ကွယ်လွန်သူ သရုပ်ဆောင်မင်းသားကြီး ဦးညွှန့်ဝင်းအတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွပ်အလှူလုပ်ပေးနေတဲ့ မိသားစုတွေရဲ့ ဗီဒီယိုဖိုင်



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့




unicode

အကယ်ဒမီများရှင် သရုပ်ဆောင်မင်းသားကြီး ဦးညွှန့်ဝင်း ကွယ်လွန်သွားတာဟာ အနုပညာလောကအတွက် တကယ်ကို ဆုံးရှုံးမှုကြီး တစ်ခုပဲ ဖြစ်သလို ပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဝမ်းနည်းနေကြတာပါ..။

ဦးညွှန့်ဝင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်နေ့က ကွယ်လွန်သွားခဲ့တာကြောင့် ဒီကနေ့မှာတော့ (၇)ရက်မြောက်နေ့အဖြစ် ရက်လည်ဆွမ်းသွပ်အလှူလေး ပြုလုပ်ခဲ့ကြပါတယ်..။

ရက်လည်ဆွမ်းသွပ်တရားတော်နာ အလှူလေးကို နေအိမ်မှာ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ကျန်ရစ်သူမိသားစုဝင်များက ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

ကိုဗစ်ကပ်ရောဂါအခြေအေနေတွေကြောင့် တရားတော်နာအလှူကို မိသားစုတွေအပြင် မိတ်ဆွေတချို့ကို ဖိတ်ကြားခဲ့ကြပြီး ကောင်းမှုကုသိုလ်တွေနဲ့ ရည်စူးလှူဒါန်းတာတွေ ပြုလုပ်ခဲ့ကြတာပါ..။

ဘဘဦးညွှန့်ဝင်းအတွက် ရည်စူးကုသိုလ်ပြုခဲ့ကြတဲ့ မိသားစုဝင်တွေရဲ့ အလှူဗီဒီယိုလေးကိုတော့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက ဆုတောင်းစကားတွေနဲ့ ဝေမျှထားတာ ဖြစ်ပါတယ်..။

ကွယ်လွန်သူ အသက်(၈၂)နှစ် အရွယ် ဘဘဦးညွှန့်ဝင်းအတွက် ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းရင်း ရက်လည်ဆွမ်းသွပ်အလှူ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

သတင်းအရင်းမြစ်: San Min’s Fb Acc

Add a Comment

Your email address will not be published.