ကမ္ဘာတစ်ဝန်းက သူ့ပရိသတ်တွေဆီကနေ အလှူငွေတွေကောက်ခံပြီး မြန်မာပြည်အတွက် အောက်ဆီဂျင် လှူဒါန်းပေး မယ့် SINON







unicode

Sinon Loresca ဟာ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါနော်။ Sinon ကတော့ မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏဆိုသလို

အလှူအတန်းတွေလည်း လုပ်တတ်ပါသေးတယ်နော်။ လမ်းမှာတွေ့တဲ့ ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေ လုပ်တတ် တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးကြတာပါ။ အခုလည်း မြန်မာနိုင်ငံမှာ အရမ်းကိုအခက်အခဲဖြစ်နေတဲ့ အောက်ဆီဂျင်

လိုအပ်နေတဲ့ပြဿနာကို ကူညီဖြေရှင်းပေးမယ့် အကြောင်းလေး ဝေမျှလာတာပါ။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ သူရဲ့ပရိသတ်တွေဆီကနေပြီး အလှူငွေများကောက်ခံကာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့နေရာတွေကို အောက်ဆီဂျင် လှူဒါန်းပေးမယ့် အစီအစဉ်လေးပါ။

ဒီအလှူနဲ့ပတ်သက်ပြီးတော့ ကျတော်ချစ်သော မြန်မာပြည်သူပြည်သားတွေရေ အခုမြန်မာမှာဖြစ်နေတဲ့ COVID -19 THIRD WAVE ကြောင့် တော်တော်ဆိုးဆိုး ဒု.က္ခ.ရောက်နေတယ်လို့ ကျတော်ကြားသိရပါတယ်။ ဒါကြောင့် ကျတော်နောက်အပတ်ထဲမှာ

ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ ကျတော့်ပရိသတ်တွေဆီက ကျတော် အလှူငွေ ကောက်ခံပါ့မယ် ရလာတဲ့ပိုက်ဆံတွေကို မြန်မာမှာ အောက်ဆီဂျင်လိုအပ်နေတဲ့သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်ရအားတင်းထားပါအုံး မြန်မာ ပြည်ကြီးနဲ့ပြည်သူပြည်သားတွေရေ

ခင်ဗျားတို့မှာ ကျတော်ရယ် ကမ္ဘာကြီးရယ် ကျန်ပါသေးတယ် ကျတော်တို့တူတူ အခက်အခဲမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်ကြမယ် ဆိုပြီးရေးသားဖော်ပြထားရာ တကယ်ကို လေးစားစရာ ကောင်းလွန်းပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်.

Add a Comment

Your email address will not be published. Required fields are marked *