ဆရာဝန်တွေ ခွဲစိတ်ထုတ်ပြ ခဲ့ တဲ့ ဆေးလိပ်သောက် သူ တစ်ယောက် ရဲ့ ထိတ်လန့်ဖွယ်ရာ အဆုတ်
|ယနေ့ခေတ်ကာလမှာတော့ ဆေးလိပ်ကို အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သောက်သုံးလာကြတာ တွေ့ရှိရပါတယ်။ ဒါဟာ အရမ်းထူးဆန်းတဲ့အရာမျိုးတော့မဟုတ်ပေမယ့် အမြဲတမ်းသောက်သုံးနေမယ်ဆိုရင်တော့ အဆုတ်ဟာ ပျက်စီးလာနိုင်ပါတယ်။
အဆုတ်ပျက်စီးလာပီဆိုရင်တော့ မောတာတွေ အသက်ရှူမဝတာတွေ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ အဆုတ်ကင်ဆာရောဂါကိုပါ ခံစားရစေနိုင်ပါတယ်။ ယခုတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေကို ဆရာဝန်တွေထုတ်ပြခဲ့တဲ့ ဆေးလိပ်သောက်သူတစ်ယောက်ရဲ့ ပျက်ဆီးနေတဲ့ အဆုပ်ပုံစံကို ဖော်ပြပေးချင်ပါတယ်။
ဒီအဆုတ်ကတော့ နှစ်ပေါင်း 30 လောက်ဆေးလိပ်သောက်လာသူ တစ်ယောက်ရဲ့ အဆုတ်ဖြစ်ပြီး သူ့ရဲ့အဆုတ်ဟာ ပုံမှန်နဲ့မတူတော့ဘဲ တော်တော်လေး ပျက်ဆီးနေတာကိုတွေ့ရမှာပါ။ လက်ရှိအချိန်မှာတော့ အဆုတ်ပိုင်ရှင်အမျိုးသားဟာ ဆေးလိပ်သောက်ရာကနေရတဲ့ နောက်ဆက်တွဲရောဂါတွေနဲ့ သေဆုံးသွားခဲ့ပြီဲဖြစ်ပြီး ပရိသတ်တွေထဲမှာ ဆေးလိပ်အရမ်းသောက်တဲ့သူတွေရှိရင် အချိန်မှီ ရပ်တန့်နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Elitereader