Oxygen တင်သွင်းသူတွေပေးဆောင် ရ မယ့် အခွန်(၃%) ကိုအကြွေးထားပေး မယ် လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးပြော



crd

unicode

မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်ရောဂါ တတိယလှိုင်းကူးစက်မှုများနေလို့ Oxygen Concentrator တင်သွင်းရောက်ရှိလာမယ်ဆိုရင်လည်း အကောက်ခွန်(၃) ရာခိုင်နှုန်းကို လက်ငင်း ပေးဆောင်ဖို့မလိုဘဲ အကောက်ခွန်ဦးစီးဌာနမှာ စာရင်းမှတ်ထားပြီး ပစ္စည်းကို ချက်ခြင်းထုတ်ယူနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(MIFER) ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးကသူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

” Oxygen Concentrator တင်သွင်းမှုအတွက် FDA ထောက်ခံချက် မလိုအပ်တော့ပါ၊ စီးပွား/ကူးသန်းသို့ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုပါ၊ တင်သွင်းရောက်ရှိလျှင် အကောက်ခွန် (၃% )ကို လက်ငင်းပေးဆောင်ရန်မလိုဘဲ အကောက်ခွန်ဦးစီးဌာနတွင် စာရင်းမှတ်ထားပြီး ပစ္စည်းကို ချက်ချင်းထုတ်ယူနိုင်ပါတယ်၊ ကိုဗစ်ရောဂါကူးစက်မှု ရပ်တန့်သွားရေးအတွက် မိမိကစ ကာကွယ်ကြပါ မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ကပ်ဘေးမှ အမြန်လွတ်မြောက်ပါစေ”လို့ရေးသားထားပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *