မြေဖြူကိုင်တဲ့. ဘဝကို စွန့်လွှတ်ပြီး ကွ.မ်.း.ယ.ာရောင်း ကာ ဘဝကို ရိုးသားစွာ ဖြ.တ်သန်းနေတဲ့ စီဒီအမ် ဆရာကြီး
|ဒီလိုအချိန်မှာ ပြည်သူတွေအားလုံးက ခက်ခဲနေကြတာကြောင့် CDM ဝန်ထမ်းတွေကလည်း စားဝတ်နေရေးအတွက် ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲဖြစ်တာကြောင့် လက်ရှိအခြေအနေမှာ
တတ်နိုင်တဲ့နေရာကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း CDM ဝန်ထမ်းတွေကို ပ.စ်မထားဘဲ လက်လှမ်းမှီသလောက် ကူညီပေးပြီး အားပေးနှစ်သိမ့်ပေးနေကြတာ ဖြစ်ပါတယ်။ တချို့အစိုးရဝန်ထမ်းတွေဆိုရင် ပင်စင်ယူခါနီးမှာတောင် စိတ်ဓာတ်ခိုင်ခိုင်မာမာ
နဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ကလေးတွေကို ပညာအမွေတွေပေးနေတဲ့ ဆရာကြီးတစ်ယောက်က တပည့်တွေရဲ့ အနာဂတ်အတွက် မြေဖြူကိုစွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီးကတော့ ပင်စင်ယူဖို့ အဝေးကြီးလိုသေးပေမယ့်
သတ္တိရှိရှိနဲ့ CDM လုပ်ပြီး မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက် လစာကိုမမျှော်ကိုးခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီးကတော့ ကျောင်းဆရာဘဝကို စွန့်လွှတ်ပြီးတဲ့နောက်မှာ မိသားစုစားဝတ်နေရေးအတွက် ကွမ်းယာရောင်းကာ ရိုးရိုးသားသား ရှာဖွေစားသောက်နေတာ
ဖြစ်ပါတယ်။ ဆရာကြီးက မြေဖြူကိုင်တာထက် ထုံးဖြူကိုင်ခဲ့တာကြောင့် သူ့ရဲ့တပည့်တွေကလည်း လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ ဆရာ့တပည့်လေးတွေက လမ်းပေါ်ထွက်ပြီး အာဏာရှင်ကို တွ.န်းလှ.န်နေကြချိန်မှာ ဆရာကြီးက တစ်ထောင့်တစ်နေရာကနေ
အားဖြည့်ပေးခဲ့တဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ စာကို ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးတို့လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်ကလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။