ေခါင္းတစ္ျခမ္းကိုက္ သူ မ်ား သိထားသင့္ေသာ အခ်က္ အလက္မ်ား

ဦးေႏွာက္ထဲတြင္ ထူးကဲေသာ ေျပာင္းလဲမႈမ်ားေၾကာင့္ ေခါင္းတစ္ ျခမ္းကိုက္မႈ ျဖစ္ပြားသည္။ ယင္းအေျခအေနေၾကာင့္ မခံရပ္ႏုိင္ေသာ ေခါင္းကိုက္ေဝဒနာကုိ ခံစားရႏုိင္သည္။

ေခါင္းတစ္ျခမ္းကုိက္ျခင္းႏွင့္အတူ မူးေဝေအာ့အန္ျခင္းလည္း ျဖစ္ႏုိင္ကာ နာရီေပါင္းမ်ားစြာအထိ ၾကာျမင့္ႏုိင္ၿပီး တစ္ခါတစ္ရံ ရက္အနည္းငယ္အထိ ခံစားရႏုိင္သည္။

ဦးေႏွာက္ထဲတြင္ ေသြးစီးဆင္းမႈႏွင့္ အာ႐ံုေၾကာမ်ား ေခတၱအေျပာင္းအလဲျဖစ္ျခင္းေၾကာင့္ မူမမွန္ေသာ လုပ္ေဆာင္မႈမ်ား ျဖစ္ ေပၚကာ ေခါင္းတစ္ျခမ္းကုိက္ျခင္းျဖစ္သည္။

ယင္းေဝဒနာ ျဖစ္ပြားေစေသာ အေၾကာင္းရင္းမ်ားစြာရိွၿပီးဓာတ္မတည့္ျခင္း၊ အားနည္းပင္ပန္းျခင္း၊ အိပ္စက္မႈမရိွျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ စိတ္ဖိစီး၍ အစာမစားဘဲေနျခင္း၊ ေရဓာတ္ခန္းေျခာက္ျခင္း၊ အရက္ေသာက္ျခင္းႏွင့္ ေဆးဝါးမ်ား သံုးစြဲရျခင္းတို႔ေၾကာင့္ ေခါင္းတစ္ျခမ္းကုိက္ႏုိင္သည္။

အခ်ိဳ႕လူမ်ားသည္ မိသားစုရာဇဝင္၊ အသက္အရြယ္ႏွင့္ က်ား၊ မ ကြာျခားမႈ၊ ေဟာ္မုန္းေျပာင္းလဲမႈမ်ားေၾကာင့္ ေခါင္းတစ္ ျခမ္းကုိက္ေဝဒနာ ခံစားရႏုိင္သည္။

ပတ္ဝန္းက်င္ အပူခ်ိန္ျမင့္မားျခင္း၊ အလင္းေရာင္ မ်ားလြန္း ျခင္း၊ စိုုထိုင္းဆျမင့္မားျခင္းႏွင့္ ရာသီဥတုေျပာင္းလဲမႈမ်ားေၾကာင့္ လည္း ေခါင္းတစ္ျခမ္းကိုက္ႏုိင္သည္။အစာမစားဘဲေနျခင္း၊ အစာမစားဘဲ မၾကာခဏေနျခင္းႏွင့္ ခ်ိစ္၊ ေခ်ာကလက္ႏွင့္ အျခားေသာ အစားအစာအခ်ိဳ႕အပါအဝင္ က်န္းမာေရးႏွင့္မညီေသာ စားေသာက္ပံုေၾကာင့္ ေခါင္းတစ္ျခမ္း ကုိက္ႏုိင္သည္။

ယင္းေဝဒနာကုိ ကာကြယ္ေရး ျဖစ္ေပၚေစေသာ အေၾကာင္း အရင္းကုိ ေဖာ္ထုတ္ရန္ျဖစ္ၿပီး အိပ္ေရးဝဝအိပ္စက္ျခင္းျဖင့္လည္း ကာကြယ္ႏုိင္သည္။ထို႔အျပင္ ေသြးထဲရိွ သၾကားပါဝင္မႈပမာဏကုိ ထိန္းသိမ္းရန္ လိုၿပီး ေရလံုလံုေလာက္ေလာက္ေသာက္သံုးရန္ လိုအပ္သည္။

Credit: 7daydaily. com

unicode

ဦးနှောက်ထဲတွင် ထူးကဲသော ပြောင်းလဲမှုများကြောင့် ခေါင်းတစ် ခြမ်းကိုက်မှု ဖြစ်ပွားသည်။ ယင်းအခြေအနေကြောင့် မခံရပ်နိုင်သော ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့်အတူ မူးဝေအော့အန်ခြင်းလည်း ဖြစ်နိုင်ကာ နာရီပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံ ရက်အနည်းငယ်အထိ ခံစားရနိုင်သည်။

ဦးနှောက်ထဲတွင် သွေးစီးဆင်းမှုနှင့် အာရုံကြောများ ခေတ္တအပြောင်းအလဲဖြစ်ခြင်းကြောင့် မူမမှန်သော လုပ်ဆောင်မှုများ ဖြစ် ပေါ်ကာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်သည်။

ယင်းဝေဒနာ ဖြစ်ပွားစေသော အကြောင်းရင်းများစွာရှိပြီးဓာတ်မတည့်ခြင်း၊ အားနည်းပင်ပန်းခြင်း၊ အိပ်စက်မှုမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီး၍ အစာမစားဘဲနေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်သောက်ခြင်းနှင့် ဆေးဝါးများ သုံးစွဲရခြင်းတို့ကြောင့် ခေါင်းတစ်ခြမ်းကိုက်နိုင်သည်။

အချို့လူများသည် မိသားစုရာဇဝင်၊ အသက်အရွယ်နှင့် ကျား၊ မ ကွာခြားမှု၊ ဟော်မုန်းပြောင်းလဲမှုများကြောင့် ခေါင်းတစ် ခြမ်းကိုက်ဝေဒနာ ခံစားရနိုင်သည်။

ပတ်ဝန်းကျင် အပူချိန်မြင့်မားခြင်း၊ အလင်းရောင် များလွန်း ခြင်း၊ စိုထိုင်းဆမြင့်မားခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်သည်။အစာမစားဘဲနေခြင်း၊ အစာမစားဘဲ မကြာခဏနေခြင်းနှင့် ချိစ်၊ ချောကလက်နှင့် အခြားသော အစားအစာအချို့အပါအဝင် ကျန်းမာရေးနှင့်မညီသော စားသောက်ပုံကြောင့် ခေါင်းတစ်ခြမ်း ကိုက်နိုင်သည်။

ယင်းဝေဒနာကို ကာကွယ်ရေး ဖြစ်ပေါ်စေသော အကြောင်း အရင်းကို ဖော်ထုတ်ရန်ဖြစ်ပြီး အိပ်ရေးဝဝအိပ်စက်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။ထို့အပြင် သွေးထဲရှိ သကြားပါဝင်မှုပမာဏကို ထိန်းသိမ်းရန် လိုပြီး ရေလုံလုံလောက်လောက်သောက်သုံးရန် လိုအပ်သည်။

Credit: 7daydaily. com

Add a Comment

Your email address will not be published. Required fields are marked *