ကယားပြည်နယ်က ပြည်သူတွေ အတွက် လိုအပ်တာများ စုပေါင်းလှူဒါန်းခဲ့တဲ့အပြင် မွန်မြတ်တဲ့ နောက်ထပ်အလှူလေးတစ်ခုပါ ပြုလုပ်ခဲ့တဲ့ ရေဗက္ကာဝင်း
|အဆိုတော်ရေဗက္ကာဝင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အဖက်ဖက်ကနေ တတ်နိုင်သလောက် ပြည်သူတွေအတွက် အားဖြည့်ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း ပရိသတ်တွေ မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။
ရေဗက္ကာဝင်းကတော့ ဒီနေ့မှာလည်း ကယားပြည်နယ် ငွေတောင်က သွေးချင်းညီအစ်ကိုမောင်နှမတွေ အတွက် အစားအသောက် ၊အဝတ်အထည် ၊ အသုံးအဆောင်ပစ္စည်း၉ထုပ်နဲ့ အလှူငွေ ၁၁သိန်းကို စေတနာရှင်များနဲ့ စုပေါင်းကာ လှူဒါန်းခဲ့ကြောင်းဝေမျှလာပါတယ် ။ ဒါ့အပြင် နောက်ထပ်လည်း နယ်ပြန်ဖို့ လမ်းစရိတ် အခက်အခဲဖြစ်နေတဲ့ ညီမလေးကိုလည်း လမ်းစရိတ်လှူဒါန်းခဲ့ပြီး မီးဖွါးဖို့ လိုအပ်နေသူကိုလည်း မီးဖွားစရိတ်လှူဒါန်းခဲ့ပါသေးတယ် ။
ဒီလို မွန်မြတ်တဲ့ အလှူလေးနဲ့ပတ်သက်ပြီးလည်း ” ငွေတောင်ပြည်မှ လိုအပ်နေတဲ့သွေးချင်းများအတွက် အစားအသောက် အဝတ်အထည် အသုံးအဆောင်ပစ္စည်း၉ထုပ်နဲ့ အလှူငွေ ၁၁သိန်းကို စေတနာရှင်များ စုပေါင်းလှူဒါန်းခဲ့ကြပါတယ် နယ်ပြန်ဖို့ လမ်းစရိတ်အခက်အခဲဖြစ်နေတဲ့ ညီမလေးကိုလဲ လမ်းစရိတ်လှူဒါန်းခဲ့ပြီး မီးဖွါးဖို့ လိုအပ်နေတဲ့ ညီမလေးကိုလဲ မီးဖွားစရိတ်လှူဒါန်းခဲ့ပါတယ် ပြုခဲ့သမျှ ကောင်းမှုအစုစုတို့ကို ၇ရက်သားသမီးရရှိနိုင်စေဖို့ ဆုတောင်းပါတယ်ရှင် ဒီမောဆိုသွားခဲ့တဲ့ပုံလေးတွေလဲ အမှတ်တရအဖြစ် ပြန်တင်လိုက်ပါတယ် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Rebecca Win