စကစမှ တပ်တွင် Covid-19 ပိုးကူး စက်ခံရသူ များလာပြီး ခွင့်ပြန်လိုသူများကိုလည်း ပြန်ခွင့်မပေး
|ကချင်ပြည်နယ် ဗန်းမော်မြို့ စကခ (၂၁)တပ်တွင် Covid-19 ပိုးကူးစက်ခံရသူများနေပြီး တပ်တွင်းတွင်လည်း တာဝန်မှတိမ်းရှောင်လိုသည့် ပြသာနာများရှိနေကြောင်း တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ ဗန်းမော်မြို့ခံတစ်ဦးက ဆိုသည်။
တပ်သား (၃)ယောက်လည်း ဖမ်းဆီးအချုပ်ချထားကြောင်းလည်း ဆိုသည်။
“အခုလောလောဆယ် တပ်ပြေးက ၃ယောက်၊ Covid ပိုးတွေ့တာက ၃ယောက်၊ တပ်မှာ ဖမ်းထားတာက ၃ ယောက်ဟုတ်တယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။
ဗန်းမော်တပ်နယ်မှ ဗိုလ်ချုပ်သက်အောင်ဇင်သည် တပ်ပြေးများရှိနေသော်လည်း တပ်ပြေးအဖြစ် စာရင်းမသွင်းပဲထိန်ချန်ထားသည်ဟု သိရကြောင်းလည်း ဆိုသည်။
ခွင့်ယူလိုသည့် တပ်သားများရှိနေသော်လည်း တပ်မမှူးက ခွင့်မပေးပဲ ဖိအားပေးကာ တာဝန်ထမ်းဆောင်ခိုင်းထားကြောင်းသိရသည်ဟု အဆိုပါ တပ်ပိုင်းနှင့် နီးစပ်သူက ဆိုသည်။
တပ်မမႉးသည် တပ်တွင်းက ကေလးတွေက်ိဳ ကြောငျးတကျဖို့ ဖိအားပေးပွီး သူ့ကလေးတှကေိုကတြော့ ကြောငျးမထားကွောငျး သိရသည်။
credit