ပြည်သူများအတွက် အားရစရာ အစီရင်ခံတခုပါ။
|မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိ Tom Andrew က ဒီကနေ့လူ့အခွင့်အရေးကောင်စီမှာပြောကြားခဲ့တဲ့ အစီရင်ခံချက်ပါ။
အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျချိုးဖောက်နေမှုဟာ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်နေပြီလို့ စစချင်းမှာ ပြောကြားသွားပါတယ်။ ဒီလိုကျုးလွန်နေတာနဲ့ပတ်သက်ပြီး နိုင်ငံတကာက လုပ်သင့်တာမလုပ်နိုင်ဘဲဖြစ်နေတဲ့အခြေအနေကို အမြန်ဆုံးရပ်တံ့ရမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရက်ရက်စက်စက်ဖြိုခွင်းပေမဲ့လဲ ဝန်ထမ်းတွေ ရုံးတက်ဖို့ ငြင်းဆန်နေကြတယ်။စစ်တပ်ပိုင်ပစ္စည်းတွေကို သပိတ်မှောက်နေကြတယ်။ NUG အစိုးရက ထောက်ခံအားပေးနေတယ်လို့ ဆိုပါတယ်။NUG အစိုးရဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကိုဖော်ဆောင်ဖို့နဲ့ နိုင်ငံသားအပြည့်အဝရရှိနိုင်ရေးလုပ်ဆောင်နေတဲ့အတွက် ကြိုဆိုကြောင်းပြောသွားပါတယ်။ NUG ဟာ လူသားချင်းစာနာမှုအကူအညီတွေကို နိုင်ငံအတွင်းကိုရောက်ရှိကူညီနိုင်ဖို့ကြိုးပမ်းနေတဲ့အကြောင်း၊ ICC ကိုလက်မှတ်ထိုးပြီး ချိုးဖောက်ခံပြည်သူတွေအားလုံးအတွင် တရားမျှတမှုဆောင်ကျဉ်းပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း တင်ပြသွားပါတယ်။ ဒါကြောင့်NUG အစိုးရကို ကုလအဖွဲ့ဝင်နိုင်ငံများအနေနဲ့ မိတ်ဆွေအဖြစ် ကြိုဆိုသင့်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေကို သတ်ဖြတ်မှု၊ ဖမ်းဆီးချုပ်နှောင်မှု နေရပ်ကနေ အတင်းအကြပ်ထွက်ခွာစေမှု၊ သေဆုံးတဲ့အထိနှိပ်စက်ညှင်းပမ်းမှု၊ သတင်းမီဒီယာနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် ပုဒ်မအမျိုးမျိုးနဲ့အရေးယူမှု၊ တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်သူတွေအပါ် ရိက္ခာဆေးဝါးဖြတ်တောက်မှုတွေကို တင်ပြသွားပါတယ်။ အသက် (၅) နှစ်အရွယ်ကလေးကို ဓါးစာခံဖမ်းဆီးမှုကို တိတိကျကျထုတ်ဖော်ပြောသွားပါတယ်။ ဒါ့အပြင် COVID 19 အခြေအနေနဲ့ စိုးရိမ်စရာအချက်တွေကို တင်ပြသွားပါတယ်။
သူပြောသွားတဲ့အချက်တချို့ကတော့
“မြန်မာပြည်သူတွေဟာ တိုင်းပြည်ကို ကယ်ဖို့ လုပ်ဆောင်နေကြပါတယ်။ အချိန်မနှောင်းခင်မှာသူတို့တွေကို ကူညီပေးဖို့ အထူးလိုအပ်နေပါပြီ။”
“ မြန်မာပြည်သူများအတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့ Emergency Coalition for the People of Myanmar ကိုဖွဲ့စည်းဖို့တောာင်းဆိုပါတယ်။ တချိုနိုင်ငံတွေက မြန်မာပြည်သူတွေကို ကူညီချင်ပေမဲ့ တချို့နိုင်ငံတွေက နေနိုင်လွန်းနေတဲ့အတွက် အခုလို တောင်းဆိုတာပါ။ ခိုင်မာပြီး လက်တွဲလုပ်ဆောင်မှုတွေမရှိတဲ့ နိုင်ငံတကာအခင်းအကျဉ်းကြောင့် လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်ပျက်ခဲ့လဲဆိုတာ အားလုံးအသိပါ၊နိုင်ငံတကာက အခုပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အခြေအနေက ပိုမိုဆိုးဝါးသွားပါလိမ့်မယ်။”
“မြန်မာပြည်သူဖက်က ရပ်တည်လိုတဲ့နိုင်ငံများအနေနဲ့ အဓိပ္ပာယ်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလဲရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒါမှသာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို တိုက်ခိုက်နေတာတွေကို လျော့ချနိုင်မှာဖြစ်တယ်။ ပြည်သူတွေရဲ့အသက်ကို ကယ်နိုင်မှာဖြစ်တယ်။ မြန်မာနိုင်ငံပ၎ငိးပက္ခကို ကောင်းမွန်စွာနဲ့ နိဂုံးချုပ်နိုင်မှာဖြစ်တယ်။”
“လုပ်ဆောင်ဖို့ အကြံပြုတိုက်တွန်းလိုတာက
(၁) စစ်တပ်ရဲ့ဝင်ငွေရလမ်းတွေကို လျော့ချဖို့ဖြစ်တယ်။ နိုင်ငံတချို့က စစ်တပ်ခေါင်းဆောင်တွေ၊ သူတိုံရဲ့စီးပွားရေးတွေကို ပိတ်ဆို့ပါ။ အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဏကို ပိတ်ဆို့ကြပါ။
(၂) စစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချမှုကို တားမြစ်ပေးပါ။
(၃) စစ်ခေါင်းဆောင်တွေနဲ့ ရာဇဝတ်ကျုးလွန်သူတွေကို တရားစွဲဆိုနိုင်ဖို့ပြင်ဆင်ပါ။ အချက်အလက်တွေစုဆောင်းပါ။
(၄) NUG အစိုးရနဲ့လက်တွဲပြီး စစ်တပ်နဲ့မဆက်စပ်ဘဲ လူသားချင်းစာနာတဲ့အကူအညီတွေကို ထောက်ပံ့ပေးပါ။
(၅) အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဝင်မှုကို ငြင်းဆိုပါ။
ကျေးဇူးပါ။