ေလဖိအားနည္းရပ္ဝန္းအေျခအေနႏွင့္ မိုး႐ြာသြန္းႏိုင္သည့္ တိုင္းေဒသႀကီး ျပည္နယ္ မ်ား အတြက္ မိုးေလဝသခန႔္မွန္းခ်က္မ်ား

(၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ (၁၂)ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဇူလိုင္လ ၁၂ ရက္ (ယေန႔) မွာ မိုး႐ြာသြန္းႏိုင္ေသာ ေဒသမ်ား

ငါန္းဇြန္၊ ျမင္းမူ၊ ေျမာင္

ဖားကန႔္၊ က်ိဳက္လတ္၊ ေဒးဒရဲ

ေကာ့မူး၊ ကြမ္းၿခံကုန္း၊ ရန္ကုန္၊ ခရမ္း

မေကြးတိုင္းေဒသႀကီး၊ ဘိုကေလး၊ ဖ်ာပုံ အစရွိေသာေဒသမ်ားတြင္ မိုး႐ြာသြန္းႏိုင္တယ္လို မိုးေလဝသ စုစုစံမွ ခန႔္မွန္းတြက္ခ်က္ေပးထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ

ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားနည္းေနပါသည္။

ယေန႔ညေနအထိခန႔္မွန္းခ်က္။

ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္

က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္

တစ္နာရီလွ်င္ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ(၁၁)ေပခန္႔ႏွင့္ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၆)ေပမွ (၈)ေပခန္႔ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။

မုတ္သုံေလ အားအနည္းငယ္မွ အားအသင့္အတင့္ရွိမည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။

မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။

မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။

ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

Facebook Comments Box

unicode

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဇူလိုင်လ ၁၂ ရက် (ယနေ့) မှာ မိုးရွာသွန်းနိုင်သော ဒေသများ

ငါန်းဇွန်၊ မြင်းမူ၊ မြောင်

ဖားကန့်၊ ကျိုက်လတ်၊ ဒေးဒရဲ

ကော့မူး၊ ကွမ်းခြံကုန်း၊ ရန်ကုန်၊ ခရမ်း

မကွေးတိုင်းဒေသကြီး၊ ဘိုကလေး၊ ဖျာပုံ အစရှိသောဒေသများတွင် မိုးရွာသွန်းနိုင်တယ်လို မိုးလေဝသ စုစုစံမှ ခန့်မှန်းတွက်ချက်ပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော

လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ(၁၁)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။

မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။

မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Facebook Comments Box

Add a Comment

Your email address will not be published. Required fields are marked *