အကြမ်းဖက်မှုတွေကြားက ကိုယ်ကျိုးစွန့်ပြီး စစ်ရှောင်ပြည်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေး ခဲ့ တဲ့ နှလုံးလှဆရာဝန်များ
|မြန်မာပြည်အတွင်း မတည်ငြိမ်သေးတဲ့အခြေအနေတွေကြောင့် အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူတွေမှာ အခက်အခဲတွေနဲ့ သောကရောက်နေကြတာ ဖြစ်ပါတယ်..။
တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးရှောင်နေကြတွေမှာ တောထဲတောင်ထဲ ဆင်းရဲမှုများစွာနဲ့ ပင်ပန်းခက်ခဲနေကြရပြီး ပြည်သူတွေမှာ အချင်းချင်းဖေးမကူညီရင်း ဒီကာလဆိုးကြီးကို အားတင်းဖြတ်ကျော်နေကြရတာ ဖြစ်ပါတယ်..။
စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေအပြင် အသုံးအဆောင်တွေ ပေးပို့လှူဒါန်းကြသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း တတ်နိုင်သလောက် ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ်..။
အခုလို မိုးတွင်းကာလကြီးမှာ ဆေးဝါးအကူအညီတွေ အများအပြားလိုအပ်နေတဲ့အတွက်လည်း ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာလည်း တောတောင်အန္တရာယ်တွေထဲအထိ သွားရောက်ကာ ပြည်သူတွေကို ဖေးမကူညီနေကြတာပါ..။
လမ်းပန်းဆက်သွယ်မှု အခက်အခဲတွေအပြင် အကြမ်းဖက်မှုတွေကြားက ကိုယ်ကျိုးစွန့်ပြီး စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့တဲ့ နှလုံးလှဆရာဝန်တွေရဲ့ စေတနာမေတ္တာတွေကတော့ တကယ်ကို လေးစားချီးကျူးစရာလည်း ကောင်းလွန်းပါတယ်..။
အခုလိုအခြေအနေကာလကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေရဖို့အတွက် တောင်ပေါ်ဒေသမှာ နေထိုင်ရတဲ့ သွေးချင်းတွေက ပိုပြီးခက်ခဲနေတာကြောင့် ပြည်သူတွေလည်း တတ်နိုင်သလောက် ဖေးမကူညီ လှူဒါန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။
သတင်းအရင်းမြစ်: Clean Yangon’s Fb Page