သတင်းသုံးသပ်ချက်လေးတွေ တင်ပေးပါဆိုလို. တင်ပေး ပါ့မယ် ဒေါက်တာ ကျော်ကျော်လင်း
|သတင်းသုံးသပ်ချက်လေးတွေ တင်ပေးပါဆိုလို. တင်ပေးပါ့မယ်။
ကြားရသလောက် NUG က သံတမန်ရေးကော၊ စစ်ရေးကော ဘက်ညီညီ သွားနေတာ သိရတယ်။ သံတမန်ရေးကတော့ နိုင်ငံတကာ အသိမို.လို. ဖုံးဖိမရဘူး။ ဒါတောင် သူတို. လျှို.ဝှက်သင့်လို. လျှို.ဝှက်ထားတာတွေ ရှိနိုင်သေးတယ်ဆိုတာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာတွေ ကြည့်ရင် သိနိုင်ကြမှာပါ။
စစ်ရေးကတော့ တော်တော်ကို လျှို့ဝှက်ထားတာ တွေ.နေရတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာမို. အားပေးတယ်။
ဒေသခံ PDF တွေ ထဲမှာဆို မြန်မာပြည်အလယ်ပိုင်းက အသံညံလာပြီ။ အဲ့ထဲမှာ ကောလင်း သတင်းကို အကျဉ်းချုပ်ပြောပြပေးပါ့မယ်။
ကောလင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နှစ်ပွဲကခဲ့ကြတယ်။
ပထမတစ်ပွဲကို PDF က ဖြတ်တိုက်ဆိုပြီး ခေါင်းစဉ်တပ်တယ်။
ကားနှစ်စီး အနည်းဆုံး ပက်လက်လန်သွားတယ်။ အဲ့မှာ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကို ကျန်တဲ့ PDF တွေ သင်ခန်းစာ ယူနိုင်အောင် ပြောပြပေးပါ့မယ်။
ကောလင်း မြို.ပြင်မှာ ဖြစ်တာကို ဒေသခံ PDF page က ချက်ချင်း သတင်းတင်မိတယ်။ အဲ့မှာ ကောလင်း မြို.ထဲမှာ ရှိတဲ့ မအလတွေက ကြောက်ကန်ကန်ပြီး စခန်းတွေထဲကနေ အပြင်ကို လက်နက်ငယ်တွေနဲ.သာမက RPG တွေနဲ.ပါ ရမ်းသမ်းပစ်ပါလေကော။ အဲ့မှာ တချို.အိမ်တွေပေါ် ကျည်တွေ ကျပြီး ကွဲရာကနေ အိမ်တွင်းက လူတွေပါ ထိခိုက်မှု အနည်းအကျဉ်းဖြစ်ပါလေကော။
အဲ့လို ရမ်းသမ်းပစ်တဲ့ နေရာတွေမှာ မအလတို.က တစ်နေရာကို လူ ၃၀ ထက်မပိုဘူး။ အဲ့ထက်တောင် နည်းတယ်လို.သတင်းရတယ်။
အမှန်သာ အဲ့နေရာက ဟိုဖက်မှာ မအလတွေ ကျကုန်တာသာ မသိရင် တခြား PDF အဖွဲ.က ဝင်သမလို.တောင် ရတဲ့ အနေအထားမှာ ရှိတယ်တဲ့။ အဲ့လောက်ဆို သဘောပေါက်ကြမှာပါ။
ဒုတိယတစ်ပွဲကတော့ PDF က ချေမှုန်းရေးဆိုပြီး ခေါင်းစဉ်တပ်တယ်။
ဒုတိယတစ်ပွဲလည်း ကားနှစ်စီး လုံးဝကြွသွားတယ်။ ဒါပေမယ့် မအလတို.က တတိယ တစ်စီးမှာ လက်နက်ကြီးနဲ. စက်သေနတ် အကြီးစား (စက်လတ်ဖြစ်နိုင်ချေ) နဲ. ပြန်ခုခံတော့ PDF ဖက်က ၃ သို. ၄ လောက် ကျသွားတယ်။ အဲ့ထဲက တစ်ယောက်ဆို မအလပစ်ကွင်းထဲမှားဝင်သွားတာ။ အဲ့ဒါကြောင့်ရှေ့ကို မမဲမိဖို့လိုတယ် ဆ်ုတာ သင်ခန်းစာရတယ်။
