ချင်းပြည်နယ်က ပြည် သူတွေ Covid -19 ရောဂါ ထိန်းချုပ် ကာကွယ် ရန် အတွက် လိုအပ်တာ အဝဝကို လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ချင်းပြည်နယ်ရဲ့ တစ်ချို့နေရာတွေမှာဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားကာ အခြေအနေတွေ ဆိုးဝါးပြီး ဒေသခံတွေဟာ အဆင်မပြေမှုတွေ များစွာကို ရင်ဆိုင်နေရပါတယ် ။ ဒါ့အြပင် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းတွေလည်း အတော်လေး မြင့်မားလျက်ရှိတယ်လို့ သိရပါတယ် ။ ဝေးလံတဲ့ နေရာဒေသလေးမို့ ပြည်သူတွေကလည်း လိုအပ်တာတွေ ဝိုင်းဝန်းလှူဒါန်းလျက်ရှိပါတယ် ။

အခုလည်း ဝေဠုကျော် ဖောင်ဒေးရှင်းကနေပြီး ချင်းပြည်နယ်အတွက် ကိုဗစ် တတိယလှိုင်းမှာ ဒုတိယအကြိမ်အဖြစ် PPE ဝတ်စုံ (၅၀) ၊ပိုးသတ်ဆေး (၆ ) ပုံး ၊အပူချိန်တိုင်းစက် ၂ခု တို့အပြင် တိုက်ပွဲရှောင် ဒေသခံများအတွက် ဆေးဝါးမျိုးစုံကိုလည်း လှူဒါန်းခဲ့ကြောင်း ဖော်ပြလာပါတယ် ။

အလှူလက်ခံရရှိတဲ့ ပုံလေးတွေနဲ့ အတူ ” 11-7-2021 ချင်းပြည်နယ်သို့အလှူ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရာမှာ အသုံးပြုရန် တတိယလှိုင်း မှာ ဒုတိယအကြိမ်အဖြစ် PPE ၅၀ထည် ပိုးသတ်ဆေး ၆ပုံး အပူချိန်တိုင်းစက် ၂ခု အား၎င်း ချင်းပြည်နယ် တိုက်ပွဲရှောင်များအတွက် ဆေးဝါးမျိုးစုံ တစ်ပုံးအား၎င်း ချင်းအဖွဲ့အစည်း က ဒေါ်ချယ်ရတီထူး မှတဆင့် မျှဝေပေးပို့ လှူဒါန်းလိုက်ပါသည်။ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်နှင့်တစ်ကမ္ဘာလုံး ခံစားနေရသော ကပ်ရောဂါအပေါင်းမှ အမြန်ဆုံး ကင်းလွတ်နိုင်ကြပါစေ။ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wailu Kyaw

Add a Comment

Your email address will not be published. Required fields are marked *