ပြေတီဦးတို့စုံတွဲ ပျော်ရွှင်စွာ ပွဲ တက်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သတိရစွာ ပြန်လည်တင်ပြလိုက်တဲ့ ပရိသတ်တစ်ဦး
|ပရိသတ်ကြီးရေ ထိပ်တန်း သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ကတော့ ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံထားရပြီး အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရ ပါတယ်နော်။ ပရိသတ်များ ကလည်း သူတို့ရဲ့ အိုင်ဒေါလင်မယားအတွက် ပူဆွေးနေကြရပါတယ်နော်။
အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လွတ်လာပေမယ့် သူတို့နှစ်ယောက်တော့ ပါမလာခဲ့ ပါဘူးနော်။ သားနဲ့ သမီးကို ခွဲပြီး ထောင်ထဲမှာ နေနေရတဲ့ နာမည်ကြီး သရုပ်ဆောင်နှစ်ဦးအတွက် တကယ်ကိုဝမ်းနည်းစရာပါပဲနော်။
အိန္ဒြာကျော်ဇင်ကို ချစ်ကြတဲ့ ပရိသတ်များ ကလည်း သူတို့ရဲ့ အိုင်ဒေါလင်မယား ပျော်ရွှင်စွာ ပွဲတက်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်တစ်ခု ပြန်တင်ပြီး သတိတရရှိနေကြ ပါတယ်နော်။ ထောင်ထဲမှာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးကြပါဦးပရိသတ်ကြီးရေ…
Credit:CELELUCKY