ဘာဖြစ်ဖြစ် အထက်က သတင်းဖြန့်ချီရေး အမှားမျိုး ထပ်မကျူးလွန်ခဲ့တာတော့ အမှန်ဖြစ်ပေမယ့် နောက်ထပ် အမှားတစ်ခု ထပ်ဖြစ်လာတယ်။
အွန်လိုင်းပေါ် ကနေ ညီလေးရေ ဝမ်းနည်းလိုက်တာဆိုပြီး ပို.စ်တင်တော့ မန်.တွေမှာ ဘယ်သူ.သားသမီး၊ ဘယ်သူ. အမျိုးဆိုပြီး လာဝမ်းနည်းပြကြတော့ မအလတို.က ဒလံခေါ်ပြီး အဲ့အိမ်တွေ လိုက်ဖမ်းတော့ တစ်မိသားစုလုံး ရှောင်ရတော့တာပေါ့ဗျာ။
ပထမ အမှားက တကယ်တော့ တစ်ရက်နောက်ကျပြီး တင်ရင် ပြဿနာမဖြစ်နိုင်ပေမယ့် ဒုတိယအမှားကတော့ လုံးဝကို မလုပ်သင့်တော့ တဲ့ အမှားပါ။
ဘာဖြစ်ဖြစ် နှစ်ပွဲပေါင်း မအလ အနည်းဆုံး ၅၀ အောက်မဆင်းတဲ့ အရေအတွက်က ငရဲ ရောက်သွားပြီ။ မသန်မစွမ်း ဘယ်နယောက်ဖြစ်သွားလဲ တော့ မသိဘူး။
အဲ့ဒါကြောင့် တပ်က မိတ်ဆွေများကို မအလကို စွန်.ခွာပါလို. ပြောနေတာ။
တလောက ကောလင်း ထွေအုပ်အဖွဲ. ထွက်တယ်ဆိုတာ အလကားမဟုတ်ဘူး။ အဲ့ထဲက တချို.က တကယ်ကို မအလခေတ် လပိုင်းအတွင်းမှာ ကောင်းစားနေခဲ့တာ အမှန်တဲ့။ အဲ့လို ကောင်းစားနေရာကနေ ချက်ချင်းကြီး ထွက်တယ်ဆိုကတည်းက မအလတို. ဘယ်လောက် အခြေအနေ မကောင်းဘူးဆိုတာ ကို အသေအချာ သိလို. ထွက်တာ သေချာတယ်လို. သတင်းရထားပါတယ်။
ဒီပဲယင်းက အဖြစ်က မိုးများတော့ တူးမီးက ပစ်မရတော့ အတော်ခံလိုက်ရတာလို. ကြားပါတယ်။
ဘာဖြစ်ဖြစ် အညာရဲ. တိုက်ပွဲခေါ်သံတွေနဲ. အောင်ပွဲက မြိုင်လာပြီလို. ပြောလို.ရပါတယ်။
ဒီလောက်ဆို ကောလင်းနဲ. အထက်အညာ အခြေအနေ ဘယ်ဘက်က အားသာနေပြီလဲ ဆိုတာ မိတ်ဆွေတို. အားလုံး ခန်.မှန်းလို.ရကြမှာပါ။
တဆက်တည်းပြောချင်တာကတော့ CDM အကူအညီတောင်းတဲ့သူအသစ်တွေကတော့ ၁၁ ရက်နေ.အထိ ဆက်စောင့်ပေးပါ။ လက်ရှိ လူတွေကို အရင် စိစစ်ပြီး လှူပေးနေပါတယ်။
ကျနော် လာပြောမှ ပြန်ဆက်သွယ်ပါ။ မဟုတ်ရင် အရှေက ပို.စ်မှာ ပြောထားတဲ့ ပြဿနာကို ရင်ဆိုင်နေရလို.ပါ။
အလှူရှင်များကိုလည်း ကျေးဇူးတင်တာ ပြန်မပြောရသေးရင်လည်း ခွင့်လွှတ်ပေးပါနော်။ မြင်သမျှတော့ အတတ်နိုင်ဆုံး ကျေးဇူးတင်ပေးပါတယ်ဗျာ။ ဆက်ပြီးလည်း လှူပေးကြပါ။ အနည်းအများထက် စေတနာက အဓိကပါ။ တချို့ လွှဲရမယ့် အကောင့် အမျိုးအစားတွေက အဆင်ပြေချောမွေ့အောင် လုပ်နေဆဲမို. ခဏလောက်စောင့်ပေးပါ။ ဒါပေမယ့် ကျနော့်ကိုလည်း အားမနာပဲ ဆက်သွယ်မေးကြပါနော်။
ကျေးဇူးတင်လျက်
ဒေါက်တာကျော်ကျော်လင်း (7.7.21)
credit