အသက်ရှူကြပ်လူနာတွေကို ကားပေါ်တင်ပြီး ဆေးကုသခွင့်ရဖို့ စောင့်ဆိုင်းရင်း ဝမ်းနည်းဝမ်းသာဖြစ်ရတဲ့အကြောင်းကို ဖွင့်ဟ လိုက်တဲ့ Volunteerတစ်ဦး

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းတွေပြန်ဖြစ်နေပြီး ကူးစက်ခံရတဲ့လူနာတွေလည်းရှိသလို၊ ကိုဗစ်ကူးစက်ခံရပြီး အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုတွေအားနည်းတာကြောင့် ကိုဗစ်ဒုတိယလှိုင်းထက် အခြေအနေဆိုးရွားနေပြီး အသက်ရှူကြပ်ကာ လမ်းမတွေပေါ်လဲကျတဲ့အထိ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အခုရက်ပိုင်းတွေအတွင်း ကိုဗစ်ကူးစက်ခံရမှုတွေများလာနေသလို အသက်ရှူကြပ်ပြီး အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေလည်း တစ်ဆထက်တစ်ဆများပြားလာနေခဲ့တာဖြစ်ပါတယ်။

ယခုမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုတင်အလွတ်တစ်လုံးရဖို့အတွက် အသက်ရှူကြပ်လူနာတွေကို လူနာတင်ကားပေါ်မှာတင်ပြီး တန်းစီနေကြပါတယ်။ Volunteersတွေက သူတို့တင်ခေါ်လာတဲ့ လူနာတွေဆေးကုသခွင့်ရဖို့အတွက် နေပူမရှောင်၊မိုးရွာမရှောင်နဲ့ အချိန်အကြာကြီး စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ Volunteerတစ်ဦးက အခုလိုစောင့်ဆိုင်းရင်း ကုတင်အလွတ်တစ်လုံးရရှိသွားတဲ့လူနာတွေအတွက် ဝမ်းသာရသလို လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံးသွားတဲ့ လူနာတွေအတွက်လည်း ဝမ်းနည်းမိတဲ့အကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ပရဟိတလုပ်နေတဲ့ ပြည်သူတစ်ဦးကတော့ ” ဒီနေ့..(8.7.2021) ရန်ကုန်ဆေးရုံကြီးရှေ့ ကုတင်လွတ်စောင့်နေကြတဲ့ အရေးပေါ်အသက်ရှုကြပ်နေတဲ့လူနာတွေတင်ထားတဲ့ ပရဟိတလူနာတင်ယာဉ်တွေ မိုးထဲရေထဲ မှာ အချိန်တွေ နာရီတွေ ဘယ်လောက်ကြာကြာ PPE နဲ့ စောင့်ပေးနေကြတယ် ကုတင်တစ်လုံးလွတ်လို့ ကိုယ့်လူနာဆေးရုံထဲ ရောက်သွားရင်ပြောမပြနိုင်အောင် ဝမ်းသာမိပါတယ်ဝမ်းနည်းမိတာကတော့ တချို့လူနာတင်ယာဉ်တွေပေါ်မှာဘဲ တစ်ယောက်ပြီးတစ်ယောက်အောက်ဆီဂျင်ရှုရင်းနဲ့ ဆုံးပါးသွားတာတွေ မြင်တွေ့ရတော့..ဝမ်းနည်းခြင်းစိတ်မကောင်းဖြစ်ရပါတယ် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : Original Uploder

Add a Comment

Your email address will not be published. Required fields are marked *