သိန်းတစ်ထောင်တန် အောက်ဆီဂျင်ဝယ်ယူဖို့ အတွက် အလှူလေးမှာ သူ ကိုယ်တိုင် သိန်း(၂၀) ပါ​​ဝင် လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ ။

ခုလို အခြေအနေတွေမှာလည်း တတ်နိုင်သလောက် သူမအနေနဲ့ လိုအပ်တဲ့နေရာတွေကို ပါဝင်လှူဒါန်းပေးနေတာတွေ့ရပါတယ် ။ အခုလည်း ပြင်ဦးလွင်မှာ သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ အတွက် အလှူလေးမှာ မေလက သိန်း (၂၀) ပါဝင်ကာ လှူဒါန်းခဲ့ကြောင်း ဝေမျှလာပါတယ် ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မေလ ချစ်ရတဲ့ ပြင်ဦးလွင်မြို့လေးမှာ လူတန်းစားမရွေး သက်တမ်းစေ့နေနိုင်ဖို့ရေးအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ မေလတတ်နိုင်သလောက် သိန်း(၂၀) တိတိ ပါဝင်လှူဒါန်းခဲ့ပါတယ် ခုလိုချိန်မှာ ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်များမေတ္တာဂရုဏာထား၍ ပါဝင်လှူဒါန်းလိုပါက မတည်အလှူရှင် သီဟဗလHotel နှင့် ဒေါကြင်မေ(ပွဲရုံ)လုပ်ငန်းရှင် အန်တီ ဒေါ်ခင်​ထွေး 09 763288484 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင် “ရေးသားဖော်ပြထားရာ မေလရဲ့ စိတ်ဓာတ်လေးကို လေးစားမိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Photo – Mayla Melody

Add a Comment

Your email address will not be published. Required fields are marked *