မီတာခပေးဆောင် ရန် ဝန်ကြီးဋ္ဌာနကမေတ္တာရပ်ခံပြီး နာရီပိုင်း အကြာ လျှပ်စစ်ရုံးများ ဗုံးကွဲ

ကျသင့်သည့်လျှပ်စစ်မီတာခများ ပေးဆောင်ကြရန် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဋ္ဌာနက ယမန်နေ့ ည ၈ နာရီတွင် မေတ္တာရပ်ခံစာထုတ်ပြန်ပြီး နာရီပိုင်းအကြာ မီတာရုံး ၃ ခုတွင် ယနေ့မနက်ပိုင်း ပေါ က်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

လမ်းမတော်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်များရှိ မီတာရုံးများ ယနေ့မနက်ပိုင်းက ပေါ က်ကွဲမှုများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီအား ဝင်ငွေရလမ်းရှာပေးနေသည့် ဒေါက်တိုင်များအား တို က်ခိုက်သွားမည်ဖြစ်ပြီး ကူညီသူများ၏ အသက်ကိုအာမမခံတော့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ က ယမန်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနက ပြည်သူများသုံးစွဲနေသည့် လျှပ်စစ်မီတာခများပေးဆောင်ပါမှ ဓာတ်ငွေ့များဝယ်ယူနိုင်မည်ဖြစ်ပြီး၊ မဝယ်ယူနိုင်ပါက အလှည့်ကျလျှပ်စစ်မီးပေးသည့် စနစ် ကျင့်သုံးဖွယ်ရှိကြောင်း မေတ္တာရပ်ခံစာတွင်ပါရှိသည်။

မီတာခများမဆောင်သည့် အိမ်များအား လျှပ်စစ်မီးဖြတ်တောက်မှုများကြောင့် ဇူလိုင် ၇ ရက်တွင် တာမွေ၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်များရှိ လျှပ်စစ်ရုံးများအား ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

TheUnionLightNews

မီတာရုံးများဗုံးကွဲ

Photo:CJ

ပုံစာ။ ။ ယနေ့မနက် စမ်းချောင်းမြို့နယ်မီတာရုံး ပေါက် ကွဲမှုဖြစ်သည်။

Add a Comment

Your email address will not be published.