ပုသိမ်မြို့က သက်တော်ရှည် ဆရာတော်ဘုရားကြီး အရေးပေါ်အောက်စီဂျင် လိုအပ်နေတာကြောင့် အကူ အညီတောင်းခံနေ ရ

ယခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာထက်မှာဆိုရင် အောက်ဆီဂျင်ရှာနေတဲ့ ပြည်သူတွေရဲ့သတင်းတွေကိုပဲ နေရာတိုင်းမှာ တွေ့နေရတာ ဖြစ်ပါတယ်။ ကူးစက်မြန် ကိုဗစ်ရောဂါပိုးကြောင့် တစ်မိသားစုလုံး ဝေဒနာခံစားနေရတဲ့ သူတွေရှိသလို အောက်ဆီဂျင်ပြတ်လပ်ပြီး

အ.သ.က်ဆုံးရှုံးလိုက်ရတဲ့ သူတွေလည်း ရှိနေပြန်တာဖြစ်ပါတယ်။ ဒါကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေခမျာ ရနိုင်တဲ့နေရာလေးတွေကို လိုက်လံစုံစမ်းပြီး ရှာဖွေနေရတာဖြစ်ပါတယ်။ အခုလည်း ပုသိမ်မြို့ ရှိ သက်တော်ရှည် ဆရာတော်ဘုရားကြီးက

နာမကျန်းဖြစ်နေပြီး အောက်ဆီဂျင်လိုအပ်နေတာ ဖြစ်ပါတယ်။ သက်တော်ရှည် ဆရာတော်ဘုရားကြီးက ပုသိမ်မြို့၊ အမှတ် (၃) နယ်မြေ၊ ဘိုကနောင်လမ်း၊ သာသနရံသီပါဠိ တက္ကသိုလ်စာသင်တိုက်ကြီးရဲ့ ဦးစီးပဓာနနာယက ဆရာတော်တစ်ပါးပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆရာတော်ကြီးအနေနဲ့ အိပ်ရာထဲမှာလဲနေရပြီး ရှိတဲ့အောက်ဆီဂျင်နဲ့ပဲ အသက်ဆက်နေရတာလည်း ဖြစ်ပါ တယ်။ ဒါကြောင့် ရဟန်းတစ်ပါးက ဆရာတော်ရဲ့ လက်ရှိအခြေအနေကို ပြောပြပြီး လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့် အကူအညီ

တောင်းခံလာခဲ့တာပဲ ဖြစ်ပါတယ်။ စေတနာရှင် ပြည်သူတွေအနေနဲ့လည်း သက်တော်ရှည် ဆရာတော်ဘုရားကြီးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးလို့ရအောင် ပုံတွေကိုပါ ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အောက်ဆီဂျင် လိုအပ်နေတဲ့ ဆရာတော်ကြီး

အတွက် ကူညီပေးနိုင်တဲ့သူတွေရှိရင် ဖုန်းနံပါတ် -( 09 773 773 703), (09 699 003 969) ကို ဆက်သွယ်ပေးလို့လည်း ရပါတယ်။ သက်တော်ရှည် ဆရာတော်ဘုရားကြီးအတွက် အကူအညီကောင်းများ ရရှိနိုင်စေဖို့ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published.