ေတာထဲမွာ ဒုကၡေတြမ်ားစြာနဲ႔ ေနထိုင္ခဲ့ရေပမယ့္လည္း စိတ္ဓာတ္မက်ဘဲ ေတာ္လွန္ေနဆဲျဖစ္ေၾကာင္း ပုံႏွင့္တကြ သက္ေသျပလိုက္တဲ့ ေမဦးတို႔ခ်စ္သူႏွစ္ဦး

ေမာ္ဒယ္ဟန္လင္းကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနေသာ လူထူလႈပ္ရွားမႈေတြမွာ ျပည္သူေတြဘက္ကေနရပ္တည္ေပးခဲ့သူတစ္ဦး ျဖစ္ပါတယ္။ လက္ရွိမွာလည္း လြတ္ေျမာက္နယ္ေျမတစ္ေနရာသို႔ ေရာက္ရွိေနၿပီျဖစ္ၿပီးေတာ္လွန္ေရးအတြက္ က်ရာေနရာကေန ပါဝင္တိုက္ပြဲဝင္ဖို႔အတြက္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ ျပည္သူေတြေသြးမေအးၾကေစရန္အတြက္ လူမႈကြန္ယက္မွတစ္ဆင့္ စိတ္ဓာတ္ခြန္အားမ်ား ေပးေနၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ဟန္လင္းရဲ႕ Facebook Page တြင္ ေတာထဲမွာ အခက္အခဲဒုကၡေတြမ်ားစြာနဲ႔ ေနထိုင္ရေပမယ့္ စိတ္ဓာတ္မက်ဘဲ ေတာ္လွန္တိုက္ပြဲဝင္ေနဆဲျဖစ္ေၾကာင္း ဓာတ္ပုံႏွင့္တကြ သက္ေသျပလိုက္ျပန္ၿပီပဲ ျဖစ္ပါတယ္။ အႏုပညာရွင္ေတြ ျဖစ္ၾကေပမယ့္လည္း အာဏာရွင္လူတစ္စုကို အျမစ္ျဖတ္ေခ်မႈန္းဖို႔လြတ္ေျမာက္နယ္ေျမတြင္ ႀကိဳးစား႐ုန္းကန္ ေနထိုင္ေနၾကတာ ျဖစ္ပါတယ္။ ေတာ္လွန္ေရးမၿပီးေသးဘူးဆိုတဲ့ အသိနဲ႔သတိအၿမဲ ရွိေနတယ္ဆိုတဲ့ အေၾကာင္းကိုလည္း အခုလိုေရးသားထားတာ ျဖစ္ပါတယ္။

” အ လြမ္း ေျပ … ေတာ္လွန္ေရး မၿပီးေသးဘူးဆိုတဲ့ အသိနဲ႔သတိ အၿမဲကပ္ထားတယ္ … ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဟန္လင္းတို႔အတြဲကို အၿမဲသတိရွိရွိေနထိုင္ၾကဖို႔comment မ်ားေရးသား ထားၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။ ေရာင္နီလာမယ့္ ေန႔သစ္ေတြ မၾကာခင္မွာေရာက္လာေတာ့မွာ ျဖစ္တဲ့အတြက္ ေသြးေအးမသြားၾကဘဲ တတ္ႏိုင္တဲ့ဘက္ကေန ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကပါဦးလို႔ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Han Lin’s Facebook Page

unicode

မော်ဒယ်ဟန်လင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထူလှုပ်ရှားမှုတွေမှာ ပြည်သူတွေဘက်ကနေရပ်တည်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီးတော်လှန်ရေးအတွက် ကျရာနေရာကနေ ပါဝင်တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေသွေးမအေးကြစေရန်အတွက် လူမှုကွန်ယက်မှတစ်ဆင့် စိတ်ဓာတ်ခွန်အားများ ပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဟန်လင်းရဲ့ Facebook Page တွင် တောထဲမှာ အခက်အခဲဒုက္ခတွေများစွာနဲ့ နေထိုင်ရပေမယ့် စိတ်ဓာတ်မကျဘဲ တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ သက်သေပြလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေ ဖြစ်ကြပေမယ့်လည်း အာဏာရှင်လူတစ်စုကို အမြစ်ဖြတ်ချေမှုန်းဖို့လွတ်မြောက်နယ်မြေတွင် ကြိုးစားရုန်းကန် နေထိုင်နေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့ အသိနဲ့သတိအမြဲ ရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလိုရေးသားထားတာ ဖြစ်ပါတယ်။

” အ လွမ်း ပြေ … တော်လှန်ရေး မပြီးသေးဘူးဆိုတဲ့ အသိနဲ့သတိ အမြဲကပ်ထားတယ် … ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဟန်လင်းတို့အတွဲကို အမြဲသတိရှိရှိနေထိုင်ကြဖို့comment များရေးသား ထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ ရောင်နီလာမယ့် နေ့သစ်တွေ မကြာခင်မှာရောက်လာတော့မှာ ဖြစ်တဲ့အတွက် သွေးအေးမသွားကြဘဲ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါဦးလို့ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Han Lin’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *