ကိုဗစ်နဲ့မသေဘဲ လိုင်းပေါ်ကတင်ထားတဲ့ ဆေးတွေသောက်ပြီး ကျောက်ကပ်ပျက်စီးကာ သေဆုံးသွား သူအကြောင်းကို ပြောပြလာတဲ့ ကျော်ထက်ဇော်

ကိုဗစ်နဲ့မသေဘဲ လိုင်းပေါ်ကတင်ထားတဲ့ ဆေးတွေသောက်ပြီး ကျောက်ကပ်ပျက်စီးကာ သေဆုံးသွားသူအကြောင်းကို ပြောပြလာတဲ့ ကျော်ထက်ဇော်မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးတို့ရေ ယခုလတ်တလောကာလမှာ ဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့

MRTV-4 မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ကျော်ထက်ဇော်ကတော့ ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ ကိုဗစ်နဲ့ မသေဘဲ လိုင်းပေါ်မှာ တင်ထားကြတဲ့ ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးသွားပြီး သေဆုံးသွားခဲ့တဲ့သူငယ်ချင်းဖြစ်သူရဲ့ မိန်းမအကြောင်းကို ယခုလိုပဲပြောပြလာခဲ့ပါတယ်။”သူငယ်ချင်းတစ်ယောက်ရဲ့ ဇနီးတော့ ကိုဗစ်နဲ့ မသေဘဲ လိုင်းပေါ်ကတင်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ ကျွန်တော့်ဆေးဆိုင်မှာ လာဝယ်တဲ့သူတိုင်းကို နေ့စဉ်ရက်ဆက် မသောက်ဖို့/အလွန်အကျွံ့

မသောက်ဖို့/ကလေးတွေကို မတိုက်ဖို့ အမြဲသတိပေးတယ်(ဒါလဲ)ဝယ်နေ၊သောက်နေကြတုန်း တကယ်ဆို ဆရာဝန်တွေရဲ့ ပြောစကားအရ Cevit၊D3နဲ့ Zincတွေက နေ့စဉ်စားသောက်တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသား အာဟာရရှိမယ့် အစားအစာစား၊အိပ်ရေးဝဝ အိပ်တာနဲ့တင် လုံလောက်နေတာ သူများပြောတိုင်း ဝယ်သောက်၊အလွန်အကျွံ့တွေဖြစ်ပြီး မသေသင့်ဘဲ သေသွားရတာတွေ လူ့ခန္ဓာကိုယ်ခုခံအား (immune)အတွက် လိုအပ်တာက တစ်နေ့ကို Cevit 200mg၊D3 500 iu၊Zinc 20mg ပဲလိုတာ အာဟာရ

ပြည့်တဲ့ အစားအစာမစားနိုင်လို့ ဆေးသောက်မယ်ဆိုရင်တောင်တစ်နေ့ကို Cevit 1000mg ထက်ပိုမသောက်သင့် BPI Cevit တစ်ပြားကို 100mg ပါတယ် Vicee/Vitacee ဆေးတွေ တစ်ပြားကို 500mg ပါတယ် D3 ကတကယ်ဆို နေပူစာ နာရီဝက်လောက်ဆေးနဲ့ပဲ ဖြည့်စည်းကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရစေပါတယ် အဲ့ဒီဆေးတွေ သောက်တဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏကိုသာ စုတ်ယူပြီး ပိုတာကို ကျောက်ကပ်က အလုပ်လုပ်ကာစွန့်ထုတ်ရလို့ကျောက်ကပ် အလုပ်ပိုလုပ်ရကာ လနဲ့ချီကြာလာတော့

ကျောက်ကပ်ပျက်စီးစေတာပါ။ ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်ထဲ (၂)လုံးပါပြီး အဲ့ဒီ(၂)လုံးစလုံးရဲ့ ၈၀% ပျက်စီးနေရင်တောင် ကိုယ်ခံအားကောင်းတဲ့လူတွေ မသိသာပါဘူး သိတဲ့အချိန်ဆို နောက်ကျသွားပါပီ ဒါကြောင့် ကျောက်ကပ်ကို ဆရာဝန်တွေက silent murderတိတ်တဆိတ် လူသတ်သမားလို့ ခေါ်ကြပါတယ်။ အချုပ်အားဖြင့် Cevit၊D3၊Zinc ဆေးဝါးတွေကို ကိုဗစ်ရန် ကာကွယ်ချင်ရင် တစ်နေ့တစ်တွဲသာ သောက်ပါ ကိုယ်ခံအားအရမ်းကောင်းချင်လို့ တအားပိုသောက်မိခဲ့ရင် ကိုဗစ်ကြောင့်မသေ ဆေးကြောင့်သေတတ်ပါကြောင်း

ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်” ဆိုပြီးတော့ ရေးသားမျှဝေထားပါတယ်။အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အသိသတိရှိစွာနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ကျန်းမာအောင်နေကြပါ ပရိသတ်ကြီးတို့ရေ။

Add a Comment

Your email address will not be published. Required fields are marked *