အခက်အခဲဖြစ်နေ တဲ့ ပြည်သူတွေ ပြုံးပျော် ပီတိ ဖြစ်သွားရလောက် တဲ့ အလှူလေးတစ်ခုကို မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ယွန်းမီမီကျော်
|အခုနောက်ပိုင်း အနုပညာလုပ်ငန်းမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့ မော်ဒယ်မလေး ယွန်းမီမီကျော်ကတော့ ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။အမြဲတမ်းဖက်ရှင်အလန်းစားတွေနဲ့ ဆွဲဆောင်မှုရှိရှိလန်းနေတဲ့ အမိုက်စားပုံလေးတွေကြောင့်လည်း ပုရိသတွေ အများဆုံးဝန်းရံ အားပေးကြတာလည်းတွေ့ရပါတယ်။
ချစ်စရာ ဟန်ပန်အမူရာလေးတွေရယ် အမိုက်စားခန္ဓာကိုယ်လေးရယ် ပိုင်ဆိုင်ထားတဲ့ သူမကတော့ ခုချိန်ထိပရိသတ်တွေရဲ့ရင်ထဲမှ ရှိနေတုန်းပဲဖြစ်ပါတယ်။ အလုပ်တွေလည်း ကြိုးစားလုပ်ကိုင်သလို အလှူအတန်းဆိုရင်လည်း ထိပ်ဆုံးက ပါဝင် လှူတန်းတတ်သူလေးပါ ။ အခုလည်း ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးမှာ အလှူအတန်းတွေ များစွာ ပြုလုပ်ခဲ့ပြန်ပါတယ်။
ဒီလိုကာလကြီးမှာ အခက်အခဲဖြစ်နေတဲ့ မြောက်ဥက္ကလာက အိမ်ထောင်စု (၃၀၀) စာအတွက် ဆန်၊ကြက်ဥ ၊ ခေါက်ဆွဲ အပြင်သဘာဝတရားရိပ်သာအတွက် ဆန် ၂၅အိတ်တို့ကို လှူဒါန်းခဲ့ပါတယ် ။ အလှူနဲ့ပတ်သက်ပြီးလည်း ” လှူဒါန်းမွေးနေ့အလှူကိုတော့ ဒီလိုအချိန်မှာ တကယ်လိုအပ်နေတဲ့နေရာလေးဖြစ်တဲ့ မြောက်ဥက္ကလာဘက်က အိမ်ထောင်စု ၃၀၀စာ အတွက် ဆန်၊ကြက်ဥ ၊ ခေါက်ဆွဲ နဲ့ သဘာဝတရားရိပ်သာအတွက်ဆန် ၂၅အိတ်လှူဒါန်းဖြစ်တယ် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – cele Zone
Photo – Yoon Mhi Mhi Kyaw