လူ့အခွင့်အရေးကောင်စီ မှာ ဒီနေ့တင်ပြပြောဆိုသွား တဲ့ လူ့အခွင့်အရေးမဟာ မင်းကြီးရဲ့ ပြောကြားချက်
|လူ့အခွင့်အရေးကောင်စီမှာ ဒီနေ့တင်ပြပြောဆိုသွားတဲ့ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရအမည်ကို ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုသွားချက်ပါဘဲ။
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ နိုင်ငံရေးပြသနာကနေ လူ့အခွင့်အရေးကပ်ဘေးအထိဆိုင်ရောာက်နေပြီလို့ ပြောသွားပါတယ်။
အနှစ်ချုပ်ပြောရင် ပြည်သူ (၉၀၀) ကျော် သတ်ဖြတ်ခံနေရတယ်။ လူပေါင်း (၅၂၀၀) ကျော် ဖမ်းဆီးခံခဲ့ရတယ်။ လူပေါင်း(၂) သိန်း နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်။ အာဏာသိမ်းပြီးကထဲက ကျန်းမာရေးဆေးပေးခန်းတွေ၊ ယာဉ်တွေ ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေ (၂၄၀) ကြိမ်ရှိခဲ့တယ်။ သတင်းမီဒီယာသမား (၉၀) လောက်ကို ဖမ်းဆီးထားပြီး သတင်းဌာန (၈) ခုကို ပိတ်သိမ်းခဲ့တယ်လို့ ပြောပါတယ်။
FAOရဲ့ အဆိုအရ လူပေါင်း၆ သန်းဟာ စားနပ်ရိက္ခာအခက်ကြုံနေရတယ်။ UNDPရဲ့ ခန့်မှန်းချက်အရ ၂၀၂၂ မတိုင်ခင်မှာ မြန်မာပြည်က လူဦးရေတဝက်ကျော်ဟာ အငတ်ဘေးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပြောသွားပါတယ်။ တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး ပြည်သူတွေအပေါ် ထိခိုက်မှုတွေဖြစ်စေတယ်လို့ ဆိုပါတယ်။ လူပေါင်း (၂၂၀၀) ကိုပြန်လွှတ်ပေးခဲ့တာ ကြိုဆိုပေမဲ့ ကျန်ရှိနေတဲ့သူတွေကို အမြန်ဆုံးခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ပြည်သူတွေရဲ့ ဆက်လက်ဆန္ဒပြမှုတွေ၊ CDM လှုပ်ရှားမှုတွေကြောင့် စစ်အုပ်စုကို အဟန့်အတားတွေ ဖြစ်စေကြောင်း ဆိုပါတယ်။
လက်နက်ကိုင်တုန႔်ပြန်မႈတွေကို စဈအုပ်စုက အလွန်အၾကႇံတုန႔်ပြန်မႈေတွ ရွိနေကြောင်း၊ တိုင်းရင်းသးဒေသတွေမွာ ပြည်သူတွေအေပါ် တိုက်ခိုက်တာ၊ ပုန်းေအာင်ရာနေရာေတွ ဘာသာရေးအဆောကျအဦတှကေို လကျနကျကွီတှေ လယောဥျတှနေဲ့ အလှနျအကြှံတိုကျထိုကျတာတှေ ရှိနတေယျလို့ ဆိုပါတယျ။ တိုကျခိုကျနကွေတဲ့အဖှဲ့တှအေားလုံး လူ့အခှငျ့အရေးကိုလေးစားဖို့နဲ့ အမြားပွညျသူတှနေဲ့ဆိုငျတဲ့နရောတှေ၊ ကြောငျးတှေ၊ ကနျြးမာရေးဆိုငျရာနရောတှကေို ကာကှယျပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါတွေကို ရပ်တံ့ဖို့နဲ့အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် NUG အစိုးရ၊နဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းတွေကို နိုင်ငံရေလုပ်ငန်းစဉ်လမ်းပေါ် တင်ပေးဖို့လိုကြောင်း၊ လူငယ်နဲ့အမျိုးသမီးတွေကို ဦးဆောင်မှုနေရာပေးသင့်ကြောင်းဆိုပါတယ်။
ရိုဟင်ဂျာတွေရဲ့အခြေအနေကို သတိပြုဖို့လိုကြောင်းနဲံ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာသဘောထားဟာ အနာဂတ်အတွက်အရေးပါတဲ့အရာဖြစ်လို့ ကြိုဆိုကြောင်းပြောပါတယ်။ ဒါ့အပြင်အာဆီချက်အချက်(၅) ချက်မူကိုလက်ခံပေမဲ့ နောက်ထပ် အခြေအနေမဆိုးခင်မှာ အချိန်မြန်မြန်နဲ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားပါတယ်။ စစ်တပ်အနေနဲ့ NUG အစိုးရ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်လူထုအဖွဲ့တွေ။ CDM အဖွဲ့တွေ။ အလုပ်သမားသမဂ္ဂတွေ သပိတ်ကောင်စီတွေနဲ့ တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာတာဝန်ခံမှုယန္တယားကို အသုံးချပြီး တရားမျှတမှုဖော်ဆောနိုင်ဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးကို ရရှိအောင် လုပ်ဆောင်ပေးသင့်ကြောင်း ဆိုပါတယ်။ ကောင်စီအဖွဲ့ဝင်များအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အရပ်ဖက်လူထုအဖွဲ့များရဲ့အသံကို အလေးထားနားထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ Credit