၅၀၅(က)နဲ့အမှုပိတ်သိမ်းခံရပြီးနောက်မှာ ခွေးဂေဟာလေးမှာ အလှူလုပ်ရင်း ပရိသတ်ရှေ့ပြန်လည်ရောက်ရှိ လာ တဲ့ ကျော်ကျော်နန္ဒ
|အာဏာသိမ်းဖြစ်ပွားအပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေများစွာရှိသလို အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေလည်းများစွာရှိခဲ့ပါတယ်။ အခုလိုဖမ်းဝရမ်းထုတ်ခဲ့ရတာကြောင့် ရှောင်ပုန်းခဲ့ရတဲ့အထဲမှာ ကျော်ကျော်နန္ဒလည်းအပါအ၀င်ဖြစ်ခဲ့ပါတယ်။
ကျော်ကျော်နန္ဒက ဆင်းရဲဒုက္ခတွေနဲ့အချိန်တစ်ခုကြာရှောင်ပုန်းခံရပြီး မကြာသေးမီအချိန်ကတော့ စစ်ကောင်စီဘက်ကနေ ၅၀၅(က)နဲ့အမှုဖွင့်ထားခဲ့တဲ့ အနုပညာရှင်အချို့ကိုပြန်လည်ရုတ်သိမ်းပေးခဲ့တဲ့ စာရင်းထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ အခုလိုအမှုပိတ်သိမ်းခံရပြီးနောက်မှာတော့ ကျော်ကျော်နန္ဒကနေအိမ်ကိုပြန်ခွင့်ရခဲ့ကာ ခွေးဂေဟာလေးမှာသွားရောက်အလှူလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကာလမှာ လူတွေလည်းစားဝတ်နေရေးကြပ်တည်းနေကြသလို ခွေးဂေဟာလေးတွေမှာလည်း လှူမဲ့အလှူရှင်မရှိတာကြောင့် ခွေးလေးတွေခမျာအစားအသောက်ရှားပါးနေကြရတာပါ။
အခုလို တိလေးတွေရဲ့ဂေဟာကိုသွားကာ ပေါင်မုန့်တွေနဲ့ အသားတွေလှူဒါန်းခဲ့တဲ့ကျော်ကျော်နန္ဒရဲ့အလှူကတော့ အင်မတန်မွန်မြတ်လှပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ယနေ့ အေးချမ်းသောအလှူတိ ကလေးတွေ အတွက်
ကုသိုလ်အားလုံးအေးချမ်းကြပါစေ…..” ဆိုတဲ့ captionလေးနဲ့အတူ ခွေးဂေဟာလေးမှာသွားရောက်လှူဒါန်းကုသိုလ်ယူခဲ့တဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
သတင်းအရင်းမြစ်: Kknd-L ကျော်ကျော်နန္ဒ Fb Page