သူမကို ဒဲ့ဆဲနေ တဲ့ သူတွေ ကို အရှိုက် ထိသွားအောင် ထိထိမိမိ ပြန်လည်ချေပလာ တဲ့ MRTV-4 သရုပ်ဆောင် ခြူးလေး…

မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။ ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ခြူးလေးကတော့ လူမျိုးရေးကိစ္စတွေကြောင့် နွေဦးတော်လှန်ရေးတွင် လုံးဝ ဝင်မပါခဲ့ဘဲ နှုတ်ပိတ်နေထိုင်ခဲ့ပါတယ်နော်။ ပရိသတ်များကလည်း ခြူးလေးကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းကို boycott လုပ်ခဲ့တာကြောင့် တော်တော် အကြပ်ရိုက်ခဲ့ပါသေးတယ်နော်။မကြာသေးမီကတော့ သူမရဲ့ Facebookစာမျက်နှာမှာ သူမကိုဆဲတဲ့ပရိတ်သတ်တွေကို

” လူလိုနားလည်မယ်ထင်လို့ပြောလိုက်မိတာ လူကဲခတ်ညံ့သွားတယ် ဆောရီးပါနော်.. အရေးအသားရိုင်းလားဆိုတာကတော့ သိချင်ရင် စာကရှိပါသေးတယ် လူတိုင်းကို လိုက်ရှင်းမပြချင်သလို လိုလည်းမလိုအပ်ဘူးလေ ရှင်းပြတော့ရော ဘာဖြစ်လာမှာမို့လည်း ” ဟုဆိုကာ ရေးသားပြောဆိုထားတာကို တွေ့မြင်ရပါတယ်။

ဒီအရေးအသားကြောင့် ပရိတ်တွေက ပိုပြီးပွဲဆူသွားကာ ပိုမို ဆဲဆိုလာတာကြောင့် “ ကျွန်မကိုဒဲ့ဆဲထားတဲ့ အစ်ကိုကြီး၊အစ်မကြီးများ ခေတ်လည်းပြန်မကောင်းသေးပါဘူးကွယ် COVID ကလည်းအရမ်းဆိုးနေတော့ casting တွေ ဇွတ် မဝင်ကြပါနဲ့ စိတ်ပူလို့ ” ဆိုပြီး ခပ်ချေချေပြောထားပါသေးတယ် ပရိတ်သတ်ကြီးရေ..

သတင်းအရင်းမြစ်: Chue Lay’s Facebook page

Add a Comment

Your email address will not be published. Required fields are marked *