ကိုဗစ္ ကာလ ကိုယ္ခံအားတက္ေစၿပီး ကုန္က်စရိတ္ သက္သာေစ မယ့္ အစား အစာမ်ား

(၁) ထမင္း၊ ဆီ၊ ပဲျပဳတ္ (၁၀ သားေလာက္ ကို မိသားစု ၃ ေယာက္ ေလာက္မွ်စားရင္ အသားဓါတ္လဲ အေတာ္အသင့္ရၿပီး၊ ကုန္က်စရိတ္သက္သာေစပါတယ္)

(၂) ထမင္းဆီဆမ္း၊ ၾကက္ဥေၾကာ္

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

(၃) ထမင္းဆီဆမ္း၊ ေျမပဲေလွာ္

(၄) ေပါင္မုန႔္၊ ၾကက္ဥ

(၅) ႏြားႏို႔ ႏွင့္ ေပါင္မုန႔္

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

(၆) ပဲျပဳတ္၊ ေကာက္ညႇင္းေပါင္း

(၇) ပဲဟင္း၊ ထမင္းဆီဆမ္း

အခု ကြၽန္ေတာ္ေျပာျပထားတာ ဥပမာ သာ ျဖစ္ပါတယ္။ ဆိုလိုတာက ေရာဂါကာကြယ္ဖို႔ အတြက္ လက္ေဆး၊ mask တပ္၊ လူစုလူေဝး ေရွာင္ဖို႔ လိုသလို၊ အာဟာရျပည့္ေအာင္ စားဖို႔ ကလဲ လိုပါတယ္။

အခု လို အခ်ိန္မွာ ဝင္ေငြေတြလဲ အသီးသီး ခက္ခဲေနေတာ့ ေဈးသက္သက္သာသာ နဲ႔ အာဟာရ ျဖစ္ဖို႔လိုပါတယ္။ဒါေၾကာင့္ ေဈးသက္သာၿပီး အာဟာရျဖစ္ေစတာက ေတာ့ ၾကက္ဥ၊ ပဲ အမ်ိဳးမ်ိဳးပါပဲ။

အသားဟင္း ေနတိုင္းမခ်က္ျဖစ္ရင္ေတာင္ ပဲဟင္း ခပ္ပ်စ္ပ်စ္ နဲ႔ အ႐ြက္ေၾကာ္ တခုခု နဲ႔ ထမင္း ကို ဆီ အနည္းငယ္ေလာက္ျဖင့္ နယ္ၿပီး စားလဲ အဆင္ေျပပါတယ္။

အေရးႀကီးတာ ကေတာ့ ၿပီးၿပီးေရာ ဆိုၿပီး ငါးေျခာက္ နဲ႔ ထမင္းစားတာ၊ လက္ဖက္ ၁၀၀ တန္ အထုပ္ နဲ႔ ထမင္းစားတာထက္စာရင္ ပဲ ၅၀၀ ဖိုး ဝယ္ၿပီး ပဲဟင္းခ်က္ၿပီး တစ္အိမ္လုံးစားတာ ပိုၿပီး အာဟာရျပည့္ဝေစပါတယ္။

ေဈးႀကီးမွ အာဟာရျဖစ္တာ မဟုတ္ပါ။ ကိုယ္ႏိုင္တဲ့ ဝန္နဲ႔ အာဟာျပည့္ေအာင္ စားပါ။

ေလးစားစြာျဖင့္ ေဒါက္တာ ညီညီေက်ာ္

unicode

(၁) ထမင်း၊ ဆီ၊ ပဲပြုတ် (၁၀ သားလောက် ကို မိသားစု ၃ ယောက် လောက်မျှစားရင် အသားဓါတ်လဲ အတော်အသင့်ရပြီး၊ ကုန်ကျစရိတ်သက်သာစေပါတယ်)

(၂) ထမင်းဆီဆမ်း၊ ကြက်ဥကြော်

(၃) ထမင်းဆီဆမ်း၊ မြေပဲလှော်

(၄) ပေါင်မုန့်၊ ကြက်ဥ

(၅) နွားနို့ နှင့် ပေါင်မုန့်

(၆) ပဲပြုတ်၊ ကောက်ညှင်းပေါင်း

(၇) ပဲဟင်း၊ ထမင်းဆီဆမ်း

အခု ကျွန်တော်ပြောပြထားတာ ဥပမာ သာ ဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါကာကွယ်ဖို့ အတွက် လက်ဆေး၊ mask တပ်၊ လူစုလူဝေး ရှောင်ဖို့ လိုသလို၊ အာဟာရပြည့်အောင် စားဖို့ ကလဲ လိုပါတယ်။

အခု လို အချိန်မှာ ဝင်ငွေတွေလဲ အသီးသီး ခက်ခဲနေတော့ ဈေးသက်သက်သာသာ နဲ့ အာဟာရ ဖြစ်ဖို့လိုပါတယ်။ဒါကြောင့် ဈေးသက်သာပြီး အာဟာရဖြစ်စေတာက တော့ ကြက်ဥ၊ ပဲ အမျိုးမျိုးပါပဲ။

အသားဟင်း နေတိုင်းမချက်ဖြစ်ရင်တောင် ပဲဟင်း ခပ်ပျစ်ပျစ် နဲ့ အရွက်ကြော် တခုခု နဲ့ ထမင်း ကို ဆီ အနည်းငယ်လောက်ဖြင့် နယ်ပြီး စားလဲ အဆင်ပြေပါတယ်။

အရေးကြီးတာ ကတော့ ပြီးပြီးရော ဆိုပြီး ငါးခြောက် နဲ့ ထမင်းစားတာ၊ လက်ဖက် ၁၀၀ တန် အထုပ် နဲ့ ထမင်းစားတာထက်စာရင် ပဲ ၅၀၀ ဖိုး ဝယ်ပြီး ပဲဟင်းချက်ပြီး တစ်အိမ်လုံးစားတာ ပိုပြီး အာဟာရပြည့်ဝစေပါတယ်။

ဈေးကြီးမှ အာဟာရဖြစ်တာ မဟုတ်ပါ။ ကိုယ်နိုင်တဲ့ ဝန်နဲ့ အာဟာပြည့်အောင် စားပါ။

လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော်

Add a Comment

Your email address will not be published.