တသက္နဲ႔တကိုယ္ မႀကဳံဖူးမၾကားဖူးေပမယ့္ ဗိုက္ထဲမွာ အပင္ေပါက္ေနတဲ့ လူႏွစ္ေယာက္အေၾကာင္း
|လူသားေတြရဲ႕ ဗိုက္နဲ႔ ပတ္သက္လို႔ သင့္အေနနဲ႔လည္း အထူးအဆန္းေတာ္ေတာ္မ်ားမ်ားကို ၾကားဖူးၾကမွာပါ။ ဗိုက္ထဲမွာ ဇြန္းခရင္း အေခ်ာင္း ၇၀ေက်ာ္ရွိတာတို႔ သံလိုက္အခု ၃၀ရွိတာတို႔ စသျဖင့္ ထိတ္လန႔္စရာေကာင္းတဲ့ ျဖစ္ရပ္ေတြ ရွိပါတယ္။ ဒါေၾကာင့္ ခုေဖာ္ျပသြားမွာကေတာ့ အျခားသူေတြနဲ႔မတူပဲ ဘယ္လိုလူေတြရဲ႕ ခႏၶာကိုယ္ထဲမွာ အပင္ေပါက္ေနရတာလဲ ဆိုတာ ဖတ္ရႈၾကည့္လိုက္ပါအုန္း။
Ron Sveden
Massachusetts က လူတစ္ေယာက္ ဟာ တစ္လေလာက္ အသက္ရႈရခက္ေနလို႔ ေဆး႐ုံးကို အသည္းအသန္းသြားျပခဲ့ရပါတယ္။ ေဆး႐ုံးေရာက္ေတာ့ ဆရာ၀န္ဟာ သူရဲ႕အဆုတ္ကို ဓာတ္မွန္႐ိုက္လိုက္အခါမွာပဲ အစက္အေျပာက္ေလးေတြ ေတြ႕ခဲ့ရပါတယ္။ Ron ကလည္း ဆရာ၀န္ဆိက ကင္ဆာေရာဂါအေၾကာင္း ၾကားရဖို႔အတြက္ ျပင္ဆင္ေနတုန္းမွာပဲ ဆရာ၀န္က သူရဲ႕အေျခအေနဟာ သမိုင္း၀င္ေလာက္ၿပီး သူရဲ႕အဆုတ္မွာ ပဲပင္ေပါက္ေနတယ္ဆိုတာ ေျပာျပခဲ့ပါတယ္။ အဲ့လိုအပင္ေပါက္ေနရတဲ့အေၾကာင္းကေတာ့ သူစားလိုက္ပဲထဲမွာ တစ္ခုက အေစ့တစ္ခုလိုျဖစ္ေနတာေၾကာင့္ ကံဆိုးစြာပဲ အဲ့အေစ့က သူရဲ႕အဆုတ္ဆိကို ေရာက္ခဲ့ပါတယ္။ အဆုတ္ဆိေရာက္တဲ့အခါ အပူနဲ႔စိုထိုင္းေသာ အေျခအေတြေၾကာင့္ခုလို အပင္ေပါက္ေနခဲ့တာပါ။ ဒါေပမယ့္လည္း ဆရာ၀န္ဟာ အပင္အဆင့္မေရာက္ခင္ ခြဲစိတ္ေပးႏိုင္ခဲ့ပါတယ္။ Svenden အေနနဲ႔လည္း ကင္ဆာမဟုတ္ပဲ ခုလိုျဖစ္တာေၾကာင့္ စိတ္သက္သာရာ ရခဲ့ပါတယ္။
Artyom Sidorkin
႐ုရွားအမ်ိဳးသား Artyom Sidorkin ဟာ ရင္ဘတ္ေအာင့္တာနဲ႔ ပတ္သတ္ၿပီး စတင္ခဲ့ကာ ေခ်ာင္းဆိုးရင္လည္း ေသြးေတြပါေနခဲ့ပါတယ္။ ဆရာ၀န္လည္း ဓာတ္မွန္႐ိုက္ၾကည္ရာ ဘာမွထူးထူးျခားျခား မေတြ႕ခဲ့ပါဘူး။ ဒါေပမယ့္ ဆရာ၀န္ဟာ သူရဲ႕အဆုတ္မွာ တစ္ခုခု ႀကီးထြားလာတာေၾကာင့္ ကင္ဆာလို႔ပဲထင္ခဲ့ပါတယ္။ ဆရာ၀န္လည္း သူ႔အဆုတ္တစ္သွ်ဳးေတြကို ခြဲစိတ္ရွာေဖြခဲ့ရာ ထိတ္လန႔္စရာျမင္ကြင္းတစ္ခုကို ေတြ႕ခဲ့ပါတယ္။ အဲ့တာကေတာ့ ဒီ႐ုရွားလူမ်ိဳးလည္း အေပၚကေဖာ္ျပခဲ့တဲ့ အေမရိကန္လူမ်ိဳးလို အေစ့တစ္ခုကိုစားမိၿပီး အပင္ေပါက္ေနတာျဖစ္ပါတယ္။ အ႐ြယ္အစားအေနနဲ႔ကေတာ့ ၂လက္မေလာက္ေလးပဲရွိေသးတာမို႔ ကံေကာင္းခဲ့ပါတယ္။ Sidorkin လည္းခြဲစိတ္မႈအၿပီးမွာေတာ့ အရင္လို ေနျပန္ေကာင္းၿပီး က်န္းက်န္းမာမာ ျဖစ္ခဲ့ပါတယ္။
သတင္းအရင္းျမစ္: Wonderlist
unicode
