာဝန်ဗိုလ်ကြီးမင်းမောင်မောင် ဝန်ခံထွက် ဆိုလာ

စစ်ဆေးဆရာ ဝန်ဗိုလ်ကြီး မင်းမောင်မောင် ဝန်ခံထွက်ဆိုလာတဲ့ မကြယ်စင်ရုပ်အလောင်းကိစ္စ ။မကြယ်စင် အေလာင်းကို ခခိုင်းတဲ့ဆရာဝန်ထွက် ပြေးပြီးနောက်စစ်ဆရာဝန်များ ကို

ရင်ခွဲမခိုင်းတော့ ဘဲကြုံရာ စစ်သားကို ခွဲခိုင်းနေ ၊စစ်ဆရာဝန်တံ ဆိပ်တုံးကိုလည်းအတု့လုပ်နေ ဟုဆိုမန္တလေး ကဆန္ဒပြမှုဖြစ်စဉ် မှာကျဆုံးသွားတဲ့ မကြယ်စင်ရုပ်အလောင်း ကို

ခွဲခိုင်းရာက နေထွက်ပြေးတဲ့ ဆရာဝန်တွေကြောင့် စစ်ဆရာဝန်တွေ ကိုရင်ခွဲမခိုင်းတော့ဘူးလို့ သိရသလို စစ်ဆရာဝန်တွေရဲ့တံဆိပ်တုံး တွေကိုလည်း အတု့လုပ်နေတယ်လို့စီဒီအမ်ပြုလုပ်

ထားတဲ့ ဆေးတပ်ခွဲစိတ်ပါရ ဂူဗိုလ်ကြီး မင်းမောင်မောင်က အာရ်အက်ဖ်အေမီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်း မှာပြောပါတယ် ”အလောင်းခွဲတယ် ဆိုရင်မူခင်း ဆရာဝန်ကခွဲပေးရတယ်

မူခင်ဆရာ ဝန်ထဲမှာ ကျွန်တော့်သူငယ်ချင်းတွေ အများကြီးရှိတယ် မန္တလေးကကြယ်စင်လေး ကိစ္စတုန်း ကဆိုရင်အလောင်း ဖော်တယ်ဖော်ပြီး တဲ့ခါကြရင် ပြန်ပြီးတော့သူတို့ကခွဲတယ်

အဲဒီ အလောင်းကိုခွဲခိုင်းတဲ့ ဆရာဝန်တွေက ထွက်ပြေးသွားတယ် အဲဒီကောင်တွေကဘယ်ရောက်သွား ပြီလဲမသိဘူး နောက်ဆုံးကျတော့ ဆရာဝန်တွေကို မခိုင်းတော့ဘူးရင်ခွဲတဲ့

ဆရာကြီးတွေ ရှိတယ်အရာခံ ဗိုလ်တပ်ကြပ်ကြီး တွေ ”လို့ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က ဆိုပါတယ် ။စစ်ဆရာဝန်တွေက ရင်မခွဲရတော့ သူတို့ရဲ့တံဆိပ်တုံးလက်မှတ်အတု့

တွေကိုစစ်ကောင်စီက လုပ်ဆောင်ခဲ့ရ တယ်လို့ သိရပါတယ်။”စရဖကကောင်တွေကနိပ်စက်လွန်သေသွားတဲ့အချိန်မှာဒီစကစကအလောင်းကိုဆရာကြီးတွေကိုခွဲခိုင်းတယ်လူခွဲတဲ့နေရာမှ

တော့ဝတ်ကျေ တန်းကျေခွဲကြတာခွဲပီး ပြီးဆိုရင်အထဲက ဟာတွေပြန်ပြီးတော့ ဗိုက်ထဲပြန်တန်းထည့် ပြန်ပိတ်ချုပ်တာလေ တစ်ချို့တွေကျတော့ လည်းထည့်တဲ့ ဟာထည့်မထည့်တဲ့

ဟာမထည့်ပေါ့ အဲဒါမျိုး လုပ်ကြတာပြီး ပြီဆိုရင်အဲဒီဆရာဝန်တွေက လက်မှတ်မထိုးပေးတော့ဘူး ဗျာလက်မှတ်မထိုးပေးတော့ သူတို့ကဘာလုပ်လဲဆိုတော့ တစ်ချို့ဆရာဝန်တွေရဲ့

တံဆိပ်တုန်းတွေကို အတု့လုပ်ပြီးတော့ သူတို့ထွက်ချင်တဲ့ ပုံစံကို သူတို့ဘာသာသူတို့ရေးပြီးတော့ လုပ်ကြတယ် နိုင်ငံခြားကို တင်ရောင်းတာတော့ မဟုတ်ဘူး”လို့ခွဲစိတ်ပါရဂူဗိုလ်ကြီး

မင်းမောင်မောင်က ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဆန္ဒပြသူတွေနဲ့ညဘက်နေအိမ်တွေ ကိုဝင်ရောက်ဖမ်းဆီးခံရသူ တွေထဲကတစ်ချို့ ကိုစစ်ကြောရေးမှာ လူသားမဆန်စွ

ညှင်းပန်းနိပ်စက်ခဲ့ပြီး သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ရင်ခွဲပြီးမိသားစုထံပြန်လည် ပို့ဆောင်ပေးခဲ့တာ ရှိသလို အခုနောက်ပိုင်းမှာတော့ ကိုဗစ်အကြောင်းပြပြီးတန်းသဂြိုဟ်မှုတွေ

ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ စီဒီအမ်စစ်ဆေး ဆရာဝန်ဗိုလ်ကြီး မင်းမောင်မောင်ဝန်ခံထွက်ဆိုလာတဲ့ ဗွီဒီယိုအပြည့်အစုံကို အာရ်အက်ဖ်အေမီဒီယာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Credit

Add a Comment

Your email address will not be published. Required fields are marked *