NUG အစိုးရက မြန်မာစစ်ခေါင်းဆောင်များကို ICC တရားရုံးမှ တစ်ဆင့် အရေးယူရန် ပြင်ဆင်နေ
|အမျိုးသားညီညွတ်ရေးအစိုးရNUG က မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံ တကာရာဇဝတ်တရားရုံး ICC မှ တစ်ဆင့် အရေးယူရန်။
လိုလား ပြင်ဆင်လျက်ရှိဟု ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ Thomas H. Andrews ပြောဆိုလိုက်သည်။
နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် လက်တွဲပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်မှု အကူအညီများပေးကြရန် ကုလသမဂ္ဂ၏။
မွန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ပြောဆိုသည်။
ယမန်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြန်မာပြည်သူတွေဟာ တိုင်းပြည်ကို ကယ်ဖို့ လုပ်ဆောင်နေကြပါတယ်။ အချိန်မနှောင်းခင်မှာသူတို့တွေကို ကူညီပေးဖို့ အထူးလိုအပ်နေပါပြီ။
ွမန်မာပြည်သူများအတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့ Emergency Coalition for the People of Myanmar ကို ဖွဲ့စည်းဖို့တောာင်းဆိုပါတယ်။
တချိုနိုင်ငံတွေက မြန်မာပြည်သူတွေကို ကူညီချင်ပေမဲ့ တချို့နိုင်ငံတွေက နေနိုင်လွန်းနေတဲ့အတွက် အခုလို တောင်းဆိုတာပါ။
ခိုင်မာပြီး လက်တွဲလုပ်ဆောင်မှုတွေမရှိတဲ့ နိုင်ငံတကာအခင်းအကျဉ်းကြောင့် လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်ပျက်ခဲ့လဲဆိုတာ ။
အားလုံးအသိပါ၊ နိုင်ငံတကာက အခုပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အခြေအနေက ပိုမိုဆိုးဝါးသွားပါလိမ့်မယ်။
ွမန်မာပြည်သူဖက်က ရပ်တည်လိုတဲ့နိုင်ငံများအနေနဲ့ အဓိပ္ပာယ်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလဲရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့လိုပါတယ်။
ဒါမှသာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို တိုက်ခိုက်နေတာတွေကို လျော့ချနိုင်မှာဖြစ်တယ်။
ပြည်သူတွေရဲ့အသက်ကို ကယ်နိုင်မှာဖြစ်တယ်။ မြန်မာနိုင်ငံပ၎ငိးပက္ခကို ကောင်းမွန်စွာနဲ့ နိဂုံးချုပ်နိုင်မှာဖြစ်တယ်။” ဟု Tom Andrew က ပြောဆိုသည်။
အာဏာသိမ်းစစ်ကောင်စီonf လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စနစ်တကျချိုးဖောက်နေမှုသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ။
ရာဇဝတ်မှုမြောက်နေကြောင်းNUG အစိုးရသည် လူသားချင်းစာနာမှုအကူအညီများကို နိုင်ငံအတွင်းရောက်ရှိကူညီနိုင်ရန် ကြိုးပမ်းနေပြီ။
ICC ကိုလက်မှတ်ထိုးပြီး ချိုးဖောက်ခံပြည်သူတွေအားလုံးအတွင် တရားမျှတမှုဆောင်ကျဉ်းပေးနိုင်ဖို့ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်၏ဝင်ငွေရလမ်းတွေကို။
လျော့ချနိုင်ရေး နိုင်ငံတချို့က စစ်တပ်ခေါင်းဆောင်များနှင့်စီးပွားရေးများကို ပိတ်ဆို့ရန် အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို ပိတ်ဆို့ကြရန်။
စစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချမှုကို တားမြစ်ရန်၊ စစ်ခေါင်းဆောင်များနှင့်ရာဇဝတ်ကျုးလွန်သူများကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ပြီး ။
အချက်အလက်များ စုဆောင်းရန် NUG အစိုးရနှင့်လက်တွဲပြီး စစ်တပ်နှင့်မဆက်စပ်သည့် လူသားချင်းစာနာသည့်အကူအညီများကို။
ထောက်ပံ့ပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ တ ရားဝင်မှုကို ငြင်းဆိုရန် တို့ပါဝင်သည်။
Crd. ..