


















#Crd

unicode

မင်းအောင်လှိုင်ပါတဲ့ လေယာဉ်ကြီးရုရှားမှာ ဟိုကပ်လိုက် ဒီကပ်လိုက်ဖစ်နေတာနဲ့ ပတ်သက်ပြီးသတင်းတွေက အမျိုးမျိုးဖြစ်နေကြတယ်။

လူဆိုတာ မျှော်လင့်တတ်တဲ့အမျိုးမို့မျှော်လင့်တာကို အပြစ်မဆိုလိုပါဘူး။

ဒါပေမဲ့ အဲ့လိုမျှော်လင့်ချက်တွေ ပေးတဲ့အရေးအသားမျိုးတွေ
စရေးနေသူတချို့ကို အံ့ဩမိတယ်။

စိုးဝင်းက အာဏာသိမ်းပြီဆိုပြီးမင်းအောင်လှိုင်အိမ်ကို ဝိုင်းသလိုလိုအတိအကျကြီး ရေးသူတချို့က ၂ရက်အတွင်း ထူးမယ်တဲ့
(ဘာထူးတာလဲ နင့်အမေကြီးထူးတာလား)

ဒီနေ့လဲ နောက်တမျိုးတွေ့ပြန်တယ်မင်းအောင်လှိုင်ပြန်မလာရဲတာကအမေရိကန်နဲ့ မဟာမိတ်တွေကရုရှားလေပိုင်နက်ကျော်ရင် တာဝန်မယူဘူးလို့။

ရာဇသံပေးသလိုလိုမူးယစ်ဆေးဝါးကိစ္စ မင်းအောင်လှိုင်ကိုဖမ်းမှာလိုလိုတကယ့်ကို Lee Lee လားလားတွေရေးနေကြတာ။

လူတွေကတော့ မျှော်လင့်ချင်တော့ရှယ်ကြ ပြန်တင်ကြပေါ့‌။
၇၂ နာရီစောင့်ကြည့်ဆိုတဲ့ဂျင်းအတိုင်းပဲ။ဒါတွေက ဘာရည်ရွယ်ချက်နဲ့ရေးနေလဲ။

မသိပေမဲ့လူတွေကို ဘိန်းကျွေးနေတာနဲ့ တူနေတယ်ခဏတော့ အားတက်မယ် ပျော်ရွှင်မယ်နောက်ကျ ဒီသတင်းတွေမဟုတ်မှန်းသိတော့ စိတ်ဓာတ်ပိုကျသွားမယ်။

နောက် ခဏနေတော့အဲ့ဒီလို သတင်းတု ဘိန်းတမျိုး ထပ်ကျွေးပြန်ရောပြည်သူတွေလဲ အဲ့ဒီအတုအယောင်မျှော်လင့်ချက်တွေကြား မျှောသွားပြန်ရော။

အခုအချိန်ဟာလရောင်အောက်မှာ မိန်းမူးနေရမယ့်အချိန်မဟုတ်ဘူးမျှော်လင့်ချက်အတုအယောင်တွေမှာနစ်မွန်းနေရမယ့်အချိန် မဟုတ်ဘူး။

အစစ်အမှန်လောက ထဲကို ထွက်ခဲ့ကြပါနရောင်အောက်ကို ထိုးထွက်ခဲ့ပါ။

သေချာတာ တခုပြောမယ်ဘယ် အမေရိကန်ဘယ် UN မှ မြန်မာ့ပြည်တွင်းရေးကိုလာစွက်မှာ မဟုတ်ဘူးကျနော်တို့ ကိုယ့်ဖာသာ ကိုယ့်ရှိတာနဲ့ကိုယ်ချမယ်။

ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ်တိုင် ရုန်းထွက်မယ်ဒါဆို နိုင်ပါ့မလား တို့ပိုခက်မှာပေါ့ တို့ တွေဝေမနေနဲ့။

စစ်အာဏာရှင်ကို တော်လှန်ရင်းသေရမယ်ဆိုတောင်စစ်ဖိနပ်အောက် ကြောက်ရွံ့ထိတ်လန့်စွာရှင်သန်နေရတာထက်တော့ မြတ်သေးတယ်။

လာပါ ပြန်ချရအောင်ကျနော်တို့မှာ သန်း၅၀ ရှိတယ်။သူတို့မှာ သိန်းဂဏာန်းပဲ အလွန်ဆုံး။ဗီယက်နမ်ပြည်သူတွေတောင်အမေရိကန်တပ်တွေကို လန်ကျသွားအောင်ဆော်နိုင်သေးတာပဲ။

ကျနော်တို့က ဒီဖက်ဆစ်တွေကို ဘာလို့ မနိုင်ရမှာလဲသတင်းတုတွေကိုတော့ မေ့ထားကြစို့ကျနော်က ကိုကျော်စိုးလို့ ခေါ်တဲ့
အကိုကြီး မင်းခိုက်စိုးစန်ရဲ့ စကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

နေဝင်တဲ့ လမ်းကြောင်းနောက်တကောက်ကောက်လိုက်ကြည့်နေလို့ကတော့နေထွက်တာကိုမင်းဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး။

ကဲ လာနံနက်ခင်းရဲ့ လင်းအရုဏ်နဲ့အတူပြည်သူကိုကာကွယ်မယ့် PDF တို့လာပြီအတူ ဝိုင်းဝန်းလိုက်ကြပါဝင်လိုက်ကြ၊ ပံ့ပိုးလိုက်ကြစို့ ။

#Crd

Add a Comment

Your email address will not be published. Required fields are marked *