အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မီးနိုနဲ့ ပတ်သက်ပြီး ပြောပြလာ တဲ့ အဆိုတော်လီယို

ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ အဆိုတော်မီးနိုကတော့ ဒီကနေ့ ဇူလိုင်လ (၆)ရက်နေ့ မနက်ပိုင်းကပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်..။

မီးနိုဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုတော့ သူငယ်ချင်းဖြစ်သူ အဆိုတော်လီယိုက အားလုံးကို အသိပေးပြောပြခဲ့တာ ဖြစ်ပါတယ်..။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

“ကျနော့် သူငယ်ချင်း မီးနိုကို မတရား ဖမ်းဆီးသွားပါပြီ”လို့ မီးနိုရဲ့ သူငယ်ချင်းအတွက် အဆိုတော် Leo က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အတည်ပြု ပြောထားတာပါ..။

လီယိုကတော့ သူငယ်ချင်းမီးနိုရဲ့ စိတ်မကောင်းစရာ သတင်းတွေကြောင့် မယုံနိုင်အောင်ဝမ်းနည်းနေရပြီး ပရိသတ်တွေကလည်း စိတ်ပူနေကြရတာ ဖြစ်ပါတယ်..။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း မီးနိုအတွက် စိုးရိမ်ပူပန်နေကြရသလို အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်လို့ သိရပါတယ်..။

အဆိုတော်မီးနိုဟာ ပြီးခဲ့တဲ့လပိုင်းတွေက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေနဲ့ ကရင်စစ်ဘေးရှောင်များအတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ပို့ဆောင်လှူဒါန်းခဲ့ပြီးအခြား လိုအပ်နေတဲ့ နေရာတွေကိုလည်း ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးနေသူ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: LEO – လီယို Fb Page

Add a Comment

Your email address will not be published.