ျမန္မာတစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္း မ်ား ကို ယာယီပိတ္ လိုက္ေၾကာင္း ထုတ္ျပန္ေၾကညာ

NLD အစိုးရလက္ထက္မွာ ျဖစ္ပြားခဲ့တဲ့ကိုဗစ္ေရာဂါကူးစက္မႈေတြကို အေကာင္းဆုံးထိန္းခ်ဳပ္ကာကြယ္ဖို႔အတြက္ တစ္ႏိုင္ငံလုံးရွိ အမ်ားျပည္သူေတြ သြားလာေနၾကတဲ့ ပန္းၿခံ၊ ဘုရားေစတီ၊ ဘာသာေရးေက်ာင္းေတြ နဲ႔ အေျခခံစာသင္ေက်ာင္းမ်ားအပါဝင္ကို ယာယီပိတ္ထားခဲ့ပါတယ္။

လက္ရွိ အာဏာရွင္လူတစ္စုရဲ႕ လက္ထက္မွာေတာ့ NLD အစိုးရလက္ထက္မွာ ပိတ္ထားခဲ့တဲ့ အေျခခံစာသင္ေက်ာင္းမ်ားကိုႏိုင္ငံေရးအေျခအေနနဲ႔ ေရာဂါကူးစက္မႈေတြ ၾကားကေန ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။

ျပန္လည္ဖြင့္လွစ္ခဲ့တဲ့ အေျခခံစာသင္ေက်ာင္းေတြနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူမ်ားဟာ ႏိုင္ငံေရးအေျခအေနနဲ႔ ေရာဂါကူးစက္မႈရွိတာေၾကာင့္ ကေလးေတြေက်ာင္းမတက္ခိုင္းဖို႔ ေျပာခဲ့ၾကေပးမယ့္ အေျခခံစာသင္ေက်ာင္းေတြမွာ သြားေရာက္ တက္ေရာက္ေနတဲ့ ကေလးသူငယ္တခ်ိဳ႕ဟာ လတ္တေလာမွာ ကိုဗစ္ေရာဂါေတြကို ကူးစက္ခံရမႈေတြ ရွိလာခဲ့ပါတယ္။

ဒီလို အေျခခံစာသင္ေက်ာင္းေတြမွာ ကေလးသူငယ္ေတြ ေရာဂါကူးစက္မႈေတြရွိလာတာေၾကာင့္ အခ်ိန္မီထိန္းခ်ဳပ္ကာကြယ္ တားဆီးႏိုင္ဖို႔ဆိုၿပီး ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အေျခခံစာသင္ေက်ာင္းမ်ားကို ယာယီပိတ္လိုက္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဇူလိုင္ (၈) ရက္ေန႔ ညပိုင္းမွာထုတ္ျပန္လာခဲ့ပါတယ္။

ယင္းထုတ္ျပန္ခ်က္ေတြအရ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို အခ်ိန္မီထိန္းခ်ဳပ္ကာကြယ္ တားဆီးႏိုင္ေရးအတြက္ အေျခခံပညာေက်ာင္းမ်ား၊ ပုဂၢလိကေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားကိုယေန႔ ဇူလိုင္ (၉) ရက္ေနမွ ဇူလိုင္ (၂၃) ရက္ေန႔အထိ (၂)ပတ္ၾကာ ယာယီပိတ္လိုက္တယ္လို႔ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ပရိသတ္ေတြလည္း လတ္တေလာမွာ ကိုဗစ္ကူးစက္မႈဟာ သိသိသာသာ ျမင့္တက္လာတာေၾကာင့္ ဂ႐ုတစိုက္ေနထိုင္သြားလာၾကဖို႔ အထူးလိုအပ္လွပါတယ္။

သတင္းအရင္းျမစ္: Source – Original Upload

unicode

NLD အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ကိုဗစ်ရောဂါကူးစက်မှုတွေကို အကောင်းဆုံးထိန်းချုပ်ကာကွယ်ဖို့အတွက် တစ်နိုင်ငံလုံးရှိ အများပြည်သူတွေ သွားလာနေကြတဲ့ ပန်းခြံ၊ ဘုရားစေတီ၊ ဘာသာရေးကျောင်းတွေ နဲ့ အခြေခံစာသင်ကျောင်းများအပါဝင်ကို ယာယီပိတ်ထားခဲ့ပါတယ်။

လက်ရှိ အာဏာရှင်လူတစ်စုရဲ့ လက်ထက်မှာတော့ NLD အစိုးရလက်ထက်မှာ ပိတ်ထားခဲ့တဲ့ အခြေခံစာသင်ကျောင်းများကိုနိုင်ငံရေးအခြေအနေနဲ့ ရောဂါကူးစက်မှုတွေ ကြားကနေ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ အခြေခံစာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူများဟာ နိုင်ငံရေးအခြေအနေနဲ့ ရောဂါကူးစက်မှုရှိတာကြောင့် ကလေးတွေကျောင်းမတက်ခိုင်းဖို့ ပြောခဲ့ကြပေးမယ့် အခြေခံစာသင်ကျောင်းတွေမှာ သွားရောက် တက်ရောက်နေတဲ့ ကလေးသူငယ်တချို့ဟာ လတ်တလောမှာ ကိုဗစ်ရောဂါတွေကို ကူးစက်ခံရမှုတွေ ရှိလာခဲ့ပါတယ်။

ဒီလို အခြေခံစာသင်ကျောင်းတွေမှာ ကလေးသူငယ်တွေ ရောဂါကူးစက်မှုတွေရှိလာတာကြောင့် အချိန်မီထိန်းချုပ်ကာကွယ် တားဆီးနိုင်ဖို့ဆိုပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံစာသင်ကျောင်းများကို ယာယီပိတ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် (၈) ရက်နေ့ ညပိုင်းမှာထုတ်ပြန်လာခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ် တားဆီးနိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုယနေ့ ဇူလိုင် (၉) ရက်နေမှ ဇူလိုင် (၂၃) ရက်နေ့အထိ (၂)ပတ်ကြာ ယာယီပိတ်လိုက်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ပရိသတ်တွေလည်း လတ်တလောမှာ ကိုဗစ်ကူးစက်မှုဟာ သိသိသာသာ မြင့်တက်လာတာကြောင့် ဂရုတစိုက်နေထိုင်သွားလာကြဖို့ အထူးလိုအပ်လှပါတယ်။

သတင်းအရင်းမြစ်: Source – Original Upload

Add a Comment

Your email address will not be published. Required fields are marked *