ကြော်ငြာခ ကို အောက်စီဂျင် အိုး အလှူနဲ့ ရှင်းပေးရင် လက်ခံ လုပ်ဆောင်ပေးသွားမယ့် မိတ်ကပ် မေဆူး

ပရိသတ်တွေရဲ့ အချစ်တော် အလှဖန်တီးရှင် တစ် ယောက် ဖြစ်တဲ့ မိတ်ကပ်မေဆူးကတော့ လတ်တလောမှာ Live လွှင့်ဈေးရောင်းပေးတဲ့ အလုပ် တွေကို ပြန်လည် လက်ခံပြီး လုပ်ဆောင် သွားမယ့်အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

Live လွှင့် ဈေးရောင်းရာကနေ အကျိုးအမြတ်အနေနဲ့ အောက်စီဂျင်ဘူးတွေလှူဒါန်းပေးသွားမှာပါ။Live လွှင့်ဈေးရောင်းပေးခကိုတော့ မိတ်ကပ် မေဆူးက ငွေတစ် ပြားတစ် ကျပ်မှ မယူ ဘဲ သူ့ကို ဈေးရောင်းပေးဖို့ ငှားတဲ့ လုပ်ငန်းရှင်ဘက်ကနေပြီးတော့ တစ်နာရီကို ဈေးရောင်းပေးခ အဖြစ် အောက်စီဂျင်တစ်အိုး၊ နှစ်နာရီငှားရင် နှစ် အိုးနှုန်း လှူဒါန်းပေးရမယ် ဆို တဲ့ သဘောတူညီချက် နဲ့ Live လွှင့် ဈေးရောင်းပေးသွားမှာဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Photo ကြော်ငြာတစ်ခု အတွက် ငှားရင်တော့ အောက်စီ ဂျင်အိုး (၅)အိုးလှူဒါန်းပေးရမှာပါ။မိတ်ကပ်မေဆူးကတော့ ဘာကြော်ငြာပဲရိုက်ရိုက် Post တင်ပြီး ကြော်ငြာပေးရတာပဲဖြစ်ဖြစ် အောက်စီဂျင်အိုးနဲ့ အလှူနဲ့ လက်ခံပေးသွားမှာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မိတ်ကပ် မေဆူးရဲ့ ကြော်ငြာ ခကို တစ် ပြားတစ်ချပ် မှ မယူဘဲ အောက်စီ ဂျင်အိုး လှူ ပေးပြီး ကြော်ငြာလက်ခံပေးသွားမယ်ဆို တဲ့ စိတ်ကူးလေးက တ ကယ် ကို ကောင်း မွန် လှ တဲ့ စိတ်ကူးလေးပါပဲနော်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Source – Ma Ma Sue

Add a Comment

Your email address will not be published. Required fields are marked *