ပြန်လည်လွတ်မြောက်လာပြီ လို့ သတင်းရရှိ တဲ့ အဆိုတော်မီးနို

ပြီးခဲ့တဲ့ ရက်ပိုင်းက နေအိမ်ကနေ ဖမ်းဆီးခံခဲ့လိုက်ရတဲ့ အဆိုတော်မီးနိုဟာ ဒီကနေ့မှာတော့ ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

မီးနိုလွတ်မြောက်လာတဲ့အကြောင်းကိုတော့ သူမနဲ့ နီးစပ်ရာအသိုင်းအဝိုင်းက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားကာ ဝမ်းသာအားရ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မီးနိုကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၆)ရက်နေ့က နေအိမ်ကနေ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပြီး (၂) ရက်အကြာ ဒီကနေ့ ဇူလိုင်(၈)ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာပါ..။

လက်ရှိအချိန်ကာလကြီးမှာ ပရဟိတအလုပ်တွေနဲ့ ပြည်သူ့အကျိုးပြုနေတဲ့ မီးနိုတစ်ယောက် အခုလို ပြန်လည်လွတ်မြောက်လာတဲ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်..။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ကျန်းကျန်းမာမာနဲ့ အချိန်တိုအတွင်း ပြန်လည်လွတ်မြောက်လာတဲ့ မီးနိုအတွက် မိသားစုတွေနဲ့ထပ်တူ စိတ်အေးဝမ်းသာရသလို ပရိသတ်တွေအတွက်လည်း သတင်းကောင်းလေးကို ဝေမျှအသိပေးလိုက်ပါတယ်နော်..။

မီးနိုဟာ 2009 Melody World ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ အနုပညာရှင်အဖြစ်လည်း ရပ်တည်နေသလို စစ်ရှောင်ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit – Mee No’s Fb Acc

Add a Comment

Your email address will not be published.