Covid-19 နှင့် Mask အ လွဲ များ
|ကိုဗစ် ကာကွယ်ဖို့အတွက် အရေးပါတဲ့ ကာကွယ်မှုတစ်ခု ဖြစ်တဲ့ mask တပ်တဲ့ အခါ အကောင်းဆုံး ကတော့ N95 ပါ။
ဒါပေမယ့် အခု N95 က နေရာတိုင်းမရနိုင်တဲ့ အတွက် 3 layered (ply) surgical mask (အလွှာ ၃ ထပ်ပါ နှာခေါင်းစည်း) ကလဲ အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပါတယ်။
ပိုစိတ်ချချင်ရင်တော့ face shield (မျက်နှာအကာ) ပါတပ်ပါ။
အခုတလော ဈေးကွက်ထဲ မှာ mask တချို့ ကတော့ ၃ လွှာ မဟုတ်ပဲ ၂ လွှာ နှာခေါင်းစည်းတွေ ရှိနေပါတယ်။
သူက တော့ အသက်ရှူရတာ ၃ လွှာ ထက်စာရင် ပိုကောင်း တာ ကို သိသိသာသာ တွေ့ရပါတယ်။
ဈေးလည်း ပိုသက်သာပါတယ်။
ဒါပေမယ့် ရောဂါ ကာကွယ်မှု မှာ စိုးရိမ်စရာရှိပါတယ်။
ဖုန်လောက်သာ ကာကွယ်ပေးနိုင်ပါတယ်။
သေချာအောင် ညှပ်ကြည့်ပါက အပြင် တစ်လွှာ အတွင်းတစ်လွှာ သာပါ ပါတယ်။
အလယ်တစ်လွှာမပါဝင်ပါ။
ဒါကြောင့် covid-19 ကာကွယ်ဖို့အတွက် နှာခေါင်းစည်း mask ဝယ်ရင် ၃ လွှာ ပါတဲ့ mask ကို သာ ဝယ်ကြပါရန်။
CRD မူရင်းရေးသားသူ