ကိုယ်တိုင်ကာကွယ်ဆေးထုတ်ဖို့ စီစဉ်နေကြောင်းမင်းအောင်လှိုင်ပြော
|မြန်မာနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖို့ ရုရှားနိုင်ငံနဲ့ ပြောဆိုထားတာရှိပြီး ဒီလထဲမှာ လာကြည့်ဖို့ ။
အစီအစဉ်ရှိတဲ့အကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ပြည်တွင်းမှာလည်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံကနေပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားမှာရှိပြီး ထုတ်ဖို့ဆိုပြီး ဆောင်ရွက်ပေးနေတာ ရှိပါတယ်။
ဒါလည်း ရုရှားနိုင်ငံမှာ ဆွေးနွေးတဲ့အခါကြတော့ မူအားဖြင့် သူတို့ သဘောတူပြီး ဖြစ်ပါတယ်။ သူတို့ သဘောတူတယ်၊ ပူးပေါင်းဆောင်ရွက်ချင်တယ်။
သူတို့ ဒီမှာ လာကြည့်ပါရစေ၊ လာကြည့်ပြီးတော့ ဘယ်လိုလုပ်မယ်ဆိုတာ သူတို့ ဆုံးဖြတ်ပါမယ် ဆိုပြီးတော့ ပြောပါတယ်။ ဒီလထဲမှာ သူတို့ လာဖို့ရှိပါတယ်။
ဒါ့အပြင် သူ့ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားထု တ် ကိုဗစ်ကာကွယ်ဆေး Sputnik V အ ရေအတွက် နှစ်သန်း အကူအညီပေးဖို့ တောင်းခံတာမှာ ။
ရုရှားဘက်ကလည်း ပေးဖို့ သဘောတူခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။
ဒါပေမယ့်လည်း ရုရှားနိုင်ငံကိုယ်တိုင်က ကာ ကွယ်ဆေး အမြောက်အမြား ထုတ်နိုင်တဲ့စွမ်းရည် မရှိတဲ့အပြင် တကမ္ဘာလုံးကို ဖြန့်နေရတဲ့အတွက်။
ခွဲပေးမှာဖြစ်ပြီးတော့ ဒီလထဲမှာ စပို့မယ်လို့ ရုရှားဘက်က ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။
အရေအတွက် ဘယ်လောက်ပေးနိုင်မယ် ဆိုတာကိုလည်း ပို့တဲ့အချိန်ကျမှသာ ပြောနိုင်မှာဖြစ်ပြီး သော င်းဂဏန်းအထက်တော့ ရှိမယ်လို့ ပြောတဲ့အ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ်လို ကူးစက်သေဆုံးသူ အရေအတွက် မြင့်တက်လာနေချိန်မှာပဲ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က အခုလိုပြောတာပါ။
ရုရှားထုတ် Sputnik V ကာကွယ်ဆေးကို စိတ်ချရတဲ့ ကာကွယ်ဆေးတခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင် အတည်ပြုထားတာ။
မရှိသေးပါဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ အပါ အဝ င် အိမ်နီးချင်း အိန္ဒိယနဲ့ အာရှနိုင်ငံတချို့မှာ ဒီဆေးကို အရေးပေါ်အသုံးပြုခွင့် ပြုထားပါတယ်။
#Crd