လူသားတွေရဲ့ ဗိုက်နဲ့ ပတ်သက်လို့ သင့်အနေနဲ့လည်း အထူးအဆန်းတော်တော်များများကို ကြားဖူးကြမှာပါ။ ဗိုက်ထဲမှာ ဇွန်းခရင်း အချောင်း ၇၀ကျော်ရှိတာတို့ သံလိုက်အခု ၃၀ရှိတာတို့ စသဖြင့် ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဒါကြောင့် ခုဖော်ပြသွားမှာကတော့ အခြားသူတွေနဲ့မတူပဲ ဘယ်လိုလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အပင်ပေါက်နေရတာလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ပါအုန်း။
Ron Sveden
Massachusetts က လူတစ်ယောက် ဟာ တစ်လလောက် အသက်ရှုရခက်နေလို့ ဆေးရုံးကို အသည်းအသန်းသွားပြခဲ့ရပါတယ်။ ဆေးရုံးရောက်တော့ ဆရာဝန်ဟာ သူရဲ့အဆုတ်ကို ဓာတ်မှန်ရိုက်လိုက်အခါမှာပဲ အစက်အပြောက်လေးတွေ တွေ့ခဲ့ရပါတယ်။ Ron ကလည်း ဆရာဝန်ဆိက ကင်ဆာရောဂါအကြောင်း ကြားရဖို့အတွက် ပြင်ဆင်နေတုန်းမှာပဲ ဆရာဝန်က သူရဲ့အခြေအနေဟာ သမိုင်းဝင်လောက်ပြီး သူရဲ့အဆုတ်မှာ ပဲပင်ပေါက်နေတယ်ဆိုတာ ပြောပြခဲ့ပါတယ်။ အဲ့လိုအပင်ပေါက်နေရတဲ့အကြောင်းကတော့ သူစားလိုက်ပဲထဲမှာ တစ်ခုက အစေ့တစ်ခုလိုဖြစ်နေတာကြောင့် ကံဆိုးစွာပဲ အဲ့အစေ့က သူရဲ့အဆုတ်ဆိကို ရောက်ခဲ့ပါတယ်။ အဆုတ်ဆိရောက်တဲ့အခါ အပူနဲ့စိုထိုင်းသော အခြေအတွေကြောင့်ခုလို အပင်ပေါက်နေခဲ့တာပါ။ ဒါပေမယ့်လည်း ဆရာဝန်ဟာ အပင်အဆင့်မရောက်ခင် ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ Svenden အနေနဲ့လည်း ကင်ဆာမဟုတ်ပဲ ခုလိုဖြစ်တာကြောင့် စိတ်သက်သာရာ ရခဲ့ပါတယ်။
Artyom Sidorkin
ရုရှားအမျိုးသား Artyom Sidorkin ဟာ ရင်ဘတ်အောင့်တာနဲ့ ပတ်သတ်ပြီး စတင်ခဲ့ကာ ချောင်းဆိုးရင်လည်း သွေးတွေပါနေခဲ့ပါတယ်။ ဆရာဝန်လည်း ဓာတ်မှန်ရိုက်ကြည်ရာ ဘာမှထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဆရာဝန်ဟာ သူရဲ့အဆုတ်မှာ တစ်ခုခု ကြီးထွားလာတာကြောင့် ကင်ဆာလို့ပဲထင်ခဲ့ပါတယ်။ ဆရာဝန်လည်း သူ့အဆုတ်တစ်သျှုးတွေကို ခွဲစိတ်ရှာဖွေခဲ့ရာ ထိတ်လန့်စရာမြင်ကွင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ အဲ့တာကတော့ ဒီရုရှားလူမျိုးလည်း အပေါ်ကဖော်ပြခဲ့တဲ့ အမေရိကန်လူမျိုးလို အစေ့တစ်ခုကိုစားမိပြီး အပင်ပေါက်နေတာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ကတော့ ၂လက်မလောက်လေးပဲရှိသေးတာမို့ ကံကောင်းခဲ့ပါတယ်။ Sidorkin လည်းခွဲစိတ်မှုအပြီးမှာတော့ အရင်လို နေပြန်ကောင်းပြီး ကျန်းကျန်းမာမာ ဖြစ်ခဲ့ပါတယ်။
သတင်းအရင်းမြစ်: Wonderlist