အောက်ဆီဂျင်ထုတ်စက်ရုံ အမြန်ဆုံးဆောက် လုပ် လှူဒါန်း မယ့် အကယ်ဒမီ နန္ဒာလှိုင်

ပြည်သူများ အရေးတကြီးလိုအပ်နေတဲ့ အောက်ဆီဂျင် တွေကို စက်ရုံ ဆောက်ပြီးလှုဖို့ စီစဉ်နေပြီး စက်အဆင်သင့်ရောင်းဖို့ရှိပါက တစ်ပတ်အတွင်းလောက် အမြန်ဆုံး လိုချင်ကြောင်း ဝါရင့်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင် က လူမှု့ကွန်ယက်မှတဆင့် အောက်ပါအတိုင်းရေးသားထားပါတယ်

****Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။ တပတ်အတွင်းလောက်လိုချင်ပါတယ်။***ဟု အကယ်ဒမီ နန္ဒာလှိုင် က ယနေ့ဇူလိုင် ၉ရက် ညနေပိုင်းတွင် ရေးသားခဲ့ခြင်းဖြစ်သည်.

ဓါတ်ပုံ Nandar Hlaing Fb

မြန်မာလူထုမီဒီယာ

#အကယ်ဒမီ

#နန္ဒာလှိုင်

Add a Comment

Your email address will not be published. Required fields are marked *