Covid – 19 အတြက္ ကန္ထ႐ိုက္ စနစ္ျဖင့္ ဆရာဝန္ မ်ား ငွားရမ္း မည္

Covid – 19 တတိယလႈိင္းတြင္ လိုအပ္သည့္ ဆရာဝန္မ်ားအတြက္ ကန္ထ႐ိုက္စနစ္ျဖင့္ ငွားရမ္းအသုံးျပဳမည္ဟု အာဏာသိမ္း စစ္ေကာင္စီ၏ ေခါင္းေဆာင္ ကာကြယ္ေရး ဦးစီးခ်ဳပ္မင္းေအာင္လႈိင္က ေျပာေၾကာင္း ျမဝတီသတင္းဌာနမွ တဆင့္ ေျပာသည္။

လိုအပ္သည့္ ဆရာဝန္မ်ားအျပင္ လုပ္အားေပး ကူညီေပးမည့္သူမ်ား Volunteer မ်ားကိုပါ ေန႔စားစနစ္ျဖင့္ ငွားရမ္းရန္ စီစဥ္ထားေၾကာင္း၊ မၾကာမီ ျဖစ္လာမည္ဟု ၎က ေျပာဆိုေၾကာင္း ဆက္ထုတ္ျပန္သည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ျမန္မာႏိုင္ငံတြင္ ေမလတတိယအပတ္တြင္ ကိုဗစ္ တတိယလႈိင္း ျဖစ္ပြားခဲ့ၿပီး စာသင္ေက်ာင္းမ်ား ဇူလိုင္လ ၈ ရက္ေန႔တြင္ပိတ္ခဲ့ရသည္။

လက္ရွိအခ်ိန္တြင္ ကိုဗစ္ပိုးလူနာ ေတြ႕ရွိမႈျမင့္တက္လ်က္ရွိၿပီး ေသဆုံးသူလည္းျမင့္တက္လ်က္ရွိေနသည္။

ျပည္သူမ်ားအေနျဖင့္ ကိုဗစ္တတိယလႈိင္းတြင္ ကိုဗစ္ေရာဂါ ျပႆနာ၊ ႏွာေခါင္းစီး(Mask) ျပႆနာ၊ ေအာက္ဆီဂ်င္ ျပႆနာမ်ားကို တေန႔တျခား ဆိုး႐ြားစြာရင္ဆိုင္ရလ်က္ ရွိသည္။

ယေန႔ည စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္မ်ားအရ ပိုးေတြ႕ရွိသူ ၄၃၀၀ ေက်ာ္ရွိၿပီး ေသဆုံးရသူ ၆၀ ေက်ာ္ရွိေၾကာင္း သိရသည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

crd

unicode

Covid – 19 တတိယလှိုင်းတွင် လိုအပ်သည့် ဆရာဝန်များအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးပြုမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က ပြောကြောင်း မြဝတီသတင်းဌာနမှ တဆင့် ပြောသည်။

လိုအပ်သည့် ဆရာဝန်များအပြင် လုပ်အားပေး ကူညီပေးမည့်သူများ Volunteer များကိုပါ နေ့စားစနစ်ဖြင့် ငှားရမ်းရန် စီစဉ်ထားကြောင်း၊ မကြာမီ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုကြောင်း ဆက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် မေလတတိယအပတ်တွင် ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများ ဇူလိုင်လ ၈ ရက်နေ့တွင်ပိတ်ခဲ့ရသည်။

လက်ရှိအချိန်တွင် ကိုဗစ်ပိုးလူနာ တွေ့ရှိမှုမြင့်တက်လျက်ရှိပြီး သေဆုံးသူလည်းမြင့်တက်လျက်ရှိနေသည်။

ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ပြဿနာ၊ နှာခေါင်းစီး(Mask) ပြဿနာ၊ အောက်ဆီဂျင် ပြဿနာများကို တနေ့တခြား ဆိုးရွားစွာရင်ဆိုင်ရလျက် ရှိသည်။

ယနေ့ည စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့ရှိသူ ၄၃၀၀ ကျော်ရှိပြီး သေဆုံးရသူ ၆၀ ကျော်ရှိကြောင်း သိရသည်။

crd

Add a Comment

Your email address will not be published. Required fields are marked *